Main menu

Background

ထိုင်းနိုင်ငံ စတော့အိပ်ချိန်း၏ MAI ဈေးကွက်

Fri, 05/10/2024 - 15:15 -- journal_editor

MAI  ဈေးကွက်ဆိုသည်မှာMarket For Alternative Investment၏ အတိုကောက်စကားလုံးဖြစ်သည်။ ထိုင်းစတော့ အိပ်ချိန်း၏ ဒုတိယဈေးကွက်တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံ ငွေချေး သက်သေခံလက်မှတ်များ ရောင်းဝယ်ရေးဥပဒေအရ ၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၉ ခုနှစ် ဇွန်လ ၂၁ ရက် နေ့တွင် လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ခဲ့သည်။ ဤဈေးကွက် သည်  ထိုင်းနိုင်ငံအတွင်းရှိ အသေးစားနှင့် အလတ်စား ကုမ္ပဏီ များ၏ ရှယ်ယာများကို ရောင်းဝယ်ဖောက်ကားနိုင်စေရန် တည် ထောင်ပေးထားသည့် ဈေးကွက်ဖြစ်သည်။ MAI ဈေးကွက် တစ်ခုလုံးကို ထိုင်းစတော့အိပ်ချိန်းရှိ ဒါရိုက်တာအဖွဲ့၏ စီမံအုပ် ချုပ်မှု အောက်တွင် လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ပြုထားသည်။ MAI  ကော်မတီသည် စတော့များ စာရင်းဝင်ခြင်း၊ အများပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း အစရှိသည့် Front office လုပ်ငန်းများ နှင့် ဈေးကွက်တစ်ခုလုံးကို ကြီးကြပ်ကွပ်ကဲသည့် လုပ်ငန်းများကို ဆောင်ရွက်ကာBackofficeလုပ်ငန်းများဖြစ်သည့် ရောင်း ဝယ်ရေးစနစ်၊ စာရင်းရှင်းလင်းရေးစနစ်၊ ဖွင့်ဟကြေညာမှုစနစ်၊              ဈေးကွက်စုံစမ်းထောက်လှမ်းသည့်စနစ်  အစရှိသည့် လုပ်ငန်း များကိုမူ ထိုင်းစတော့အိပ်ချိန်း၏ လက်ရှိ စီမံခန့်ခွဲမှုများ အောက် တွင် ထားရှိဆောင်ရွက်သည်။ 
MAI ဖွဲ့စည်းတည်ထောင်ရခြင်း၏ရည်ရွယ်ချက်မှာ စွန့်ဦး တီထွင် လုပ်ငန်းများနှင့်  ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်း သည့် စီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးငွေလွယ်လင့်တကူ မြှင့်တင်ပေးရန်နှင့် ရင်းနှီးမြှုပ်နှံသူ ထိုင်းပြည်သူတို့အတွက် ကျယ်ပြန့်သည့် အခွင့်အလမ်းကောင်းများရရှိရန် ရည်ရွယ်သည်။ 
MAI ဈေးကွက်ကို စာရင်းဝင်ခြင်းသည် ကုမ္ပဏီတစ်ခု  အောင်မြင်တိုးတက်မှု ရရှိရေးအတွက် အရေးပါသည့် ခြေလှမ်း တစ်ခုဖြစ်ပြီး အဆိုပါ ကုမ္ပဏီကို နိုင်ငံတကာ စံများပြည့်ဝစေခြင်း၊ ယှဉ်ပြိုင်မှုစွမ်းရည် ပြည့်ဝစေခြင်း၊ ကုမ္ပဏီပုံရိပ်ကို မြင့်တက်စေ ခြင်းနှင့် စိတ်ချယုံကြည်မှုရရှိစေခြင်း၊ ဝန်ထမ်းများ၏ စိတ်ဓာတ် များ မြင့်မားစေခြင်းနှင့် ထူးချွန်သည့်  ထိပ်တန်းဝန်ထမ်းများကို ဆွဲဆောင်ထားနိုင်စေခြင်း စသည့် အခွင့်အရေးများကို ရရှိစေ မည်ဖြစ်သည်။
