Main menu

Background

ဒူးရင်းသီးအကြောင်း သိကောင်းဖွယ်ရာများ

Mon, 07/01/2024 - 15:55 -- journal_editor

အသီးမှာ ဘုရင်ဟု ဆိုစမှတ်ရှိသော ဒူးရင်း သီး၏ အင်္ဂလိပ်အမည်မှာDURAIN၊ ရုက္ခဗေဒ အမည်မှာ Durio Zibethenus ၊ မျိုးရင်းအမည်မှာ Bombaceae  ဖြစ်ပြီး  မူရင်းဒေသမှာ အီကွေတာ မိုးသစ်တောဒေသများနှင့်    အရှေ့တောင်အာရှ နိုင်ငံများဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာတို့တွင် အဓိက ပေါက်ရောက်လေ့ရှိသည်။ မြန်မာပြည်တွင် မြန်မာပြည် တောင်ဘက်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီဒေသများတွင်  အကောင်းဆုံး စိုက်ပျိုး ဖြစ်ထွန်းသည့် အသီးတစ်မျိုးဖြစ်သည်။ ရန်ကုန်၊ ပဲခူး အရှေ့ခြမ်း၊  ဧရာဝတီတိုင်းဒေသကြီး တို့တွင်လည်း ယခုအခါ စီးပွားဖြစ် စိုက်ပျိုးလာကြ သည်။ 
ဒူးရင်းသီးမှာ မပြည့်ဝဆီများ ြွကယ်ဝသည့် အတွက် ကိုလက်စထရောလျှော့ချပေးနိုင်ပြီး နှလုံး ရောဂါ၊ လေဖြတ်ခြင်းများကို လျှော့ချပေးနိုင်ခြင်း၊Tryptophan  ဆိုသည့် အမိုင်နိုအက်စစ်ဓာတ်တစ်မျိုး ပါဝင်သည့်အတွက် စိတ်ပင်ပန်းမှု လျော့ကျစေခြင်း၊ ဗီတာမင်စီ၊ ပိုတက်စီယမ်၊ အမျှင်ဓာတ်များနှင့် ဗီတာမင်B1 B3  တို့ပါဝင်သည့်အတွက် ကိုယ်ခံအား စနစ်ကို အထာက်အပံ့ဖြစ်စေခြင်း၊ ဆားနှင့်ရေ ဓာတ်များကို ထိန်းညှိပေးမှုအား  အကူအညီပေး ခြင်း၊ အစာခြေမှုကို အထောက်အပံ့ဖြစ်စေသည့် အပြင် ခန္ဓ္ဓာကိုယ်အတွက်လိုအပ်သော  အာဟာရ ဓာတ်များစွာ ရရှိစေသည်။ ဒူးရင်းသီးမှာ ခန္ဓာကိုယ် အတွက် ကောင်းကျိုးများ ပေးစွမ်းနိုင်သော်လည်း ၎င်းမှရရှိသော ဆိုးကျိုးများလည်းရှိသည်။ ကယ်လို ရီ ပါဝင်မှုမြင့်မားခြင်း၊ သကြားဓာတ်ပါဝင်မှု မြင့် မားခြင်းကြောင့် ဆီးချို၊  သွေးချို အခံရှိသူများ အများအပြားစားမိလျှင် သွေးတွင်းသကြားဓာတ် မြင့်တက်မှုများ ဖြစ်ပေါ်စေနိုင်ခြင်း၊ ဒူးရင်းသီးမှာ အပူစာသီး အုပ်စုများ၌ ပါဝင်ပြီး အများအပြား စားမိပါက   လည်ချောင်းနာ၊ ခံတွင်းနာခြင်းနှင့် ဝမ်းချုပ်ခြင်းနှင့် သလိပ်ထခြင်းများကို  ဖြစ်ပေါ် စေနိုင်သည်။
ဒူးရင်းသီးသည် ခန္ဓာကိုယ်အတွက် အသုံး ဝင်ပြီး လိုအပ်သော အာဟာရများပါရှိပြီး ဆိုးကျိုး များမှာလည်း ဒွန်တွဲပါဝင်လျက်ရှိသဖြင့် ထိုက် သင့်မျှတသော  စားသုံးမှုမှသာလျှင် ခန္ဓ္ဓာကိုယ် အတွက် လိုအပ်သော အာဟာရဓာတ်များကို ကောင်းစွာရရှိနိုင်မည်ဖြစ်သည်။
မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်လတို့မှာ ဒူးရင်းသီး များထွက်ရှိသော အချိန်ဖြစ်ပြီး လှိုင်လှိုင်ပေါများ စွာထွက်ရှိသည်။
ဇွန်လ နောက်ဆုံးပတ်တွင် ထားဝယ် ဒူးရင်း သီးဈေးကွက်မှာ ဒေသထွက် အလုံးကြီး တစ်လုံး လျှင် ၅၀ဝ၀-၆၀ဝ၀-၇၀ဝ၀၊ အလတ် ကျပ် ၃၀ဝ၀-၃၅၀ဝ နှင့် အသေး ကျပ် ၁၅၀ဝ-၂၀ဝ၀-၂၅၀ဝ ခန့် အသီးသီးရှိကြောင်း သိရသည်။

 

မောင်ထက်ဝင်း (ထားဝယ်)