Main menu

Background

ပြည်ခရိုင်အတွင်းMSMEsလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရ

Tue, 08/06/2024 - 15:01 -- journal_editor

မြန်မာနိုင်ငံသည် ယခုအခါတွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရမှ အလေးထား  ဆောင်ရွက်လျက်ရှိသည်။ မြို့ရွာများတွင် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် ဒေသထွက်ကုန်များ အား တန်ဖိုးမြှင့်ထုတ်လုပ်၍ ြှနြ လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရေးအတွက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။  ထိုသို့ လုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်စေရန်ပြုလုပ်ခြင်းဖြင့် မိမိတို့ အတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်သလို ပြည်ပ  ဈေးကွက်များသို့ ထိုးဖောက်ဝင်ရောက်နိုင်ပြီး နိုင်ငံတော်အတွက် လည်း နိုင်ငံခြားဝင်ငွေ ရရှိနိုင်မည်ဖြစ်သည်။ 
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အနေဖြင့်MSME လုပ်ငန်း ရှင် ၅၀ ကျော်ရှိပြီး ပြည်မြို့နယ်တွင် ၃၀ ဦးကျော်၊ ရွှေတောင်မြို့နယ် တွင် ၁၀ ဦးကျော်၊ ပန်းတောင်းမြို့နယ်တွင် နှစ်ဦး၊ ပေါက်ခေါင်း မြို့နယ်တွင် ၁၀ ဦးကျော်ရှိသည်။ ပြည်မြို့နယ်တွင် စားသောက် ကုန်လုပ်ငန်းများဖြစ်သော နွားနို့မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန် နို့ဆီ၊ မလိုင်လုံး၊ မလိုင်ခဲ၊ ဒိန်ချဉ်လုပ်ငန်းများရှိသကဲ့သို့၊ သဘာဝ သစ်သီးများဖြစ်သော ကတွတ်သီး၊ သရက်သီး၊ မရန်းသီး၊ ဆီးသီး၊ ချဉ်ပေါင်ဖူး စသည့် အသီးများအားယိုများပြုလုပ်၍ ရောင်းချခြင်း အပြင် ချဉ်ပေါင်ဖူးကို ဂျယ်လီ၊ ချဉ်ပေါင်ဖူးဖျော်ရည်များကို ထုတ် လုပ်ရောင်းချရန် တီထွင်စမ်းသပ်လျက်ရှိသည်။ ထို့ပြင် နာမည် ကျော်ကြားသော ထမင်းသုပ်လုပ်ငန်းများကို တစ်ဆင့်မြှင့်တင်ပြီး အထုပ်များ ထုတ်လုပ်၍ ရောင်းချခြင်း၊ ရှားစောင်းလက်ပပ်ကို ယိုပြုလုပ်ခြင်း၊ မြေပဲယို၊ နှမ်းယိုများ ပြုလုပ်ခြင်း၊ ငရုတ်သီးအား အလှော်မှုန့်၊  အကြမ်းမှုန့်၊  အရောင်တင်မှုန့်များပြုလုပ်ခြင်း၊ ကုလားပဲကို ခွဲကြမ်းပြုလုပ်ပြီး ထိုမှတစ်ဆင့် ပဲမှုန့်၊ အကြော်မှုန့် များပြုလုပ်၍ရောင်းချခြင်း စသည့် လုပ်ငန်း များလုပ်ကိုင်ကြသည်။ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အချိန်ကုန် လူပင်ပန်း သက်သာ စေရန်အတွက် လယ်ယာများတွင် အသုံးပြုရန်  ကောက် စိုက်စက်၊ မြေသြဇာချစက်၊ ကြံစိုက်စက်များ ထုတ်လုပ်နိုင်သည့် အပြင် ပဲမျိုးစေ့ချစက်နှင့် မတ်ပဲရိတ်စက်များကို ထပ်မံထုတ်လုပ် ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ လယ်ယာများတွင် စပါးနှင့် ပဲ အထွက်နှုန်း  ကောင်းမွန်ရန်အတွက် အသုံးပြုရန်  သဘာဝ မြေသြဇာများထုတ်လုပ်သည့် လုပ်ငန်းများလည်းရှိသည်။  လူ့ အသုံးအဆောင်ပစ္စည်းများဖြစ်သော  ဆပ်ပြာဆီကုန်ကြမ်းများ ထုတ်လုပ်ခြင်း၊ ထိုမှတစ်ဆင့် အသင့်သုံး ဆပ်ပြာဆီများ၊ ကိုယ် တိုက်ဆပ်ပြာများ၊  မျက်နှာသစ် ဆပ်ပြာများထုတ်လုပ်သော  လုပ်ငန်းရှင်ပေါင်းလည်း များစွာရှိသည်။
ရွှေတောင်မြို့နယ်တွင်   လူ့အသုံးအဆောင်ဖြစ်သော ဝတ်စားဆင်ယင်မှုအနေဖြင့် မြန်မာ့ရိုးရာ ချည်ထည်လုပ်ငန်းပေါင်း မြောက်မြားစွာရှိပြီး စည်းလုပ်ငန်းလုပ်ကိုင်သူ ၆၆ ဦးခန့်ရှိကြောင်း သိရသည်။ စက်မှုကုန်ကြမ်းသီးနှံဖြစ်သော ဝါမှတစ်ဆင့် ဝါဂွမ်း၊ ဝါဂွမ်းမှတစ်ဆင့် ချည်ငင်ပြီး ချည်ထည်များကို ရက်လုပ် ရောင်း ချသည့် စက်ရက်ကန်းများ၊ လက်ရက်ကန်းများမှ အဆင့်မြှင့် ထုတ်ကုန် ၂/၁၀ဝချည်၊ ၂/၈၀ချည်များ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများရှိသလို  စားသောက်ကုန်လုပ်ငန်းများအနေဖြင့် နာမည်ကြီး ရွှေတောင်ခေါက်ဆွဲ၊ ရွှေတောင်ထမင်းသုပ်များကို အသင့်စားသုံး၍ ရသလို တစ်ခါစားထမင်းသုပ်အထုပ်များအား အဆင့်မီ  ပါကင်အထုပ်များထုပ်၍ ပြည်ပဈေးကွက်သို့ တင်ပို့ ရောင်းချသော လုပ်ငန်းများလည်းရှိသည်။ ထို့ပြင် အစာကြေဆေး များအဖြစ် ဆင်တုံးမနွယ် ရှောက်ပေါင်း၊ ရှောက်တောင့်များပြု လုပ်၍ နယ်အနှံ့သို့ ဖြန့်ဖြူးရောင်းချခြင်းများရှိသည်။  လူ့အသုံး အဆောင်ပစ္စည်းများဖြစ်သော  ဝါးမှတစ်ဆင့် ဝါးကုလားထိုင်၊ ထန်းကုလားထိုင်များအပြင် တစ်နိုင်တစ်ပိုင် ခမောက်လုပ်ငန်း များ လုပ်ကိုင်သည့် လုပ်ငန်းများလည်းရှိသည်။
ပေါက်ခေါင်းမြို့နယ်သည် ကြံအများဆုံး စိုက်ပျိုးသော မြို့ နယ်ဖြစ်သကဲ့သို့ ဝါသီးနှံ စိုက်ပျိုးခြင်း၊ နှမ်းနှင့် မြေပဲများကိုလည်း စိုက်ပျိုးသည့် မြို့နယ်ဖြစ်သည့်အတွက် ထိုသီးနှံများမှတစ်ဆင့် စားသောက်ကုန်များ ထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်များ ရှိသကဲ့သို့ အဝတ်အထည်လုပ်ငန်းများဖြစ်သော ရိုးရာချည်ထည် များကို  ထုတ်လုပ်ရောင်းချသည့်  လုပ်ငန်းများလည်းရှိသည်။ ကြံသီးနှံကို အခြေခံ၍  ကြံမှတစ်ဆင့်  မြှင့်ထုတ်ကုန်ဖြစ်သော သကြားအပြင် ကြံမွ၊ မြေပဲကြံသကာ၊ မြေပဲယို၊ နှမ်းယို၊ မြေပဲ ဆား လှော်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ကြသည်။
