Main menu

Background

အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် မူပိုင်ခွင့်

Mon, 07/01/2024 - 15:40 -- journal_editor

နိုင်ငံတစ်နိုင်ငံ၏   စီးပွားရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားမှုသည်လည်း ကဏ္ဍအလိုက် ဆန်းသစ်တီထွင် ဖန်တီးနိုင်မှု၊ နိုင်ငံတွင်းရှိ အသေးစားနှင့်  အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှု၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်စီးဆင်းမှု များပြားလာမှုစသည့် အချက်များအပေါ်တွင် မူတည်လျက်ရှိသည်။ မူပိုင်ခွင့် (Intellectual Property) ) သည် အဆိုပါကဏ္ဍများ ဖွံ့ဖြိုးတိုး တက်စေရေးအတွက် အဓိကစီးပွားရေးကိရိယာတစ်ခု ဖြစ်လာသည်။
အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတွင် လုပ် ငန်းရှင်များ  အသုံးပြုလျက်ရှိသော အမှတ်တံဆိပ်များ၊ ထုတ်လုပ် သော ဖန်တီးမှုဒီဇိုင်းများ၊ တီထွင်ဖန်တီးမှုများနှင့် စာပေနှင့် အနု ပညာ လက်ရာများသည် မူပိုင်ခွင့် အကာအကွယ်ပေးသည့် စနစ်ဖြင့် အကာအကွယ်ရယူနိုင်မည်ဖြစ်သည်။ တက္ကသိုလ်၊ သုတေသနဌာန များမှ တီထွင်ဖန်တီးမှုများကို ဈေးကွက်တွင် ဖြန့်ဖြူးနိုင်စေရန် အတွက် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ် ဆက်ဆောင်ရွက်ခြင်းသည်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်သည့် ကမ္ဘာ့နိုင်ငံအသီးသီး၏ ကျင့်သုံးနေမှုစနစ်တစ်ရပ် ဖြစ်သည်ကို တွေ့ ရှိရသည်။ မူပိုင်ခွင့်စနစ်ဖြင့်  နည်းပညာများ လွှဲပြောင်းရယူနိုင်မည် ဖြစ်ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ မြင့်မားတိုးတက်လာစေနိုင်မည် ဖြစ် သည်။
အီလက်ထရွန်နစ်စနစ်နှင့်    လျှောက်ထားနိုင်
မြန်မာနိုင်ငံအနေဖြင့် ကုန်အမှတ်တံဆိပ်  မူပိုင်ခွင့်ဥပဒေကို ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်တွင်လည်းကောင်း၊ စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေနှင့် စာပေနှင့်  အနုပညာမူပိုင်ခွင့်ဥပဒေကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင်လည်းကောင်း အာဏာသက်ဝင်ခဲ့ပြီး ဖြစ်သည်။ မူပိုင်ခွင့်လျှောက်ထားချက်များကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ သတ်မှတ်ထားသော အီလက်ထရောနစ် စနစ်https://www.ipd.gov.mm/e-filing)မှ တစ်ဆင့်လည်းကောင်း၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ လျှောက်လွှာလက်ခံ ဌာနများမှတစ်ဆင့် လည်းကောင်း လျှောက်ထား ရမည်ဖြစ်သည်။ ကုန်အမှတ်တံဆိပ်  မူပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့် မှတ်ပုံတင်ခြင်းကို  အီလက်ထရွန်နစ် စနစ် WIPOfile)) မှတစ်ဆင့်လည်းကောင်း၊ စာပေနှင့် အနုပညာမူပိုင်ခွင့် မှတ်ပုံတင်လိုပါက အီလက်ထရောနစ် စနစ် (CRfile)မှတစ်ဆင့် လည်းကောင်း လျှောက်ထားနိုင်သည်။
မူပိုင်ခွင့်လျှောက်ထားခြင်းများကို မိမိကိုယ်တိုင်ဖြစ်စေ၊ ဦးစီး ဌာနမှ ဖွင့်လှစ်သော ကိုယ်စားလှယ်သင်တန်းအောင်လက်မှတ် ရရှိ ထားသူများမှတစ်ဆင့်ဖြစ်စေ လျှောက်ထားနိုင်သည်။ မူပိုင်ခွင့် လျှောက်ထားခြင်းအတွက် မူပိုင်ခွင့်အမျိုးအစားအလိုက် လျှောက် ထားရမည့် လျှောက်လွှာပုံစံများ၊ အခကြေးငွေများကို မူပိုင်ခွင့် ဦးစီးဌာန၏ တရားဝင်အင်တာနက်စာမျက်နှာ https://www.ipd.gov.mm/တွင် ကြည့်ရှုနိုင်မည်ဖြစ်ပြီး လျှောက်လွှာပုံစံ ဖြည့်စွက် ရမည့်  နမူနာများ၊ ကိုယ်စားလှယ်များမှတစ်ဆင့် လျှောက်ထားလို  သူများအတွက် ဦးစီးဌာနမှ ဖွင့်လှစ်သော ကိုယ်စားလှယ်သင်တန်း အောင်လက်မှတ်ရရှိပြီးသူများစာရင်း စသည်တို့ကို အများပြည်သူ ဝင်ရောက် ရယူနိုင်မည်ဖြစ်သည်။
အမှတ်တံဆိပ် Trademark) နှင့်   အကာအကွယ်ယူနိုင်မည့်   သက်တမ်း
အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတွင် လုပ် ငန်းရှင်များအနေဖြင့် မိမိတို့ စီးပွားရေးလုပ်ငန်းတွင် အသုံး ပြုလျက် ရှိသော အမှတ်တံဆိပ်များကို ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပါ မူပိုင်ခွင့်  အခွင့်အရေးများ ခံစားရယူလိုပါက ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေနှင့်အညီ  မှတ်ပုံတင်ရန် လိုအပ်မည်ဖြစ်သည်။ ထို့ အပြင်   အမှတ်တံဆိပ်မူပိုင်ခွင့်  ချိုးဖောက်ခြင်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကိုလည်း ကုန်အမှတ်တံဆိပ်  မူပိုင်ခွင့်ဥပဒေဖြင့်သာ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်သဖြင့် မူပိုင်ခွင့်ဦးစီးဌာနတွင်  ကုန် အမှတ်တံဆိပ် မူပိုင်ခွင့်မှတ်ပုံတင်ခြင်းအား ဆောင်ရွက်မှသာလျှင် မိမိတို့လုပ်ငန်းများတွင် အသုံးပြုနေသည့် အမှတ်တံဆိပ်များအတွက် ဥပဒေကြောင်းအရ ခိုင်မာသော ပိုင်ဆိုင်မှုတစ်ရပ်ကို ရရှိနိုင်မည်ဖြစ် သည်။
