Main menu

Background

စက်သုံးဆီ(ဓာတ်ဆီ၊ ဒီဇယ်ဆီ) ပြည်တွင်းဈေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေ

Tue, 08/06/2024 - 14:06 -- journal_editor

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အနေဖြင့် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၄ ခုနှစ် ဇူလိုင် ၂၉ ရက် ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၃၁ နိုင်ငံ အနက် ပါရာဂွေးနိုင်ငံသည် ယခုတစ်ပတ်တွင် ၄ ဒသမ ၄၀ ရာခိုင် နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး ဖင်လန်နိုင်ငံ တွင် ၂ ဒသမ ၈၀ ရာခိုင်နှုန်း၊ ဘရာဇီးလ်နိုင်ငံတွင် ၂ဒသမ ၇၀ ရာခိုင်နှုန်းနှင့် အဲဆာဗေးဒိုးနိုင်ငံတွင် ၁ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ခြောက်နိုင်ငံရှိကြောင်း သိရသည်။
ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန ၏ ဇူလိုင်၂၉ ရက် ဖော်ပြချက်၌  ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊  လာအို၊ မလေးရှား၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ ဟောင်ကောင်၊ ပါကစ္စတန်၊ နီပေါ၊ ကနေဒါ၊ ဘူလ်တန်၊ ကိုလံဘီယာ၊ ဂျော်ဒန်၊ ကင်ညာ၊ မက္ကဆီကို၊ နော်ဝေး၊ သီရိ လင်္ကာနှင့် ဇင်ဘာဘွေ စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၇၉ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည် ငြိမ်နေကြောင်း သိရသည်။ 
ဓာတ်ဆီဈေးနှုန်း  ကျဆင်းသွားသည့်   နိုင်ငံများအနေဖြင့် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဂျပန်၊ ပီရူး၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ ဂျာမနီ၊ ဒိန်းမတ်၊ အီတလီ၊ ဘယ်လ်ဂျီယံ နှင့် နိုင်ဂျီးရီးယား အပါအဝင် နိုင်ငံပေါင်း ၄၆ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်း  မှ ၂ ဒသမ ၅၀ ရာခိုင်နှုန်း   ထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရသည်။
အာဆီယံနိုင်ငံများ၏ ဇူလိုင် ၂၉ ရက်  ဓာတ်ဆီဈေးနှုန်းများ အနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင်၁ ဒသမ ၉၀ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံတွင် ၁ ဒသမ ၇၀ ရာခိုင်နှုန်း၊ ကမ္ဘော ဒီးယားနိုင်ငံတွင်  ၁ ဒသမ ဝ၀ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံတွင် သုည ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံ များတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း အဆိုပါ ဝက်ဘ်ဆိုဒ်၌ ဖော်ပြထားသည်။ 
ဒီဇယ်ဆီဈေးနှုန်းသည် ဇူလိုင် ၂၉ ရက် ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၃၁ နိုင်ငံအနက် နိုင်ဂျီးရီးယားနိုင်ငံသည် ယခုတစ်ပတ်တွင် ၄ ဒသမ၂၀ ရာခိုင်နှုန်း  ဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး ဖင်လန်နိုင်ငံတွင်  ၂ ဒသမ ၇၀ ရာခိုင်နှုန်း ၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁ ဒသမ ၇၀ ရာခိုင်နှုန်း နှင့် ထိုင်ဝမ်တွင် ၁ ဒသမ ၁၀ ရာခိုင်နှုန်း ဖြင့် ဈေးနှုန်း မြင့်တက်ခဲ့ပြီး  မြင့်တက်ခဲ့သည့်  နိုင်ငံပေါင်း လေးနိုင်ငံသာရှိကြောင်း သိရသည်။
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တရုတ်၊ ဂျပန်၊ ပိုလန်၊ ကနေဒါ၊ ဂျာမနီ၊ နယ်သာလန်၊ ဒိန်းမတ်၊ ဂရိ၊ အီတလီနှင့် ပြင်သစ် စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၄၈ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်း) မှ ၃ ဒသမ ၅၀ ရာခိုင်နှုန်းအထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရသည်။ 
ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံး ဆီဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် သြဂုတ် ၁ ရက်တွင် အောက်တိန်း- ၉၂ တစ်လီတာလျှင် ကျပ် ၂၆၃၀၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ကျပ် ၂၇၅၀၊  ဒီဇယ်တစ်လီတာလျှင် ၂၃၆၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၂၇၇၀ အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချ လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့်  ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၄၂၀ဝ၊ ဒီဇယ် တစ် လီတာလျှင် ကျပ် ၄၀၅၀၊ မြိတ်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃၅၂၀၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၃၅၃၀ ဖြင့် အမြင့်ဆုံး ဖြစ်ပေါ် နေပြီး ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၂၇၆၀၊ ဒီဇယ် တစ်လီတာလျှင် ၂၃၇၅ ကျပ်၊ ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ်လီတာ လျှင် ကျပ် ၂၇၅၀၊ ဒီဇယ် တစ်လီတာလျှင် ၂၃၆၅ ကျပ်ဖြင့် အနည်း ဆုံး ဖြစ်ပေါ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ ပြည်တွင်းစက်သုံးဆီဈေး နှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခင်တစ်ပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ၅၅ ကျပ်နှင့် ဒီဇယ် တစ်လီတာလျှင် ၅၀ ကျပ် ကျဆင်းလျက်ရှိကြောင်း သိရသည်။