Main menu

Background

ရွှေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 07/01/2024 - 14:42 -- journal_editor

ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၄ ခုနှစ် ဇွန် ၂၀ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၃၄၁ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ ဇွန် ၂၆ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၃၁၅ ဒေါ်လာ ဖြစ်ခဲ့သည်။ ပြည်တွင်း ရွှေဈေးသည်လည်း ၂၀၂၄ ခုနှစ် ဇွန် ၂၀ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၅၃၇၀ဝ၀ဝ ပေါက်ဈေးရှိခဲ့ရာမှ ၂၀၂၄ ခုနှစ် ဇွန် ၂၆ရက်တွင် ကျပ် ၅၃၅၀ဝ၀ဝ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းရွှေဈေးကွက်အတွင်းမှ သိရသည်။ မြန်မာနိုင်ငံတွင်GDP သည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင်USD၆၄ဒသမ၇၅ ဘီလီယံ ရှိလာရန် မျှော်မှန်းထားကြောင်းTrading Economics global macro model နှင့် ဆန်းစစ်လေ့လာသူများ၏  ခန့်မှန်းချက်အရ သိရသည်။ Econometric Model အရ မြန်မာနိုင်ငံ ၏GDP  သည် ၂၀၂၅ ခုနှစ်တွင်USD  ၆၆ဒသမ ဝ၅ ဘီလီယံနှင့် ၂၀၂၆ ခုနှစ်တွင်USD  ၆၇ ဒသမ ၃၇ဘီလီယံဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏စက်တင်ဘာလ အစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ပြည်တွင်းအသားတင် ထုတ်လုပ်မှု GDP) တိုးတက်မှုနှုန်းသည်၂ဒသမ ၈ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက်GDP တိုးတက်မှုနှုန်းသည် ၃ဒသမ ၂ ရာခိုင်နှုန်း ရှိလာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ယခုတစ်ပတ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ဇွန် ၂၀ ရက်မှ ၂၆ ရက်ထိတွင် အမေရိကန်
တစ်ဒေါ်လာလျှင် ကျပ် ၂၁၀ဝ ဖြစ်သည်။ အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်း (ဗဟိုဘဏ် သတ်မှတ်နှုန်းထား)မှာ တည်ငြိမ်လျက်ရှိသည်။ပြည်တွင်းရှိ ပြင်ပဒေါ်လာငွေကြေးဈေးကွက်၌ ဝယ်လိုအားပြောင်းလဲမှုပေါ်လိုက်၍ ဇွန် ၂၀ ရက်မှ ၂၆ ရက်ထိ ရက်သတ္တပတ်အတွင်း ကျပ် ၄၅၂၀-၄၅၃၀ ကြားရှိနေကြောင်း သိရသည်။