Main menu

Background

ရွှေနှင့်အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်း ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ

Mon, 09/02/2024 - 11:10 -- journal_editor

ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေး သည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရ သည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၂ ရက်တွင် ရွှေတစ် အောင်စလျှင် အမေရိကန် ဒေါ်လာ ၂၅၀၇ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၈ ရက်တွင် ရွှေ တစ် အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၅၀၈ ဒေါ်လာ ဖြစ်ခဲ့သည် ကို တွေ့ရသည်။ ပြည်တွင်းရွှေဈေးသည်လည်း ၂၀၂၄ ခုနှစ် သြဂုတ် ၂၂  ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၃၀ဝ၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ ၂၀၂၄ ခုနှစ် သြဂုတ် ၂၈ ရက် တွင် ကျပ် ၇၁၀ဝ၀ဝ၀ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရသည်။
Trading Economicsတွင် ဖော်ပြချက်အရ မြန်မာနိုင်ငံ တွင်GDP  သည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် USD ၆၄ ဒသမ ၇၅ ဘီလီယံ ရှိလာရန် မျှော်မှန်းထားကြောင်းTrading Economics global macro modelနှင့် ဆန်းစစ်လေ့လာသူများ၏ ခန့်မှန်းချက် အရ သိရပြီး  Econometric Model  အရ မြန်မာနိုင်ငံ၏GDP  သည် ၂၀၂၅ ခုနှစ်တွင်USD  ၆၆ ဒသမ ဝ၅ ဘီလီယံနှင့် ၂၀၂၆ ခုနှစ်တွင် USD  ၆၇ ဒသမ ၃၇ ဘီလီယံဝန်းကျင်ရှိမည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။
၂၀၂၃ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ စက်တင်ဘာလ အစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု GDP) တိုးတက်မှုနှုန်းသည် ၂ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက်GDP တိုးတက် မှုနှုန်းသည် ၃ ဒသမ ၂ ရာခိုင်နှုန်း ရှိလာမည်ဖြစ်ကြောင်း ခန့်မှန်း ထားသည်။
၂၀၂၄ ခုနှစ် သြဂုတ် ၂၂ရက်မှ သြဂုတ် ၂၈ ရက်အထိ ရက် အလိုက် ဖြစ်ပေါ် ပြောင်းလဲခဲ့သော အမေရိ ကန် တစ်ဒေါ်လာနှင့် ညီမျှသော နိုင်ငံတကာငွေလဲလှယ်နှုန်းများကို တစ်ဖက်ပါဇယား ဖြင့် ဖော်ပြအပ်ပါသည်။
ယခုတစ်ပတ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ် ပြန်ချက်အရ ၂၀၂၄ ခုနှစ် သြဂုတ် ၂၂ ရက်မှ သြဂုတ် ၂၈ ရက်ထိ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၂၁၀ဝ ဖြစ်သည်။ အမေ ရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း  (ဗဟိုဘဏ်သတ်မှတ်နှုန်းထား)မှာ တည်ငြိမ်လျက်ရှိသည်။
ပြည်တွင်းရှိ ပြင်ပဒေါ်လာငွေကြေးဈေးကွက်၌ ဝယ်လိုအား ပြောင်းလဲမှုပေါ်လိုက်၍ သြဂုတ် ၂၂ ရက်မှ  ၂၈ ရက်ထိ ရက်သတ္တပတ် အတွင်း ၅၆၇၀-၅၆၈၀ ကျပ်ကြားရှိနေကြောင်း သိရသည်။

P&S