ကာလရှည် ငွေကြေးများ ရရှိရေးအတွက် အရင်းအမြစ်
MAIဈေးကွက်သည် စာရင်းဝင်  ကုမ္ပဏီများအတွက် ကာလရှည်  ငွေကြေးအရင်းအမြစ်များ ရရှိစေသည့် အဖိုးတန် အရင်းအမြစ်တစ်ခုဖြစ်သည်။   စတော့ဈေးကွက်မှတစ်ဆင့် ကုမ္ပဏီတစ်ခုသည် ၎င်း၏လုပ်ငန်း တိုးချဲ့ရေးစီမံချက်အတွက် လိုအပ်သည့် ငွေကြေးများကို ရယူနိုင်ကာ ယှဉ်ပြိုင်မှုစွမ်းရည်မြင့် တက်စေခြင်း (သို့မဟုတ်) ဘဏ္ဍာရေးအခြေအနေကို ခိုင်မာစေ ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေသည်။ စတော့ရှယ်ယာ များကို ထုတ်ဝေရောင်းချကာ  ရင်းနှီးငွေမြှင့်တင်ခြင်းအပြင် အခြားသော ရင်းနှီးမြှုပ်နှံမှု စာချုပ်စာတမ်းများဖြစ်သည့် ဦးစား ပေး ရှယ်ယာများ၊ ဝရန့်များ၊ ဒီဘင်ချာများ၊ စတော့အဖြစ်ပြောင်း နိုင်သည့် ဒီဘင်ချာများကိုလည်း ထုတ်ဝေရောင်းချနိုင်သည်။
ကုမ္ပဏီ၏ ပုံရိပ်ကို မြင့်တက်စေခြင်း
MAI နှင့် ထိုင်းငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီး  ကြပ်ရေးကော်မရှင်တို့၏  အနီးကပ်ကြီးကြပ်မှုကြောင့် စာရင်းဝင် ကုမ္ပဏီ၏ ပုံရိပ်ကို မြင့်တက်စေသည်။ ယေဘူယျအားဖြင့်စာရင်း ဝင်ကုမ္ပဏီများသည် ဘဏ္ဍရေး စနစ်များ ခိုင်မာတောင့်တင်းခြင်း၊ ပွင့်လင်းမြင်သာမှုနှင့် သတင်းအချက်အလက် ထုတ်ပြန်ကြေညာ မှု အဆင့်အတန်းများ မြင့်မားသည်။ ဤကဲ့သို့ အများပြည်သူတို့၏ ယုံကြည်စိတ်ချမှု   မြင့်မားလာမှုကြောင့် ကုမ္ပဏီ၏စွမ်းရည် မြင့်မားလာစေခြင်း၊ ထိုမှတစ်ဆင့် မိမိကုမ္ပဏီ၏ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု   စွမ်းရည်များ   မြင့်မားလာစေမည်ဖြစ်သည်။ ထို့ အပြင် ကုမ္ပဏီ၏ သတင်းအချက်အလက်များကို ဗြှု သတင်း ချယ်နယ်များမှတစ်ဆင့် ထုတ်ပြန်ပေးမှုကြောင့် ကုမ္ပဏီအနေနှင့်  ဈေးကွက်မြှင့်တင်ရေး ကုန်ကျစရိတ်မလိုဘဲ အလိုလို ဈေးကွက် မြှင့်တင်ပေးလျက်ရှိကာ အများပြည်သူတို့၏ ယုံကြည်မှုကို ပိုမို မြင့်တက်စေသည်။ ထို့အပြင် စာရင်းဝင်ခြင်းမရှိသည့် ကုမ္ပဏီ များထက် ပိုမိုအားသာချက်များကို ရရှိစေသည်။ 
လုပ်ငန်းကွန်ရက်
ကမ္ဘာ့စီးပွားရေးဖြစ်စဉ်ကြီး  တစ်ခုလုံးတွင် ခိုင်မာသော၊ လိုက်ဖက်ညီသော၊ မဟာဗျူဟာကျသော စီးပွားရေးမိတ်ဖက်များ စွာ ရှိသည့် ဗြှု က  လုပ်ငန်းအား ယှဉ်ပြိုင်မှုစွမ်းရည် မြင့်တက် စေမည်ဖြစ်သည်။ အများနှင့်သက်ဆိုင်သော ကုမ္ပဏီများသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်သည့်နေရာဖြစ်ခြင်း ကြောင့် အခွင့်အလမ်းများစွာ ပေါ်ပေါက်စေကာ စီးပွားရေး လုပ်ငန်းများ  တိုးချဲ့ရေးနှင့် ခေတ်မီသည့်လုပ်ငန်းများ ဖြစ်စေရေး အတွက် အထောက်အပံ့ပေးသည်။
