ပြည်ပဆန်ဈေးကွက်အနေဖြင့်ကို လေ့လာကြည့်ပါက ၂၀၂၄ခုနှစ် သြဂုတ် ၂၈ ရက်တွင်Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၄၃ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၀ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၁၇ ဖြင့်လည်းကောင်း၊ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၂ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင်အမေရိကန်ဒေါ်လာ ၅၇၃ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၈ ဖြင့်လည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့သည်။ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၂ ဖြင့်လည်းကောင်း၊ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၄၉ ဖြင့်လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ပေါင်းဆန် ၅ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၃၂ ဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ ရှိရသည်။Thai Rice Exporter Association
Websiteတွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင်ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်းဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်းများမှာ မြင့်တက်လျက်ရှိကြောင်း လေ့လာတွေ့ရှိရသည်။ ဗီယက်နမ် ဆန်ဈေးနှုန်းမှာမြင့်တက်လျက်ရှိပြီးပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့၏ ဆန်ဈေးနှုန်းများမှာ ကျဆင်းလျက်ရှိကြောင်းသိရသည်။ပြည်ပအာရှဆန်ဈေးကွက်သတင်းအနေဖြင့် ယခုတစ်ပတ်တွင် မဲခေါင်မြစ်ဝကျွန်းပေါ်ဘက်တွင် ဆန်အရောင်း နည်းလာနေပြီး ပေါ်လာသည့်ဆန်များကလည်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် အရည်အသွေး ညံ့နေပြီး ရောင်းအားနည်းသည့်အပေါ်မူတည်ပြီး ပို့ကုန်ဆန်ဈေးနှုန်းများ မြင့်တက်လာကြောင်း ဗီယက်နမ်ဆန်ကုန်သည်များ၏ ပြောကြားချက်အရ သိရသည်။ ထိပ်တန်းဆန်တင်ပို့သည့် အိန္ဒိယနိုင်ငံတွင် ယခင်ရာသီက ဆန်လက်ကျန်အဟောင်းများ လျော့နည်းလာသောကြောင့် ပို့ကုန် ၅ မှတ် ပေါင်းဆန်ဈေးနှုန်းသည် ယခုတစ်ပတ်တွင် အနည်းငယ် မြင့်တက်လာကြောင်း သိရသည်။ ထိုင်းနိုင်ငံမှာလည်း ၅ မှတ် ဆန်ဈေးနှုန်းသည် အနည်းငယ် မြင့်မားနေပြီး ဝယ်ယူနေသူများသည် ပုံမှန်ဖောက်သည်များသာဖြစ်ပြီး အဝယ်အများအပြား မရှိသေးကြောင်း ဘန်ကောက်အခြေစိုက် ဆန်ကုန်သည်တစ်ဦး၏ ပြောကြားချက် အရ သိရသည်။ပြည်တွင်း ဆန်ဈေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ မှ ၁၂၀ဝ၀ဝ ပေါက်ဈေးရှိပြီး ရွှေဘိုပေါ်ဆန်းမှာ ဆန်ဟောင်း တစ်အိတ်လျှင် ကျပ်၁၃၅၀ဝ၀ မှ ၁၄၅၀ဝ၀ ပေါက်ဈေးရှိသည်။ ဆန်ကြမ်းဖြစ်သောဧည့်မထ ၂၅ မတှ တ် နဆ် နတ် စအ် တိ လ် ျှင ်ကျပ ် ၆၆၀ဝ၀မ ှ ၆၈၀ဝ၀ကြား ပေါက်ဈေးရှိပြီး ငစိန်ဆန် တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ မှ၇၂၀ဝ၀ ကြား ပေါက်ဈေးရှိကြောင်း သိရသည်။မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင်သြဂုတ် ၂၈ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဆန်ချောတစ်အိတ်လျှင် ၂၅၈ ယွမ်ဝန်းကျင်ရှိပြီး(ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင် ၇၉၅ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ်အိတ်လျှင် ၂၀ဝ၀ဝ၀ကျပ်ကျော်) ပေါက်ဈေးရှိကြောင်း သိရသည်။မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သည့် မြဝတီမြို့၌ သြဂုတ်၂၈ ရက်တွင်ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် တစ်ဘတ်လျှင် ၁၆၅ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်းသိရသည်။ တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန် ဈေးနှုန်းများကို လေ့လာကြည့်ပါကဧည့်မထဆန် တစ်ပြည်လျှင် ကျိုင်းတုံမြို့တွင် ကျပ် ၄၅၀ဝ ဖြင့်အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး ပဲခူးမြို့တွင် ဧည့်မထဆန် တစ်ပြည်လျှင် ကျပ် ၃၀ဝ၀ ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်
ကို တွေ့ရသည်။၊ Trading Economic Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၁၀ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရပြီး သြဂုတ်လ နောက်ဆုံးပတ်တွင် နိုင်ငံတကာ ဆန်ဈေးနှုန်း
များ အတက်/အကျ ပြောင်းလဲမှုများ ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေကြောင်းသိရသည်။
Background