ကုန်အမှတ်တံဆိပ်   မူပိုင်ခွင့်ဥပဒေအရ   ကုန်အမှတ်တံဆိပ်၊ ဝန်ဆောင်မှု  အမှတ်တံဆိပ်၊ စုပေါင်းပိုင်အမှတ်တံဆိပ်နှင့် အသိ အမှတ်ပြု အမှတ်တံဆိပ်တို့ကို အကာအကွယ်  ရယူနိုင်မည်ဖြစ်ပြီး မှတ်ပုံတင်ထားသော အမှတ်တံဆိပ်၏ မှတ်ပုံတင် သက်တမ်းသည် အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားချက်တင်သွင်းသည့်နေ့မှစ၍  ၁၀ နှစ်ဖြစ်သည်။ အမှတ်တံဆိပ်မူပိုင်ခွင့် မှတ်ပုံတင် သက်တမ်းတိုး ခြင်းကို ၁၀ နှစ်လျှင် တစ်ကြိမ်စီဖြင့် အကြိမ်အရေအတွက် အကန့် အသတ်မရှိ သက်တမ်းတိုး ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ အမှတ် တံဆိပ်မူပိုင်ခွင့် ထိပါးချိုးဖောက်ခြင်းများကိုလည်း ပြစ်မှုကြောင်းနှင့် တရားမကြောင်းတို့အရ အရေးယူဆောင်ရွက်နိုင်မည်ဖြစ်သည်။
ဒေသဆိုင်ရာအညွှန်း Geographical Indications-GIs)) 
မှတ်ပုံတင်ခြင်းကိုလည်း ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ အရ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ဒေသအလိုက် ထွက် ရှိသော  ထုတ်ကုန်များ (ဥပမာ- ရွှေဘိုပေါ်ဆန်း၊ ပုဂံယွန်းထည်၊ ပုသိမ်ထီး) စသည်တို့ကို သက်ဆိုင်ရာ ထုတ်ကုန်များ စိုက်ပျိုးထုတ် လုပ်ရောင်းချသည့် အဖွဲ့အစည်းများမှ လျှောက်ထားနိုင်မည်ဖြစ်ရာ ဒေသဆိုင်ရာအညွှန်း Geographical Indications-GIs) မှတ်ပုံတင် ခြင်းကို မကြာမီကာလတွင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
စက်မှုဒီဇိုင်းမူပိုင်ခွင့် နှင့်   အကာအကွယ်ယူနိုင်မည့်  သက်တမ်း
အသေးစားနှင့်  အလတ်စားစီးပွားရေးလုပ်ငန်းများရှိ ဖန်တီး ထားသော ဒီဇိုင်းလက်ရာများကို စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေနှင့်အညီ အခွင့်အရေးများ ခံစားနိုင်စေရန် မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ပြီး မှတ်ပုံတင်ထားသော   စက်မှုဒီဇိုင်း၏   မှတ်ပုံတင်သက်တမ်းသည် လျှောက်ထားချက် တင်သွင်းသည့်နေ့မှစ၍ ငါးနှစ်ဖြစ်သည်။ သက် တမ်းကို တစ်ကြိမ်လျှင် ငါးနှစ်စီဖြင့် နှစ်ကြိမ်အထိ သက်တမ်းတိုးနိုင်ပြီး စုစုပေါင်း ၁၅ နှစ် သက်တမ်း အကာအကွယ်ရရှိမည်ဖြစ်သည်။ စက်မှု ဒီဇိုင်း တစ်ရပ်ရပ်သည် အသစ်ဖြစ်သည့်အပြင် တုပမှုကင်းစွာ ဖန်တီး ထားခြင်း ဖြစ်ရပါမည်။ စက်မှုဒီဇိုင်း မူပိုင်ခွင့် ချိုးဖောက်မှုများအား တရားမကြောင်းဖြင့် တရားစွဲဆိုနိုင်မည်ဖြစ်သည်။ 
စာပေနှင့်အနုပညာမူပိုင်ခွင့် (Copyright)နှင့် 
အကာ အကွယ် ယူနိုင်မည့်   သက်တမ်း