စီမံခန့်ခွဲသူများ၏  တာဝန်ခံမှုနှင့် ကျွမ်းကျင်မှု
စီမံခန့်ခွဲရေးအဖွဲ့သည် လုပ်ငန်းဆောင်ရွက်မှု စံများကို လိုက်နာကျင့်သုံး ခြင်းဖြင့် ရှယ်ယာရှင်များသည်  ကုမ္ပဏီအပေါ် ယုံကြည်မှုရရှိစေကာ ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းကို အဆင့် တစ်ခု တွင် ရောက်ရှိစေသည်။  အများနှင့်သက်ဆိုင်သောကုမ္ပဏီ ၏ စီမံခန့်ခွဲမှုအဖွဲ့သည် ရှယ်ယာရှင်များကို အပြည့်အဝ တာဝန်ခံ  ရပြီး ရှယ်ယာရှင်များကလည်း ကုမ္ပဏီအနေနှင့် ထိရောက်စွာ ဆောင်ရွက်ခြင်း ရှိ မရှိ အပြန်အလှန် ထိန်းကျောင်းရန်လိုအပ် သည်။ သို့ဖြစ်ရာ ရှယ်ယာရှင်များအနေနှင့် ကုမ္ပဏီ၏တိုးတက်မှု များအပေါ်မှ အကျိုးကျေးဇူးများ ပြန်လည်ခံစား ရမည်ဖြစ်သည်။
ဝန်ထမ်းများ၏  စိတ်ဓာတ်ရေးရာ
နောက်ထပ် မျက်စေ့လျှမ်းနိုင်သည့်  အချက်တစ်ချက်မှာ ဝန်ထမ်းများသည် စာရင်းဝင်ကုမ္ပဏီတစ်ခု၏ ပိုင်ဆိုင်မှု အစိတ် အပိုင်းတစ်ခုအဖြစ် ဂုဏ်ယူနိုင်ခြင်းဖြစ်သည်။ ကုမ္ပဏီ အောင်မြင် ဖြစ်ထွန်းလေလေ ဝန်ထမ်း များအတွက် အကျိုးရှိလေလေဖြစ်ပြီး တစ်ဖက်တွင်လည်း ကောင်းမွန်သည့်ပုံရိပ်များကို ရရှိစေကာ အများပြည်သူတို့၏ ယုံကြည်မှုကိုလည်း ပိုမိုရရှိစေမည်ဖြစ်သည်။ ဝန်ထမ်းများကုမ္ပဏီကို ပိုမိုသစ္စာရှိစွာ ဆောင်ရွက်လေလေ ဂုဏ် သတင်း မြင့်မားပြီး ကုန်ထုတ်လုပ်မှု ပိုမိုတိုးတက်လေလေဖြစ် ပါမည်။
အမြတ်ဝေစုအပေါ် အခွန်သက်သာခွင့်
စာရင်းဝင်  ကုမ္ပဏီတစ်ခုသည် ထိုင်းဥပဒေအရ တည် ထောင်ထားသည့်   အခြားကုမ္ပဏီများ၏  ရှယ်ယာများ ဝယ်ယူ ကိုင်ဆောင်ထားမှုအပေါ်မှ ရရှိသည့် အမြတ်ဝေဝေစုအပေါ်တွင် အခွန်သက်သာခွင့်အကျိုးများကို ရရှိစေသည်။ အကျိုးတူ ရန်ပုံငွေအဖွဲ့များမှတစ်ဆင့်သော်လည်းကောင်း ၊ ကုမ္ပဏီတစ်ခုချင်း စီတွင် သော် လည်းကောင်း အမြတ်ခွဲဝေပေးသည့်ကာလမတိုင်မီ သုံးလမှ အမြတ်ဝေစုပေးပြီး သုံးလအတွင်း ဝယ်ယူထားရှိသည့် ရှယ်ယာများအပေါ် အမြတ်ဝေစု ခွဲဝေခြင်းအပေါ် အခွန်ကင်း လွတ်ခွင့်ရသည်။
ငွေဖြစ်လွယ်မှု မြင့်မားခြင်း
စတော့အိပ်ချိန်းတွင်  စာရင်းဝင်ထားသည့်  ကုမ္ပဏီ၏ ရှယ်ယာများသည် ယေဘူယျအားဖြင့် အလွယ်တကူရောင်းဝယ် နိုင်ပြီး ငွေဖြစ်မှု မြန်ဆန်သည်။ ရှယ်ယာရှင်များအနေနှင့် ဝယ်ယူ လိုသူများကို လွယ်ကူစွာ ရှာဖွေနိုင်ခြင်းကြောင့် စာရင်းဝယ်ရှယ် ယာများသည် ဈေးကွက်တွင် ပိုမိုရောင်းပန်းလှစေသည်။ ကုမ္ပဏီ ၏ဈေးကွက် တန်ဖိုးကိုအလွယ်တကူ ဆုံးဖြတ်နိုင်ပြီး စာရင်းဝင် ရှယ်ယာများသည် ဘဏ်ချေးငွေများအတွက် အပေါင်ပစ္စည်း အဖြစ် ပေးအပ်နိုင်သည်။
ရှယ်ယာရှင်များအပေါ် အကာအကွယ်ပေးခြင်း
