Main menu

Background

Online Trading Platform မှတစ်ဆင့် ဗဟိုဘဏ်က နိုင်ငံခြားငွေ ဒေါ်လာ ၃၆ သန်းခန့် ရောင်းချပေးနိုင်ခဲ့

Mon, 07/01/2024 - 15:19 -- journal_editor

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်  Online Trading Platform  မှတစ်ဆင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှ စတင်၍ ဇွန်လအထိ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်များ ရောင်းချပေးလျက် ရှိပြီး ဇွန်လအထိ နိုင်ငံခြားငွေပမာဏ ဒေါ်လာ ၃၆ သန်းခန့် ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။  မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် Online Trading Platform  မှတစ်ဆင့် ငါးလတာကာအတွင်း  ၁၄ ကြိမ် ရောင်း ချပေးထားပြီး စုစုပေါင်း နိုင်ငံခြားငွေပမာဏ ဒေါ်လာ ၃၆ သန်းခန့် ရောင်းချပေးနိုင်ခဲ့ခြင်းဖြစ်သည်။  အဆိုပါ Online Trading Platform  အပြင် အခြား နည်း လမ်းများဖြင့် နိုင်ငံခြားငွေများကို ရောင်းချပေးလျက်ရှိပြီး လက်ရှိအချိန်အထိ စုစုပေါင်း ဒေါ်လာ ၂၀၈ သန်းကျော်၊ ထိုင်းဘတ် ၁၅၄၉ သန်းကျော်နှင့် တရုတ်ယွမ် ၅၄ သန်းကျော် အထိ ရောင်းချပေးပြီးဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြား ငွေ ကြေးဈေးကွက်တွင် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် ဇွန် ၂၅ ရက်က ထိုင်း ဘတ် သန်း ၄၀ ရောင်းချပေးခဲ့ပြီး နိုင်ငံခြားငွေကြေးဈေးနှုန်း များ တည်ငြိမ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။