Main menu

Background

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်းဆင်းပွဲကျင်းပ

Mon, 09/02/2024 - 09:27 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊  ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်း ကျောင်း (ရန်ကုန်) တွင် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု အခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၉) သင်တန်းဆင်းပွဲအား သြဂုတ် ၂၄ ရက် နံနက် ၉ နာရီခွဲ က ရန်ကုန်တိုင်းဒေသကြီးရုံး ပဉ္စထပ်ရှိ ညီလာခံခန်းမ ၌  ပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး တက်ရောက်ခဲ့သည်။
အဆိုပါ  သင်တန်းဆင်းပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏  စီးပွားရေး မူဝါဒများနှင့်အညီ  ကုန်သွယ်မှု လုပ်ငန်းများအတွက် ပို့ကုန်သွင်းကုန်လိုင်စင်များ  ထုတ်ပေးမှုအပါအဝင် ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုစေ့စပ်ဆွေးနွေး ညှိနှိုင်းရေး၊   စားသုံးသူကာကွယ်ရေး၊ မူပိုင်ခွင့်များ မှတ်ပုံတင်ရေး၊ ကုန်သွယ်မှု ပညာပေးရေး စသည့် လုပ်ငန်းနယ်ပယ်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ    ဆောင်ရွက်သည့်အခါ ဗဟိုဘဏ်၏ မူဝါဒများနှင့်အညီ နိုင်ငံတော်အနေဖြင့် ကုန်သွယ်မှုလိုငွေများ    မဖြစ်ပေါ်စေရေးအတွက် ပို့ကုန်များကို တွန်းအားပေး ဆောင်ရွက်လျက်ရှိပြီး သွင်းကုန်များကိုလည်း  နိုင်ငံတော်အတွက် အဓိက လိုအပ်သည့်  ကုန်ပစ္စည်းများကို ဦးစားပေးခွင့်ပြုပေး လျက်ရှိကြောင်း ပြောကြားခဲ့သည်။ 
ဆက်လက်၍   ကုန်သွယ်မှုသင်တန်းကျောင်း အနေဖြင့် ပုဂ္ဂလိကပိုင်ကဏ္ဍ၏ ကုန်သွယ်မှုလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင် များ၊ ကုမ္ပဏီအဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ စီးပွား ရေးလုပ်ငန်းဆောင်ရွက်ရန် စိတ်ပါဝင်စားသူများအား  အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံ သင်တန်းများ နှင့် အဆင့်မြင့်သင်တန်းများဖြင့်  နိုင်ငံတကာ ကုန် သွယ်မှု စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ သီအိုရီသဘောတရားများ၊ လက်တွေ့လုပ်ငန်းများ၊ အလေ့အထ   အတွေ့အကြုံများကို  အသေးစိတ် သင်ကြားပို့ချပေးနေသော   သင်တန်းကျောင်းဖြစ် ကြောင်း၊ ပြည်တွင်း၊ ပြည်ပ  ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းဘာသာရပ်များကို စနေ၊  တနင်္ဂနွေတို့တွင် သင်တန်းချိန် တစ်နေ့ သုံးနာရီဖြင့်  စာသင်ချိန် ၃၀ ရက်၊ နာရီ ၉၀ ခန့် ဟောပြောဆွေးနွေး ပို့ချခဲ့ပြီးဖြစ် ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကာလအတွင်း ကုန်သွယ်မှု ဆိုင်ရာ သင်တန်းပို့ချချက်များနှင့် လက်တွေ့ကုန်သွယ် မှုလုပ်ငန်းခွင်တို့ ချိတ်ဆက်၍ ကုန်သွယ်မှု ဗဟုသုတ များ သိရှိနားလည်နိုင်စေရန်အတွက် သီလဝါ အထူး စီးပွားရေးဇုန် (စီမံခန့်ခွဲမှုကော်မတီ)၊ မြန်မာအပြည် ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ)၊ Resources Group Logistic ကုမ္ပဏီ၊KM terminal and Logistics ကုမ္ပဏီ၊ Hitachi Soe Electric and Machinery    ကုမ္ပဏီ၊ ဝါးတန်းကုန်စည်ဒိုင်၊ ဘုရင့်နောင်ကုန်စည်ဒိုင် နှင့် ငော်္န ဆေးဝါးစက်ရုံ (လှိုင်သာယာစက်မှုဇုန်) များ သို့ လေ့လာရေးခရီးများ လက်တွေ့လေ့လာစေခဲ့သည်။
ထို့ကြောင့် ဤသင်တန်းသည် သင်တန်းသား၊ သင်တန်းသူများအတွက်   သင်ယူတတ်မြောက်ထား  သော ပြည်တွင်း၊ ပြည်ပ ကုန်သွယ်ရေးဆိုင်ရာ ဥပဒေ များ၊  စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ လက်တွေ့ပိုင်းဆိုင်ရာ လုပ်ငန်းအကြောင်းများကို မိမိ တို့၏  လုပ်ငန်းနယ်ပယ်တွင် ပြန်လည်အသုံးချနိုင် သဖြင့်  အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ကြောင်း သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။

 

TTI