Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 06/03/2024 - 11:39 -- journal_editor

၂၀၂၄ ခုနှစ် မေလ ၂၉ ရက်တွင်Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၉၈ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၄၈ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့ပြီး ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ % ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၆၄ ဖြင့်လည်းကောင်း၊ ဧည့်မထ (၅ %) တစ်တန်လျှင်အမေရိကန်ဒေါ်လာ ၆၄၉ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %)ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၁၁ ဖြင့်လည်းကောင်း၊ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၃၈ ဖြင့် လည်းကောင်း အသီးသီးဖြစ်သည်။ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ (၅ %)တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၉၂ ဖြင့် လည်းကောင်း၊ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၆ဖြင့်လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ပေါင်းဆန် (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၄၁ ဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ဆန်ဈေးနှုန်း မြင့်တက်ပြီး ပါကစ္စတန်နိုင်ငံ၏ ဆန်ဈေးနှုန်းမှာ ကျဆင်းခဲ့ကာ ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။ပြည်တွင်းဆန်ဈေးကွက်အနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀ မှ ၁၃၅၀ဝ၀ ပေါက်ဈေးရှိပြီး ရွှေဘိုပေါ်ဆန်းမှာ ဆန်(ဟောင်း) တစ်အိတ်လျှင် ကျပ် ၁၄၀ဝ၀ဝ မှ၁၆၀ဝ၀ဝ ပေါက်ဈေးရှိသည်။ ဆန်ကြမ်းဖြစ်သည့် ဧည့်မထ ၂၅မှတ်တန်ဆန် တစ်အိတ်လျှင် ကျပ် ၇၀၅၀ဝ မှ ၇၂၀ဝ၀ ကြားပေါက်ဈေးရှိပြီး ဧည့်မထ ရိုးရိုးဆန်တစ်အိတ်လျှင် ကျပ် ၇၆၀ဝ၀မှ ၇၈၀ဝ၀ ကြား ပေါက်ဈေးရှိကြောင်း သိရသည်။မြန်မာ-တရုတ် နယ်စပ်ဒေသ မူဆယ်မြို့တွင် ၂၀၂၄ ခုနှစ်၊မေလ ၂၉ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဧည့်မထဆန်တစ်အိတ်လျှင် ၂၈၉ ယွမ် ဝန်းကျင်ရှိပြီး (ပြင်ပငွေလဲနှုန်း ၁ယွမ်လျှင် ၅၈၀ ကျပ်နှုန်း ရှိသောကြောင့် ဆန်တစ်အိတ်လျှင်၁၆၀ဝ၀ဝ ကျပ်ကျော်) ပေါက်ဈေးရှိကြောင်း သိရှိရပြီး မြန်မာထိုင်းနယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၄ ခုနှစ် မေ ၂၉ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် တစ်ဘတ်လျှင် ၁၂၀ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်းသိရသည်။တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ ဧည့်မထဆန်တစ်ပြည်လျှင် ဟားခါးမြို့တွင် ကျပ် ၇၅၀ဝ ဖြင့် အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး ပဲခူးမြို့တွင် ဧည့်မထဆန် တစ်ပြည်လျှင်ကျပ် ၃၂၀ဝ ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်သည်။ Trading Economics Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ၃ ဒသမ ၄၇ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းလျက်ရှိကြောင်းသိရသည်။ ၂၀၂၄ ခုနှစ်၊ မေလ နောက်ဆုံးအပတ်တွင် နိုင်ငံတကာဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ရှိသကဲ့သို့မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်း
လဲမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။