Main menu

Background

ရွှေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 06/03/2024 - 11:33 -- journal_editor

ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၄ ခုနှစ်၊ မေ ၂၄ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၃၃၈ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ မေ ၂၉ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၃၅၃ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည်လည်း ၂၀၂၄ ခုနှစ်၊ မေ ၂၄ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၅၁၅၀ဝ၀ဝ ပေါက်ဈေးရှိခဲ့ရာမှ မေ ၂၉ရက်တွင် ကျပ် ၅၇၂၀ဝ၀ဝ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရသည်။ Trading Economics တွင် ဖော်ပြချက်အရ မြန်မာနိုင်ငံတွင်GDP သည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင်USD ၆၄ ဒသမ ၇၅ဘီလီယံရှိလာရန် မျှော်မှန်းထားကြောင်း Trading Economics global macro modelနှင့် ဆန်းစစ်လေ့လာသူများ၏ ခန့်မှန်းချက်အရ သိရပြီး Econometric Modelအရ မြန်မာနိုင်ငံ၏GDP သည် ၂၀၂၅ ခုနှစ်တွင် ှီ့ ၆၆ ဒသမ ဝ၅ ဘီလီယံနှင့် ၂၀၂၆ခုနှစ်တွင် ှီ့ ၆၇ဒသမ ၃၇ ဘီလီယံ ဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ပြည်တွင်ရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လိုအား ပြောင်းလဲမှုပေါ်လိုက်၍ ၂၀၂၄ ခုနှစ်မေ၂၃ ရက်မှ မေ ၂၉ ရက်ထိရက်သတ္တပတ်အတွင်း ၄၅၄၀-၄၅၅၀ ကျပ်ကြား ရှိနေ‌ကြောင်းသိရသည်။