စာပေနှင့်  အနုပညာလက်ရာများသည် မူပိုင်ခွင့်ဦးစီးဌာနတွင် မှတ်ပုံတင်သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ အကာအကွယ် ရရှိနိုင် သော မူပိုင်ခွင့်  အမျိုးအစားတစ်ခုဖြစ်သည်။ စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေအရ စာပေ သို့မဟုတ် အနုပညာလက်ရာများအား စီးပွားရေးဆိုင်ရာ အခွင့်အရေးအတွက် အကာအကွယ်ပေးမှု သက် တမ်းမှာ ယေဘုယျအားဖြင့် မူလလက်ရာရှင် သက်ရှိထင်ရှားရှိစဉ် ကာလအပြင် ကွယ်လွန်ပြီးသည့် နှစ်မှ နှစ် ၅၀ အထိဖြစ်သည်။ ပူးတွဲ လက်ရာဖြစ်ပါက နောက်ဆုံး မူလလက်ရာရှင် သက်ရှိထင်ရှားရှိစဉ် ကာလအပြင် ကွယ်လွန်ပြီးသည့်နှစ်မှ နှစ် ၅၀၊ အရုပ် အသံ လက်ရာ သို့မဟုတ် ရုပ်ရှင်ဖန်တီးမှုလက်ရာ ဖြစ်ပါက အများပြည်သူ ရရှိခံစား နိုင်ရန် ဆောင်ရွက်ပြီးသည့်နှစ်မှ နှစ် ၅၀၊ အသုံးချ အနုပညာလက်ရာ ဖြစ်ပါက လက်ရာပြုလုပ်ပြီးသည့်နှစ်မှ ၂၅ နှစ်၊ ဖျော်ဖြေတင်ဆက် မှုဖြစ်ပါက အရုပ် အသံပေါင်းစပ် ထည့်သွင်းခြင်းပြုသည့် နှစ်မှ နှစ် ၅၀၊ ဖိုနိုဂရမ်ဖြစ်ပါက ဖိုနိုဂရမ် ထုတ်ဝေသည့် နှစ်မှ နှစ် ၅၀၊ ထုတ် လွှင့်ချက်ဖြစ်ပါက စတင်ထုတ်လွှင့်ချိန်မှစ၍ နှစ် ၂၀ အထိ ရရှိမည် ဖြစ်သည်။ စာပေနှင့် အနုပညာ မူပိုင်ခွင့်  နှင့်စပ်လျဉ်းသည့် ထိပါး ချိုးဖောက်ခြင်းများကိုလည်း ပြစ်မှုကြောင်းနှင့် တရားမကြောင်းတို့ အရ အရေးယူ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
တီထွင်မှုမူပိုင်ခွင့် Patent) နှင့်   အကာအကွယ်ယူနိုင်မည့်   သက်တမ်း
အသေးစားနှင့် အလတ်စား  စီးပွားရေးလုပ်ငန်းများ၏ ဆန်း သစ် တီထွင်ဖန်တီးမှုများကို ဥပဒေနှင့်အညီ အကာအကွယ်ရရှိလိုပါက မူပိုင်ခွင့်ဦးစီးဌာနမှာ မဖြစ်မနေ မှတ်ပုံတင်လျှောက်ထားရန် လိုအပ် မည်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံများကို လေ့လာမည်ဆိုပါ က တီထွင်မှု မူပိုင်ခွင့်အကာအကွယ် ရယူထားသည့် အရေအတွက် သည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု  တိုက်ရိုက်အချိုးကျနေ သည်ကို တွေ့ရှိရသည်။ တီထွင်မှု မူပိုင်ခွင့် အကာအကွယ်ရယူပြီး အကျိုးခံစားခွင့်များကို   ထိုက်တန်စွာ ခံစားခွင့်ရရှိစေခြင်းသည် တီထွင်ဖန်တီးလိုစိတ်များကို မြှင့်တင်ပေးနိုင်ပြီး နည်းပညာ ဖြန့်ဖြူး ရေးကိုလည်း တွန်းအားပေးစေနိုင်မည်ဖြစ်သည်။ တီထွင်မှု မူပိုင်ခွင့် သက်တမ်းသည် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက် တင်သွင်းသည့် နေ့မှ နှစ် ၂၀ ဖြစ်သည်။ တီထွင်မှုမူပိုင်ခွင့် ဥပဒေတွင် အသေးစား တီထွင် မှု မူပိုင်ခွင့်သည် ထုတ်ကုန်တစ်ခု၏ ပုံပန်းသဏ္ဌာန် သို့မဟုတ် အစိတ်အပိုင်းများ၏ ဖွဲ့စည်းတည်ဆောက်ပုံကိုလည်း အကာအကွယ် ပေးသော ဥပဒေတစ်ခုဖြစ်သည်။ ထုတ်ကုန်ဆိုင်ရာ တီထွင်မှုတစ်ခု သည် အသစ်ဖြစ်ခြင်းနှင့်  စက်မှုလက်မှုလုပ်ငန်း တစ်ရပ်ရပ်တွင် အသုံးချနိုင်ခြင်းရှိပါက အသေးစား တီထွင်မှုမူပိုင်ခွင့်ကို လျှောက် ထားနိုင်မည်ဖြစ်သည်။ အသေးစား တီထွင်မှု မူပိုင်ခွင့်သက်တမ်းသည် လျှောက်ထား သည့်နေ့ရက်မှ ၁၀နှစ် ဖြစ်သည်။  တီထွင်မှုမူပိုင်ခွင့် ချိုးဖောက်မှုများအား တရားမကြောင်းဖြင့် တရားစွဲဆိုနိုင်မည်ဖြစ် သည်။ တီထွင်မှုမူပိုင် ခွင့်မှတ်ပုံတင်ခြင်းကိုလည်း မူပိုင်ခွင့်ဦးစီးဌာန တွင် မကြာမီ လက်ခံဆောင်ရွက်သွားမည် ဖြစ်သည်။
အကျိုးကျေးဇူး
အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များအနေ ဖြင့် နိုင်ငံတော်တွင် ကျင့်သုံးဆောင်ရွက်နေသော မူပိုင်ခွင့် အကာ အကွယ်ပေးသည့်  စနစ်တွင် လိုက်ပါကျင့်သုံးနိုင်ခြင်းဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများရှိ အသုံးပြုနေသော အမှတ်တံဆိပ်များ၊ ဒီဇိုင်း လက်ရာများ၊ တီထွင်ဖန်တီးမှုများ၊ စာပေနှင့် အနုပညာ လက်ရာများ အတွက် မူပိုင်ခွင့်အခွင့်အရေးများ ပြည့်ဝစွာ ခံစားနိုင်စေခြင်း၊ မူပိုင် ခွင့်ချိုးဖောက်မှုများကိုလည်း ဥပဒေနှင့်အညီ တားဆီးနိုင်စေခြင်း၊ သုံးစွဲသူ ပြည်သူများအကြား ယုံကြည်မှု ပိုမိုရရှိစေခြင်းဖြင့် အောင် မြင်သော စီးပွားရေးလုပ်ငန်း တစ်ရပ်အဖြစ် ရပ်တည်နိုင်စေခြင်း၊ နိုင်ငံတကာသို့ တင်ပို့ရောင်းချရာတွင်လည်း မိမိနိုင်ငံတွင် မူပိုင်ခွင့် အကာအကွယ်  ရယူထားခြင်းဖြင့်  တင်ပို့မည့်နိုင်ငံတွင် မူပိုင်ခွင့် အကာအကွယ်  ရယူလိုခြင်းအတွက် အထောက်အကူတစ်ရပ် ဖြစ်စေ ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာနိုင်စေမည်ဖြစ်သည်။
ဆက်သွယ်မေးမြန်းနိုင်
မူပိုင်ခွင့်လျှောက်ထားခြင်းများအတွက် လိုအပ်သော သတင်း အချက်အလက်များကို မူပိုင်ခွင့်ဦးစီးဌာန၏ တရားဝင် အင်တာနက် စာမျက်နှာ www.ipd.gov.mmမှတစ်ဆင့် ဝင် ရောက်ကြည့်ရှုနိုင်ပြီးHelp Desk  ဖုန်းနံပါတ်များတွင် (နေပြည်တော် +၉၅ ၆၇ ၄၃၀၅၉၄၊ ရန်ကုန် ဝ၁ ၈၃၈၀၂၈၃၊ မန္တလေး ဝ၉၈၉၀၆၁၅၁၅၂) ဆက်သွယ် မေးမြန်းနိုင်ပါသည်။

 

မူပိုင်ခွင့်ဦးစီးဌာန