ထိုသို့  အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေး လုပ်ငန်းများကို  လုပ်ကိုင်လျက်ရှိသော  ပြည်ခရိုင်အတွင်းရှိ စီးပွား ရေးလုပ်ငန်းရှင်များက မိမိတို့၏ ထုတ်ကုန်များကို အဆင့်မြှင့် တင်ထုတ်လုပ်၍  ဈေးကွက်များ၊ ဈေးရောင်းပွဲတော်များတွင် ရောင်းချခြင်းဖြင့်  ပြည်တွင်းဈေးကွက်သာမကဘဲ  ပြည်ပဈေး ကွက်သို့ပါ ထိုးဖောက်ဝင်ရောက်နိုင်မည်ဖြစ်သည်။ ထို့ပြင် စွန့်ပစ် ပစ္စည်းများမှ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်လာနိုင် မည် ဆိုပါက ပိုမိုအကျိုးအမြတ် ဖြစ်ထွန်းလာနိုင်ပြီး အမှိုက်ထဲမှ ရွှေဖြစ်လာ မည်ဖြစ်သည်။ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမြင့်မားခြင်း၊ လူနေမှုအဆင့်အတန်း များ တိုးတက်ကောင်းမွန်လာခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ကြောင့် နိုင်ငံခြားဝင်ငွေရရှိလာနိုင်ခြင်း စသည့် ကောင်းကျိုးများ ရရှိလာနိုင်မည်ဖြစ်သည်။
ယခင်က ကျေးလက်ဒေသများတွင် ဖွံ့ဖြိုးမှုနိမ့်ကျခဲ့ရခြင်းမှာ တစ်ဦးချင်းဝင်ငွေ ရရှိမှုနည်းပါးခြင်းလည်းပါဝင်သည်။ ယခု အခါ တွင် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် လုပ်ငန်းစီမံကိန်းအသစ် များ တိုးချဲ့ပြုလုပ်လာနိုင်ကြသဖြင့် အလုပ်အကိုင် အခွင့်အလမ်း များလည်း ဖွံ့ဖြိုးတိုးတက် များပြားလာကြမည်ဖြစ်သည်။ စိုက်ပျိုး ရေးနှင့် မွေးမြူရေးကဏ္ဍများတွင်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး မွေးမြူလာကြရာမှ စီးပွားဖြစ်စိုက်ပျိုးမွေးမြူလာကြသဖြင့် ဝင်ငွေ များ များပြားလာကြသည်။ ထို့အတူ စက်မှုလက်မှုလုပ်ငန်းများ လည်း ပိုမိုထုတ်လုပ်လာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်မှုကြောင့် ဒေသတစ်ခုမှ အခြားဒေသတစ်ခုသို့ ရောင်းချနိုင် ခြင်းဖြင့်လည်း ဝင်ငွေများစွာရရှိလာကြသည်။ ထိုကဲ့သို့ တစ်ဦး ချင်းဝင်ငွေများ များပြားလာပါက ပညာရေး၊ ကျန်းမာရေးနှင့် နေထိုင်မှု အဆင့်အတန်းများ မြင့်မားလာနိုင်မည်ဖြစ်သည်။
ထို့ကြောင့် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်း ရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန်များကို အဆင့်မြှင့်တင်  ထုတ်လုပ်ခြင်းနှင့် စနစ်တကျထုပ်ပိုးနိုင်ပါက ပြည်ပနိုင်ငံများ အထိ ဈေးကွက်ထိုးဖောက်  ဝင်ရောက်လာနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။