Main menu

Background

ရွှေဈေးနှုန်း ကျပ် ၄၆ သိန်းကျော်တွင်ရှိနေ

Tue, 08/06/2024 - 13:29 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA မှ ထုတ်ပြန်လျက် ရှိသည့် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားဈေးနှုန်းမှာ ယခုတစ်ပတ်အတွင်း ကျပ် ၄၆ သိန်းကျော်တွင်ရှိပြီဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။ YGEA မှ နေ့စဉ်ရောင်းချရမည့် ရွှေဈေးနှုန်းကို တစ်နေ့သုံးကြိမ် ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ရွှေရောင်းချသည့်အခါတွင် သတ်မှတ်သည့် ဈေးနှုန်းအတိုင်း ရောင်းချပါရန် အသိ ပေးထားပြီး ရွှေဆိုင်များကိုလည်း နေ့စဉ်ဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ပါရန် ပန်ကြားထားသည်။
လက်ရှိတွင် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာဌာနများအနေဖြင့် ကြပ်မတ်ထိန်းသိမ်းဆောင် ရွက်လျက်ရှိကြောင်း၊ ရွှေဈေးနှုန်းတည်ငြိမ်စေရေးအတွက် ရွှေဆိုင်များအနေဖြင့် နေ့စဉ်ရွှေဆိုင်များအား ဖွင့်လှစ်ခြင်း၊ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းများကို ဆောင်ရွက်ပေးပါရန် အသိပေးအပ်ကြောင်း၊ သက်ဆိုင်ရာမှ လာရောက်စစ်ဆေး သည့်အခါတွင်  ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက် စွာ အရေးယူမည်ဖြစ်ကြောင်းYGEA  မှ အသိပေး ထုတ်ပြန်ထားသည်။
လက်ရှိတွင်YGEA  အနေဖြင့် အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းအား ကမ္ဘာ့ ရွှေဈေး၊ လိုင်စင်ရဘဏ်များဖြင့် ရည်ညွှန်းဈေးများဖြင့် တွက်ချက်ကာ ရည်ညွှန်းဈေး အား နေ့စဉ်ဖွင့်လှစ်ပေးလျက်ရှိသည်။ 

ကိုတိုး