ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ဇူလိုင် ၃၁ ရက် တွင်Thai Rice Exporter Association Website တွင် ဖော်ပြချက် အရ ပါကစ္စတန် ဆန်ဈေးနှုန်းများ မှာ ဧည့်မထ (၅ ရာခိုင်နှုန်း ) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇၈ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၄၄ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့ပြီး ထိုင်းဆန်ဈေးနှုန်းများမှာ (၁၀ဝ ရာခိုင်နှုန်း ) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၇ ဖြင့်လည်းကောင်း၊ ဧည့်မထ (၅ ရာခိုင်နှုန်း ) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၉၃ ဖြင့်လည်းကောင်း၊ ဧည့်မထ(၂၅ ရာခိုင် နှုန်း ) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၀ ဖြင့် လည်း ကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၉၆ ဖြင့် လည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ (၅ ရာခိုင် နှုန်း ) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ ရာခိုင်နှုန်း ) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၉ ဖြင့်လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ပေါင်းဆန် (၅ ရာခိုင်နှုန်း ) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၄၀ ဖြင့် လည်း ကောင်း အသီးသီးရှိခဲ့ပြီး Thai Rice Exporter Association တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်းဆန်၊ ဧည့်မထ ၂၅ ရာခိုင် နှုန်း ဆန်ဈေးနှုန်းများမှာ အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။
ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုမှ လုံလောက် စွာ ဖြည့် ဆည်းပေးနိုင်မှုမရှိပါက ၂၀၂၄ခုနှစ်အတွင်း ဆန်တန်ချိန် ၄ ဒသမ ၃ သန်းအထိ တင်သွင်းရနိုင်ကြောင်း၊ အင်ဒိုနီးရှား အစိုးရသည် ယခုနှစ်တွင် ဆန်တန်ချိန် ၃ ဒသမ ၆ သန်းကို တင်သွင်းရန် စီစဉ် ထားရှိပြီး ဇန်နဝါရီလမှ မေလအတွင်း တန်ချိန် ၂ ဒသမ၂၂ သန်း ကို တင်သွင်းခဲ့ပြီး ဖြစ်ကြောင်း၊ မိုးခေါင်ခြောက်သွေ့မှု၊ ရေကြီးမှုနှင့် ပိုးမွှားအန္တရာယ်တို့ကြောင့် သီးနှံရိတ်သိမ်းမှုကို ထိခိုက်မှုရှိမှသာ နောက်ထပ်တိုးမြှင့် တင်သွင်းရန် လိုအပ်မည်ဖြစ်ကြောင်း သိရ သည်။
ပြည်တွင်းဆန်ဈေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ မှ ၁၂၀ဝ၀ဝ ပေါက်ဈေး ရှိပြီး ရွှေဘိုပေါ်ဆန်းမှာ ဆန်(ဟောင်း) တစ်အိတ်လျှင် ကျပ် ၁၃၅၀ဝ၀ မှ ၁၄၅၀ဝ၀ ပေါက်ဈေးရှိသည်။ ဆန်ကြမ်းဖြစ်သည့် ဧည့်မထ ၂၅ မှတ်တန်ဆန်တစ်အိတ်လျှင် ကျပ် ၆၈၀ဝ၀ မှ ၇၀ဝ၀ဝ ကြား ပေါက်ဈေးရှိပြီး ငစိန်ဆန် တစ်အိတ်လျှင် ကျပ် ၇၁၀ဝ၀ မှ ၇၃၀ဝ၀ ကြား ပေါက်ဈေးရှိကြောင်း သိရသည်။
ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဆန်၊ ဆန်ကွဲ တင်ပို့ နိုင်မှု တန်ချိန် ၂၅၀ဝ၀ဝ ကျော်ပိုမိုခဲ့ပြီး ယခုတစ်ပတ်တွင် ဧည့်မထ ဆန်၊ ပေါင်းဆန်နှင့် ပေါ်ဆန်းဆန် အမျိုးအစားတို့ တင်ပို့ခဲ့ပြီး ဆန်အမျိုးအစားများ၏ ပြည်ပပို့ကုန် ဆန်ဈေးနှုန်းတွင်လည်း ယခင်နှစ်ကာလတူ ဇူလိုင်လကုန်ထက် ၂၀ ရာခိုင်နှုန်းခန့် ပိုမိုရရှိ သဖြင့် ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှာ တန်ဖိုးအားဖြင့် ကာလတူထက် အမေရိကန်ဒေါ်လာ ၁၅၂ သန်းကျော် ပိုမိုရရှိခဲ့သည်။
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ဇူလိုင် ၃၁ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဧည့်မထ ဆန် တစ်အိတ်လျှင် ၂၈၉ ယွမ်ဝန်းကျင်ရှိပြီး ( ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင် ၆၂၅ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ်အိတ်လျှင် ကျပ် ၁၈၀ဝ၀ဝ ကျော်ပေါက်ဈေးရှိကြောင်း သိရသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ဇူလိုင် ၃၁ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်း အနေဖြင့် တစ်ဘတ်လျှင် ကျပ် ၁၄၀ နှုန်း ပေါက်ဈေးရှိကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ် ပေါ်နေသော ဧည့်မထဆန် ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် ကျိုင်းတုံမြို့တွင် ကျပ် ၄၃၀ဝ ဖြင့် အမြင့်ဆုံးဈေးနှုန်းဖြစ်ပေါ်ခဲ့ပြီး ပဲခူးမြို့တွင် ဧည့်မထဆန် တစ် ပြည်လျှင် ကျပ် ၃၀ဝ၀ ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည် ကို သိရသည်။
Trading Economics Website တွင် ဖော်ပြချက်အရ ယခု တစ်ပတ်တွင် ကမ္ဘာ့ဆန် ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် ပါက ၁ ဒသမ ၂၀ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရပြီး ၂၀၂၄ ခုနှစ် သြဂုတ်လ လဆန်းပိုင်းတွင် နိုင်ငံတကာ ဆန် ဈေးနှုန်းများ အတက် /အကျ ပြောင်းလဲမှုများ ရှိသကဲ့သို့ မြန်မာ နိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲ မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။