Main menu

Background

ရွှေနှင့်အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းပြည်တွင်းဈေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေ

Tue, 08/06/2024 - 14:00 -- journal_editor

ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေး သည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရ သည်။ ကမ္ဘာ့ရွှေဈေးသည် ဇူလိုင် ၂၅ ရက်တွင် ရွှေတစ်အောင်စ လျှင် အမေရိကန်ဒေါ်လာ ၂၃၇၅ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ ဇူလိုင် ၃၁ ရက်တွင် ရွှေ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၄၁၇ ဒေါ်လာဖြစ်ခဲ့ပြီး ပြည်တွင်းရွှေဈေးသည်လည်း ဇူလိုင် ၂၅ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင်  ကျပ် ၅၉၄၀ဝ၀ဝ ပေါက်ဈေးရှိခဲ့ရာမှ ဇူလိုင် ၃၁ ရက်တွင်  ကျပ် ၆၅၅၀ဝ၀ဝ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရ သည်။
မြန်မာနိုင်ငံတွင် ွီဏ သည် ၂၀၂၄ ခုနှစ်  နှစ်ကုန်တွင် ှီ့ ၆၄ဒသမ ၇၅ ဘီလီယံ ရှိလာရန် မျှော်မှန်းထားကြောင်းTrading Economics global macro model နှင့် ဆန်းစစ်လေ့လာ သူများ၏ ခန့်မှန်းချက်အရ သိရှိရသည်။  Econometric Model  အရ မြန်မာနိုင်ငံ၏ GDP သည် ၂၀၂၅ ခုနှစ်တွင် ှီ့ ၆၆ ဒသမ ဝ၅ ဘီလီယံနှင့် ၂၀၂၆ ခုနှစ်တွင် ှီ့ ၆၇ ဒသမ ၃၇ ဘီလီယံ ဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
၂၀၂၃ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)) ၏ စက်တင်ဘာလ အစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှု GDP)) တိုးတက်မှုနှုန်းသည် ၂ဒသမ ၈ ရာခိုင်နှုန်း ဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက်GDP) တိုးတက် မှုနှုန်းသည် ၃ဒသမ ၂ ရာခိုင်နှုန်း ရှိလာမည်ဖြစ်သည်။ 
၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၅ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ရက်အလိုက် ဖြစ်ပေါ်ပြောင်းလဲခဲ့သော အမေရိကန်တစ်ဒေါ်လာ နှင့် ညီမျှသော နိုင်ငံတကာငွေလဲလှယ်နှုန်းများကို တစ်ဖက်ပါ ဇယားဖြင့် ဖော်ပြအပ်ပါသည်။
ယခုတစ်ပတ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန် ချက်အရ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်ထိတွင် အမေ ရိကန် တစ်ဒေါ်လာလျှင်  ကျပ် ၂၁၀ဝ  ဖြစ်ပြီး အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း (ဗဟိုဘဏ်သတ်မှတ်နှုန်းထား)မှာ တည်ငြိမ် လျက်ရှိသည်။
ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လိုအား ပြောင်းလဲမှုပေါ်လိုက်၍ ဇူလိုင် ၂၅ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ရက် သတ္တပတ်အတွင်း ၅၃၉၀-၅၄၀ဝ ကျပ်ကြားရှိနေကြောင်း သိရသည်။