Main menu

Background

စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက်

Mon, 06/03/2024 - 11:46 -- journal_editor

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၄ ခုနှစ်၊ မေ ၂၇ ရက် Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉ နိုင်ငံအနက် ကွန်ဂိုနိုင်ငံသည် ယခုတစ်ပတ် တွင် ၆ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်ခဲ့ပြီး မက္ကဆီကိုနိုင်ငံတွင် ၂ ဒသမ ၂၀ ရာခိုင်နှုန်း၊ အာဂျင်တီးနား နိုင်ငံတွင် ၁ ဒသမ ၃၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း သုံးနိုင်ငံရှိကြောင်း တွေ့ရ သည်။
မေ ၂၇ ရက် ဖော်ပြချက်၌ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒို နီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဂျပန်၊ အီဂျစ်၊ ပါကစ္စတန်၊ နီပေါ၊ ပီရူး၊ ဆွစ်ဇာလန်၊ ကနေဒါ၊ ဘူလ်တန်၊ ကိုလံဘီယာ၊ ဂျော်ဒန်၊ ကင်ညာ၊ နော်ဝေ၊ သီရိလင်္ကာနှင့် ဇင်ဘာဘွေ စသည့်နိုင်ငံများ အပါ အဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံတွင် ယခင်တစ်ပတ်ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်နေကြောင်း အဆိုပါ ဝက်ဘ်ဆိုဒ်အရ သိရသည်။ 
ဓာတ်ဆီဈေးနှုန်း   ကျဆင်းသွားသည့်  နိုင်ငံများအနေဖြင့် မြန်မာ၊ ထိုင်း၊ အီတလီ၊ ပြင်သစ်၊ ဂရိ၊ ပိုလန်၊ စပိန်၊ ဂျာမနီ၊ ဟန်ဂေရီ၊ ဒိန်းမတ်၊ နယ်သာလန်၊ ဆွီဒင်နှင့် ဆူရီနမ် အပါအဝင် နိုင်ငံပေါင်း ၄၁ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သူည ဒသမ ၁၀ ရာခိုင် နှုန်းမှ ၅ ဒသမ ၁၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ ရသည်။
အာဆီယံနိုင်ငံများ၏ ၂၀၂၄ ခုနှစ် မေ ၂၇ ရက် ဖော်ပြထားရှိ သည့် ဓာတ်ဆီ ဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် လျှင် မြန်မာနိုင်ငံတွင် သုည ဒသမ ၅၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတွင်  သုည ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံ နိုင်ငံများတွင်  ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်းGlobal Petrol Prices Website ၌ ဖော်ပြထားသည်။  
ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၄ ခုနှစ် မေ ၂၇ ရက်တွင် ကမ္ဘာ့ နိုင်ငံပေါင်း ၁၁၉ နိုင်ငံအနက် ကွန်ဂိုနိုင်ငံသည် ယခုတစ်ပတ်တွင် ၆ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး မက္ကဆီကိုနိုင်ငံတွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံတွင် ၁ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း လေးနိုင်ငံရှိကြောင်း  တွေ့ရသည်။
Global Petrol Prices Website ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ အီဂျစ်၊ ပီရူး၊ သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ဘူလ်တန်၊ ကနေဒါ၊ ဂျော်ဒန်၊ ကင်ညာနှင့် ဇင်ဘာဘွေ စသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၇၄ နိုင်ငံတွင် ယခင်အပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဒီဇယ်ဈေးနှုန်း တည်ငြိမ် နေကြောင်း တွေ့ရသည်။ 
ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီ ဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ်၊ မေ ၂၄ ရက်တွင် အောက်တိန်း-၉၂ တစ်လီတာလျှင် ၂၆၂၅ ကျပ်၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ၂၇၃၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၃၃၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၃၈၅ ကျပ် အသီးသီးဈေးနှုန်းများဖြင့် ရောင်းချ လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများအား လေ့လာရာတွင် ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃၈၅၀ ၊ ဒီဇယ် တစ် လီတာလျှင် ကျပ် ၃၈၀ဝ ၊ ဟားခါးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၃၂၅၅ ကျပ်၊  ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၈၆၀ ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး ရန်ကုန်မြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ၂၇၃၅ ကျပ်၊  ဒီဇယ် တစ်လီတာလျှင် ၂၃၃၅ ကျပ်၊ ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာ လျှင် ကျပ် ၂၇၄၀၊ ဒီဇယ်တစ်လီတာလျှင် ၂၃၄၅ ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရသည်။ 
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခင်တစ်ပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ၁၅ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၁၀ ကျဆင်းလျက်ရှိကြောင်းသိရသည်။