ဗြှု သည် စတော့ရောင်းဝယ်ရေးနည်းစနစ်များကို ပြဋ္ဌာန်းခြင်း၊ စာရင်းဝင်ကုမ္ပဏီများ၏ သတင်းအချက်အလက် များကို ဖွင့်ဟကြော်ငြာစေခြင်းဖြင့်  ရင်းနှီးမြှုပ်နှံသူတို့၏ အကျိုး စီးပွားကို အကာအကွယ်ပေးသည်။  သတ်မှတ်ပြဋ္ဌာန်းထားသော စည်းမျဉ်းဥပဒေများအရ ထုတ်ပြန်သည့်သတင်းအချက်အလက် များသည် ပွင့်လင်းမြင်သာစေခြင်း၊ ပြည့်စုံလုံလောက်၍ အချိန် မဆိုင်းဘဲ ထုတ်ပြန်စေခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများအဖို့ ညီမျှသည့် သတင်းအချက်အလက်များအပေါ် ဆုံးဖြတ်ချက်များချမှတ်နိုင် မည်ဖြစ်သည်။ 
MAI ဈေးကွက် စာရင်းဝင်စံများ
ဗြှု စာရင်းဝင်ကုမ္ပဏီများသည် ထိုင်းအထူးဥပဒေအရ  တည်ထောင်ထားသည့် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီဖြစ် ရမည်ဖြစ်ပြီး ရှယ်ယာများမှာ  အခြားသူသို့ လွှဲပြောင်းပေးနိုင်သည့် နြမေနမ ှ့မေန များဖြစ်ရမည်။ ထည့်ဝင်ပြီး  မတည်ငွေရင်းမှာ  (ှုဏဥ ပြီးနောက်) ထိုင်းဘတ်သန်း ၅၀ နှင့်အထက် ရှိရပါမည်။ ရှယ်ယာတစ်စောင်၏ မူလတန်ဖိုး အနည်းဆုံး သုည ဒသမ ၅ ဘတ် ရှိရမည်ဖြစ်ပြီး ကုမ္ပဏီသက်တမ်း  အနည်းဆုံး ၂ နှစ်ရှိပြီး  လက်ရှိ အုပ်ချုပ်ရေးအဖွဲ့၏သက်တမ်းစာရင်းဝင်လျှောက်လွှာ မတင်မီ တစ်နှစ်ရှိရမည်ဖြစ်သည်။ လျှောက်လွှာတင်ချိန်တွင် အနည်းဆုံး ရှယ်ယာရှင် ၃၀ဝ ရှိရမည်ဖြစ်သည်။ 
စီမံခန့်ခွဲမှုအဖွဲ့
စီမံခန့်ခွဲမှုအဖွဲ့နှင့် ထိန်းချုပ်သူများ/စာရင်းစစ် ကော် မတီ    စီမံခန့်ခွဲမှုအဖွဲ့နှင့် ထိန်းချုပ်သူများသည် ှနဃ မှ သတ်မှတ် ပြဋ္ဌာန်းထားသည့်အရည်အချင်းများ ရှိရမည်/ စာရင်းစစ်ကော် မတီကိုလည်း ှနဃ မှ သတ်မှတ်ချက်များနှင့်အညီ ဖွဲ့စည်း ရပါ မည်။ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ်  SEC  မှသတ်မှတ်ပြဋ္ဌာန်း ထားသည့်  ကောင်းမွန်သည့်ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ်နှင့် ဌာနတွင်း ထိန်းကျောင်းသည့်စနစ်များ ရှိရမည်ဖြစ်သည်။ 
အကျိုး စီးပွား ဝိရောဓိဖြစ်စေသည့် ကိစ္စများ
ကုမ္ပဏီဒါရိုက်တာများနှင့် အကြီးအကဲများသည် အကျိုး စီးပွားချင်း ဝိရောဓိ ဖြစ်စေနိုင်သည့် မည်သည့်ကိစ္စမျိုးကိုမဆို လုပ်ဆောင်ခြင်းမပြုရပါ။ ကုမ္ပဏီ၏ သင်းဖွဲ့စည်းမျဉ်း ကုမ္ပဏီနှင့် လက်အောက်ခံ ကုမ္ပဏီများ၏ သင်းဖွဲ့စည်းမျဉ်းသည် ှနဃ သတ်မှတ်ချက်များနှင့် လိုက်လျောညီထွေ ရှိရမည်။ ဝန်ထမ်းများ ထောက်ပံ့ရန်ပုံငွေအဖွဲ့ Provident Fund   နှင့် SEC  သို့ စာရင်း ဝင်လျှောက်လွှာတင်ချိန်တွင် ထူထောင်ပြီးဖြစ်ရမည်။
Reference: www.set.org.th

 

ထွန်းသက်ထွန်း