Main menu

Background

မူပိုင်ခွင့်ဆိုင်ရာ စေ့စပ်ဖြေရှင်းခြင်း (မိတ်ဆက်)

Mon, 07/01/2024 - 12:26 -- journal_editor

စေ့စပ်ဖြေရှင်းခြင်းဆိုသည်မှာ အငြင်းပွားမှုကိုအခြားနည်းဖြင့် ဖြေရှင်းခြင်း  နည်းစနစ်များထဲမှ နည်းစနစ်တစ်ခုဖြစ်ပြီး ထိရောက်သော နည်းလမ်းတစ်ခုဖြစ် သည်။  အငြင်းပွားမှုကို  အခြားနည်းဖြင့်   ဖြေရှင်းခြင်း (Alternative Dispute Resolutions-ADR  ဆိုသည်မှာ ထုံးတမ်းစဉ်လာ တရားရုံး လုပ်ထုံးလုပ်နည်းများ မှလွဲ၍ အငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းစဉ်များအားလုံးကို ရည်ညွှန်းပြီ Negotiation Conciliation/ Mediation  Mini-trial Expert Appraisal Arbitration  Early Neutral Evaluationစသည်ဖြင့် ADR အမျိုးအစားများကို ဆို သည်။ 
အငြင်းပွားမှုများကို စေ့စပ်ဖြေရှင်းခြင်း နည်းလမ်းအား အသုံးပြုခြင်းအားဖြင့် များစွာသော အကျိုးကျေးဇူးများကို ရရှိစေပြီး နှစ်ဦးနှစ်ဖက်ချစ်ကြည်စွာ ဆက် လက်  လက်တွဲဆောင်ရွက်သွားနိုင်ခြင်းသည်  စေ့စပ်ဖြေရှင်းခြင်းနည်းလမ်း၏ အဓိကကျသော အကျိုးကျေးဇူးတစ်ခုပင်ဖြစ်သည်။ စေ့စပ်ဖြေရှင်းခြင်းကို ဘီစီ ၄၅၀ဝ-၁၉၀ဝ ကပင် ဆော်လမွန်ဘုရင်က အမျိုးသမီးနှစ်ဦး၏ ကလေးပြဿနာတွင် ဖြေရှင်းခဲ့သည်ဟု သမိုင်းသုတေသီများက ပြောခဲ့ကြသည်။ ဗုဒ္ဓဘာသာ ဇာတ် တော်တွင်လည်း မဟော်သဓာ၏ သားတရားစီရင်ခန်းတွင် စေ့စပ်ဖြေရှင်းခြင်းကို အသုံးပြုခဲ့ ကြောင်း အထင်အရှားပင်ဖြစ်သည်။ နောက်ပိုင်းတွင် စေ့စပ်ဖြေရှင်း ခြင်းမှာ ပိုမိုဖွံ့ဖြိုးလာပြီး ကမ္ဘာ့နိုင်ငံများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ ကြသည်။ မြန်မာနိုင်ငံတွင် စေ့စပ်ဖြေရှင်းခြင်းအား ၂၀၂၂ ခုနှစ်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ စတင်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းမှ  တရားရုံးများ တွင် စေ့စပ်ဖြေရှင်းခြင်းစနစ်ကို စတင်ကျင့်သုံးခဲ့သည်။ တရားရုံးများတွင် တရားမ  မှုများ စွဲဆိုသည့်အခါစေ့စပ်ဖြေရှင်းခြင်းဖြင့် ဦးစွာဖြေရှင်းစေသည့် နည်းလမ်းအား ကျင့်သုံးခြင်းအားဖြင့်  အမှုများ  အချိန်တိုတွင်း မြန်မြန်ဆန်ဆန်ပြီးစီးစေခြင်း၊ တရားစွဲစရိတ် သက်သာစေခြင်း၊ အမှုအား နှစ်ဦးသဘောတူ အဆုံးသတ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိစေသည်။
မူပိုင်ခွင့်ဥပဒေများ ၂၀၂၃ ခုနှစ်တွင် စတင်အာဏာသက်ဝင်ပြီး မှတ်ပုံတင် လုပ်ငန်းများ ဆောင်ရွက်သည့်အခါ မူပိုင်ခွင့်ပိုင်ဆိုင်မှုများနှင့် စပ်လျဉ်း၍ အငြင်း ပွားမှုများပေါ်ပေါက်လာနိုင်သည်။ ထိုအခါ အငြင်းပွားမှုကို အကောင်းဆုံးဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေးသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည်။ 
မူပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုများအား တရားစွဲဆိုခြင်း၊ အနုညာတ စီရင်ဆုံး ဖြတ်ခြင်းနှင့် စေ့စပ်ဖြေရှင်းခြင်းနည်းလမ်းများဖြင့် ဖြေရှင်းခြင်းသည် ကမ္ဘာ့နိုင်ငံများ တွင် တွင်ကျယ်စွာအသုံးပြုနေသည့် နည်းလမ်းများဖြစ်သည်။ ယင်းတို့အနက် စေ့စပ်ဖြေရှင်းခြင်းသည် အထိရောက်ဆုံးနှင့် အအောင်မြင်ဆုံး နည်းလမ်းတစ်ခုဖြစ် သည်။ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ကြီး၏ စေ့စပ်ဖြေရှင်းခြင်းနှင့် အနုညာတ စီရင်ဆုံး ဖြတ်ခြင်းစင်တာ WIPO Mediation and Arbitration Center ကို ၁၉၉၄ ခုနှစ်က ပင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် တည်ထောင်ခဲ့ပြီး မူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် စေ့စပ်ဖြေရှင်းခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။ 
အဆိုပါစင်တာတွင် တီထွင်မှုမူပိုင်ခွင့်များ၊ ဆော့ဝဲလ်လိုင်စင်များ၊ ကုန် အမှတ်တံဆိပ် သဘောတူစာချုပ်များ၊ ဆေးဝါးဖြန့်ချိရေးစာချုပ်များ၊ သုတေသန ဆိုင်ရာ စာချုပ်များနှင့် အခြားအငြင်းပွားမှုများကို မူပိုင်ခွင့်ဆိုင်ရာ ကျွမ်းကျင်သူများ IP Experts) များဖြင့် စေ့စပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။  စင်ကာပူနိုင်ငံတွင် လည်း စင်ကာပူအပြည်ပြည်ဆိုင်ရာ စေ့စပ်ဖြေရှင်းရေးဌာနတွင် စေ့စပ်ဖြေရှင်းခြင်း နည်းလမ်း (Mediation)) အား အဆင့်မြှင့်တင်ပြီး Arb-Med-Arb (Arbitration-Mediation-Arbitration) စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။  အဆိုပါ စနစ်သည် အနုညာတစီရင်ဆုံးဖြတ်ချိန်တွင် စေ့စပ်ဖြေရှင်းခြင်းဖြင့်  ညှိနှိုင်းပြီး ရရှိလာသော သဘောတူညီချက်အား အနုညာတနည်းဖြင့် အတည်ပြုသည့် ဆောင်ရွက်ခြင်းပင် ဖြစ်သည်။ 
မြန်မာနိုင်ငံတွင်လည်း အနုညာတစီရင်ဆုံးဖြတ်ခြင်း နည်းလမ်းအား ၂၀၁၆ ခုနှစ် အနုညာတစီရင်ဆုံးဖြတ်ခြင်း ဥပဒေအရ လည်းကောင်း၊ တရားရုံးများတွင် စေ့စပ်ဖြေရှင်းခြင်းနည်းလမ်းအား တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၈၉-က အရ လည်း ကောင်း၊  ညှိနှိုင်းဖျန်ဖြေခြင်း နည်းလမ်းအား ၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေအရလည်းကောင်း စသည့်ဖြင့် ADR စနစ်များအား သက်ဆိုင်ရာ ဥပဒေများအလိုက် ကျင့်သုံးလျက်ရှိသည်။          မူပိုင်ခွင့်ဥပဒေများဖြစ်သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေ၊ စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေများတွင် မူပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုများကို နှစ်ဦးနှစ်ဖက် ချစ်ကြည်စွာ ညှိနှိုင်း ဖြေရှင်းခြင်းဖြင့်ဖြစ်စေ၊ အနုညာတစီရင် ဆုံးဖြတ်ခြင်းဖြင့်ဖြစ်စေ၊ တရားစွဲဆိုခြင်းဖြင့်ဖြစ်စေ ဖြေရှင်းနိုင်ကြောင်း ပြဋ္ဌာန်း ထားသည်။ ထို့အတွက် မူပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုများကို စေ့စပ်ဖြေရှင်းခြင်းနည်းလမ်းဖြင့် ဦးစွာဖြေရှင်းရန် လုပ်ငန်း စဉ်များ ဖော်ထုတ်ဆောင်ရွက်နိုင်မည်ဆိုပါက အငြင်းပွားမှုများကို အချိန်တိုအတွင်း ထိရောက်စွာ ဖြေရှင်းနိုင်ခြင်း၊ ငွေ ကုန်ကြေးကျ သက်သာစေခြင်း၊ နှစ်ဖက်လုပ်ငန်းများ၏ ရေရှည်ဆက်ဆံရေးကို ကောင်းမွန်စွာ ဆက်လက်ထိန်းသိမ်းနိုင် ခြင်း စသည့် အကျိုးကျေးဇူးများရရှိစေပြီး မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပဒေများ  အာဏာသက်ရောက်မှု၊ မူပိုင်ခွင့် အခွင့် အရေးများ ခိုင်မာအားကောင်းမှုတို့ ပိုမိုတိုးတက်လာစေမည် ဖြစ်ပါတော့သည်။

 ဥပဒေရေးရာနှင့်ကြားနာဖျန်ဖြေရေးဌာနခွဲ