Main menu

Background

စတော့ရှယ်ယာ တန်ဖိုး ကျပ်သန်း ၆၀ဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

Mon, 07/01/2024 - 14:38 -- journal_editor

ပြီးခဲ့သည့် မေလအတွင်း စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာအရောင်း အဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၆၀ဝ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX)မှ သိရသည်။ 
အဆိုပါ ကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာ အစောင် ရေ စုစုပေါင်း ၂၃၂၄၅၄ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၆၆၃ ဒသမ ၅၃ သန်း ရှိခဲ့ခြင်းဖြစ်သည်။ 
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာ ရောင်းချနိုင်မှုအနေဖြင့်  First Myanmar Investment (FMI) က အစုရှယ်ယာ ၂၁၅၈၂စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၈၈ ဒသမ ၆၇ သန်း၊ Myanmar Thilawa SEZHolidingsPublic(MTSH)) က အစုရှယ်ယာ ၉၄၂၇၇ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၇၅ ဒသမ ၅၀ သန်း ရရှိခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB) က အစုရှယ်ယာ ၇၈၄ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၆ ဒသမ ၂၈ သန်း၊ ပထမပုဂ္ဂလိကဘဏ် (FPB)က အစုရှယ်ယာ ၈၆၇၂၅ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၃၂ ဒသမ ၃၇ သန်း ရရှိခဲ့သည်။ 
ထို့အတူTMH Telecom Public(TMH) က အစုရှယ်ယာ ၇၃၀ စောင် ရောင်း ချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၉ ဒသမ ၄၃ သန်း၊ Ever Flow  River Group Public(EFR) က အစုရှယ်ယာ ၉၅၀ဝ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၆ ဒသမ ၁၉၄  သန်း ရရှိခဲ့သည်။