ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် သြဂုတ်၂၆ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၆ နိုင်ငံအနက် မြန်မာနိုင်ငံသည် ယခုတစ်ပတ်တွင် ၁၀ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး အာဂျင်တီးနားနှင့် အာမေးနီးယားနိုင်ငံတို့တွင် ၅ ဒသမ ၉၀ ရာခိုင် နှုန်းနှင့် အင်ဒိုနီးရှားနိုင်ငံတွင် ