Main menu

Background

စာပေနှင့် အနုပညာလက်ရာများ မှတ်ပုံတင်ခြင်းနှင့် အခွင့်အရေးများ

Tue, 08/06/2024 - 14:48 -- journal_editor

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် စာပေနှင့် အနု ပညာ ဖန်တီးမှုများဖြင့် လွှမ်းခြုံလျက်ရှိပြီး နိုင်ငံ တစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး တိုးတက်မှုများ ကလည်း စာပေနှင့် အနုပညာဖန်တီးမှု၊ ထုတ်လုပ် မှု၊  ဖွံ့ဖြိုးတိုးတက်မှုများနှင့်  ဆက်နွှယ်နေသည်။ စာပေနှင့်အနုပညာ ဖန်တီးထုတ်လုပ်မှုများအတွက်  ဖန်တီးထုတ်လုပ်သူများကို ထိုက်သင့်သော အကျိုး ခံစားခွင့်များရရှိစေရန်၊ မူပိုင်ခွင့် ချိုးဖောက်ခံရမှု များ  လျော့နည်းစေရန်  ဖန်တီးသူများ၏ အခွင့် အရေးများအား အကာအကွယ်ပေးမှုများကို ကမ္ဘာ့ နိုင်ငံအသီးသီးတွင် ဥပဒေများပြဋ္ဌာန်းပြီး အကောင် အထည်ဖော် ဆောင်ရွက်နေသည်။ 
မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာ စံနှုန်း များနှင့်ကိုက်ညီသော စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေကို ၂၀၁၉ ခုနှစ် မေလ ၂၃ ရက်နေ့တွင် ပြဋ္ဌာန်းနိုင်ခဲ့ပြီးThe Myanmar Copyright Act (1914))ကို ၎င်းဥပဒေဖြင့်ရုပ်သိမ်းခဲ့သည်။ အဆိုပါ ဥပဒေသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင်  အာဏာသက်ဝင်ခဲ့ပြီဖြစ်သည်။ စာပေနှင့်အနုပညာလက်ရာ မှတ်ပုံတင် လျှောက် ထားမှုများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက် နေ့မှစတင်၍  လက်ခံဆောင်ရွက်နေပြီဖြစ်သည်။
စာပေနှင့်အနုပညာလက်ရာများ၊ ဆက်နွှယ်  သည့် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို မှတ်ပုံ တင်  လျှောက်ထားခြင်းနှင့်  မှတ်ပုံတင်ခြင်းနှင့် သက်ဆိုင်သည့် လျှောက်ထားမှု အမျိုးမျိုးအတွက်  အသုံးပြုရမည့် လျှောက်လွှာပုံစံ  စုစုပေါင်း (၁၃) မျိုးရှိသည်။  စာပေ သို့မဟုတ် အနုပညာလက်ရာ များကို   မှတ်ပုံတင်လျှောက်ထားခြင်းအတွက် လျှောက်လွှာပုံစံ (CR-1) ကို အသုံးပြုရမည်ဖြစ်ပြီး၊ ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာကိစ္စရပ် မှတ်ပုံ တင် လျှောက်ထားခြင်းအတွက် လျှောက်လွှာပုံစံ (CR-2 ကို အသုံးပြုရမည်ဖြစ်သည်။ စာအ‌ရေး အသား အမှားပြင်ဆင်ခြင်း၊  မှတ်ပုံတင်လျှောက် ထားချက်ကို  ရုပ်သိမ်းခြင်း၊  မှတ်ပုံတင်လက်မှတ် မိတ္တူမှန် ထုတ်ပေးရန် လျှောက်ထားခြင်း၊ မှတ်ပုံ တင်ထားသည့် လက်ရာများအတွက် စီးပွားရေး ဆိုင်ရာအခွင့်အရေး လွှဲပြောင်းခြင်း ကို မှတ်တမ်း တင်ပေးခြင်း စသည့် မူပိုင်ခွင့်ဆိုင်ရာ လျှောက်ထား ခြင်းများအတွက် သက်ဆိုင်ရာ လျှောက်လွှာပုံစံ များကို အသုံးပြုပြီး လျှောက်ထားရမည်ဖြစ်သည်။ 
မှတ်ပုံတင် လျှောက်ထားခြင်းနှင့် မှတ်ပုံတင် ခြင်းနှင့်သက်ဆိုင်သည့် လျှောက်ထားမှု အမျိုးမျိုး အတွက်  ပေးသွင်းရမည့်  အခကြေးငွေများကို လည်း အမိန့်ကြော်ငြာစာနှင့် သတ်မှတ်ထုတ်ပြန်ပြီး ဖြစ်သည်။ စာပေနှင့်  အနုပညာလက်ရာ မှတ်ပုံ တင် လျှောက်ထားရန်အတွက် ကျပ်တစ်သိန်း၊  ရုပ်ရှင်လက်ရာနှင့် အရုပ် အသံလက်ရာအတွက် ကျပ် သုံးသိန်းပေးသွင်းရမည်ဖြစ်သည်။   စာပေနှင့် အနုပညာလက်ရာတွင် အကျုံးဝင်သည့် တေးဂီတ လက်ရာအတွက် လျှောက်ထားရာတွင် လျှောက် ထားချက် တစ်စောင်လျှင် တေးသီချင်းဖြစ်ပါက တေးသီချင်း ၁၂ ပုဒ်၊ ကဗျာဆိုပါက ၁၀ ပုဒ်အထိ ပါဝင်နိုင်ကြောင်း သတ်မှတ်ထားသည်။  
ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာကိစ္စ ရပ်  မှတ်ပုံတင်လျှောက်ထားခြင်း၊   စီးပွားရေး ဆိုင်ရာ အခွင့်အရေး  လွှဲပြောင်းခြင်းကို မှတ်တမ်း တင်ပေးရန် လျှောက်ထားခြင်း၊ မှတ်ပုံတင်ထား ခြင်းကို ပယ်ဖျက်ပေးရန် လျှောက်ထားခြင်းတို့ အတွက် ကျပ်တစ်သိန်းစီ  သတ်မှတ်ထားပြီး ကျန် သောလျှောက်ထားမှုများအတွက် ကျပ်ငါးသောင်း စီ သတ်မှတ်ထားသည်။ 
မှတ်ပုံတင်လျှောက်ထားမှုများကို လူကိုယ် တိုင်(Over the Counter)သို့မဟုတ် အီလက်ထရော နစ်စနစ်ဖြင့် မှတ်ပုံတင်ခြင်း(online filing) ဖြင့် လျှောက်ထားနိုင်သည်။  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနတွင် လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်သည့် အပြင်  အီလက်ထရောနစ်စနစ်ကို  အသုံးပြုပြီး CRFile  System ဖြင့်  https://crfile.ipd.gov.mm  တွင်လည်း လျှောက်ထားနိုင်သည်။ လူကိုယ်တိုင်  လျှောက်ထားမှုများကို  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်တွင်လည်းကောင်း၊ အောက်မြန်မာ ပြည်ရုံးခွဲ(ရန်ကုန်)နှင့် အထက်မြန်မာပြည်ရုံးခွဲ (မန္တလေး)တို့တွင်   လည်းကောင်း   လာရောက် လျှောက်ထားနိုင်သည်။ 
မှတ်ပုံတင်လျှောက်ထားရာတွင် မူပိုင်ခွင့် ပိုင်ရှင်ကိုယ်တိုင် လျှောက်ထားနိုင်သကဲ့သို့ ကိုယ် စားလှယ်ဖြင့်လည်း လျှောက်ထားနိုင်သည်။ ကိုယ် စားလှယ်ဖြင့် လျှောက်ထားလျှင် ကိုယ်စားလှယ် လွှဲစာ (CR-10) ကို  ပူးတွဲတင်ပြရမည်ဖြစ်သည်။ နိုင်ငံခြားသားကလျှောက်ထားမည်ဆိုလျှင်  မြန်မာ နိုင်ငံသား ကိုယ်စားလှယ်ကို မဖြစ်မနေ ခန့်အပ်ပြီး လျှောက်ထားရမည်။ ကိုယ်စားလှယ်သည် အသက် (၁၈)နှစ်ပြည့်ပြီးသူ မြန်မာနိုင်ငံသား ဖြစ်ရမည့် အပြင် မူပိုင်ခွင့်ဦးစီးဌာနကဖွင့်လှစ်သည့် ကိုယ် စားလှယ်သင်တန်း တက်ရောက် အောင်မြင်ပြီးသူ ဖြစ်ရမည်။ 
မူပိုင် ခွင့်ဦးစီးဌာနက  စာပေ၊ အနုပညာ လက်ရာ မှတ်ပုံတင်လျှောက်ထားမှုအတွက် ကိုယ် စားလှယ်သင်တန်းများကို ဖွင့်လှစ် ဆောင်ရွက်ပေး လျက်ရှိသည်။  ကိုယ်စားလှယ်  သင်တန်းများကို တစ်နှစ်လျှင် နှစ်ကြိမ် ဖွင့်လှစ်ပေးမည်ဖြစ်သည်။ ကိုယ်စားလှယ်သင်တန်း(၁/၂၀၂၄) ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ ကိုယ်စားလှယ် ၁၀ဝ ဦးခန့် တက် ရောက် အောင်မြင်ခဲ့ပြီးဖြစ်သည်။ 
 မူပိုင်ခွင့်ဦးစီးဌာန၏Website ဖြစ်သည့် https://www.ipd.gov.mmတွင် လျှောက်လွှာပုံစံ များ Download ရယူနိုင်သည့်အပြင် လူကိုယ်တိုင် လျှောက်ထားရာတွင် လည်းကောင်း၊ CRFile System ဖြင့်လျှောက်ထားရာတွင် လည်းကောင်း လျှောက်လွှာဖြည့်စွက်ပုံ ဖြည့်စွက်နည်း (Guide- lines များ၊ လျှောက်လွှာပုံစံ နမူနာဖြည့်စွက်ထား မှုများကိုလည်း  အဆိုပါ Website  တွင် လေ့လာ ကြည့်ရှုနိုင်သည်။ 
စာပေနှင့်အနုပညာလက်ရာများ၊ ဆက်နွှယ် သည့်  အခွင့်ရေးဆိုင်ရာ  ကိစ္စရပ်များကို မူလ လက်ရာရှင်များ သို့မဟုတ် အခွင့်အရေး ပိုင်ရှင် များက မှတ်ပုံတင်လျှောက်ထားနိုင်သည်။ စာပေ နှင့် အနုပညာ မူပိုင်ခွင့်ပိုင်ရှင်များ၊ ဆက်နွှယ်သည့် အခွင့်အရေးပိုင်ရှင်များသည် ဥပဒေအရ စီးပွား ရေးဆိုင်ရာ အခွင့်အရေးနှင့် ကိုယ်ကျင့်သိက္ခာဆိုင် ရာ အခွင့်အရေးများကို ရရှိမည်ဖြစ်သည်။ စီးပွား ရေးဆိုင်ရာ  အခွင့်အရေးများ၏ သက်တမ်းမှာ ယေဘုယျအားဖြင့် မူလလက်ရာရှင်သက်ရှိထင်ရှား ရှိစဉ်ကာလအပြင် ကွယ်လွန်ပြီးနောက် နှစ် ၅၀ ရရှိမည်ဖြစ်ပြီး  ကိုယ်ကျင့်သိက္ခာဆိုင်ရာ အခွင့် အရေး၏ သက်တမ်းမှာ အကန့်အသတ်မရှိ ရရှိ မည်ဖြစ်သည်။ 
စာပေနှင့်  အနုပညာမူပိုင်ခွင့် မှတ်ပုံတင် လျှောက်ထားရာတွင် လက်ရာကို မိမိကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်ကြောင်း ဝန်ခံချက်၊ လက်ရာ ကို ဖန်တီးပြုလုပ်ခဲ့သည့် ရက်စွဲ၊ လက်ရာဖော်ပြ ချက် အကျဉ်းချုပ်တို့ကို ထည့်သွင်းတင်ပြရမည် ဖြစ်သည်။  အထောက်အထားများ  ပြည့်စုံပါက မူပိုင်ခွင့်ဦးစီးဌာနက မှတ်ပုံတင်လက်မှတ် ထုတ် ပေးမည်ဖြစ်သည်။ မှတ်ပုံတင်ထားသည့် လက်ရာ များကိုလည်း မှတ်ပုံတင်စာရင်း Database ဖြင့် ထားရှိမည်ဖြစ်ပြီး မှတ်ပုံတင်ခွင့်ပြုသည့် လက်ရာ များကိုလည်း ထုတ်ပြန်ကြေညာမည်ဖြစ်သည်။  အဆိုပါ  မှတ်ပုံတင်ထုတ်ပြန် ကြေညာချက်များကို လည်း နိုင်ငံတကာမှ ကြည့်ရှုနိုင်မည်ဖြစ်သည်။ 
နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် အတူ နိုင်ငံတကာတွင် စာပေနှင့်အနုပညာ မူပိုင် ခွင့် ချိုးဖောက်မှုများ၊  အထူးသဖြင့်online မူပိုင်ခွင့် ချိုးဖောက်မှုများ များပြားလာသည်။ မူပိုင်ခွင့် ချိုးဖောက်မှု၊  မူပိုင်ခွင့်အငြင်းပွားမှုများ ဖြစ်လျှင် မူပိုင်ခွင့်ဦးစီးဌာနက ထုတ်ပေးသည့် နိုင်ငံတော် အစိုးရက အသိအမှတ်ပြုသော မှတ်ပုံတင်လက် မှတ်ကို   ခိုင်လုံသော  အထောက်အထားအဖြစ် တင်ပြနိုင်မည်ဖြစ်သည်။ စာပေနှင့်အနုပညာ မူပိုင် ခွင့်သည်  မှတ်ပုံတင်ထားသည်ဖြစ်စေ၊ မတင်ထား သည်ဖြစ်စေ အကာအကွယ် ရရှိသော်လည်း မူပိုင် ခွင့် အငြင်းပွားမှု၊  ချိုးဖောက်မှုများ ဖြစ်လာလျှင် မူပိုင်ခွင့်ဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် မှတ်ပုံ တင် လက်မှတ်ရှိပါက ဖြေရှင်းဆောင်ရွက်ရာတွင် လွယ်ကူသည့်အတွက် စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်စနစ်ကို နိုင်ငံအတော်များများတွင် ကျင့် သုံးဆောင်ရွက်လာကြသည်။ ထို့ပြင်မူပိုင်ခွင့်ဦးစီး ဌာနတွင် မှတ်ပုံတင်ထားသည့် စာပေနှင့်အနုပညာ လက်ရာများအတွက်သာ စီးပွားရေးဆိုင်ရာ အခွင့် အရေး လွှဲပြောင်းခြင်းများကို မှတ်တမ်းတင်ထား နိုင်မည်ဖြစ်သည်။ စီးပွားရေးဆိုင်ရာ အခွင့်အရေး လွှဲပြောင်းမှုများကို မှတ်တမ်းတင်ထားမှသာလျှင် မူလလက်ရာရှင်  ကွယ်လွန်ပါကလည်း  မူပိုင်ခွင့် အငြင်းပွားမှု၊ ချိုးဖောက်မှုများကို  ဖြေရှင်းရာတွင် လွယ်ကူစေသည့်အတွက်  နိုင်ငံတကာတွင်လည်း စီးပွားရေးဆိုင်ရာ အခွင့်အရေးလွှဲပြောင်းမှုများကို မှတ်တမ်းတင်သည့်စနစ် ကျင့်သုံးလာကြသည်။ 
စာပေနှင့်အနုပညာလက်ရာများ မှတ်ပုံတင် ခြင်းနှင့်စပ်လျဉ်း၍   မေးမြန်းလိုသည်များရှိပါက ဖုန်းနံပါတ် ဝ၆၇၃၄၃၀၅၉၇ သို့  ဆက်သွယ်မေး မြန်းနိုင်ပါသည်။ 

စာပေနှင့်အနုပညာမူပိုင်ခွင့်ဌာနခွဲ
မူပိုင်ခွင့်ဦးစီးဌာန