Main menu

Background

ရန်ကုန်တိုင်းရွှေအသင်း ရွှေဈေးနှုန်း ကျပ် ၄၄ သိန်းကျော်တွင်ရှိနေ

Mon, 07/01/2024 - 14:34 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA) မှ ထုတ်ပြန် လျက်ရှိသည့် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သား ဈေးနှုန်းမှာ ကျပ်  ၄၄ သိန်း ကျော်တွင်ရှိပြီဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA) မှ နေ့စဉ်ရောင်းချရမည့် ရွှေဈေးနှုန်းကို တစ်နေ့သုံးကြိမ် သတင်းထုတ်ပြန်ပေးလျက်ရှိ‌ကြောင်း၊ ရွှေရောင်းချသည့်အခါတွင် သတ်မှတ်သည့် ဈေးနှုန်းအတိုင်းရောင်းချပါရန် အသိပေးထားပြီး၊ ရွှေဆိုင်များကို လည်း နေ့စဉ်ဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ကြပါရန် ပန်ကြားထားသည်။
လက်ရှိတွင် ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရွှေဈေးနှုန်း တည်ငြိမ်ရေးအတွက် ရွှေဆိုင်များအနေဖြင့် နေ့စဉ်ရွှေဆိုင်များအား ဖွင့်လှစ်ခြင်း၊ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းများကို ဆောင်ရွက်ပေးပါရန် အသိပေးအပ်ကြောင်း၊ သက်ဆိုင်ရာမှ လာရောက်စစ်ဆေး သည့်အခါတွင် ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက ထိရောက် စွာ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ွ့နဗ မှ အသိပေးထုတ်ပြန်ထားသည်။
လက်ရှိတွင် ွ့နဗ အနေဖြင့် အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းအား ကမ္ဘာ့ ရွှေဈေး၊ လိုင်စင်ရဘဏ်များ၏ ရည်ညွှန်းဈေးများဖြင့် တွက်ချက်ကာ ရည်ညွှန်းဈေး အား နေ့စဉ်ဖွင့်လှစ်ပေးလျက်ရှိသည်။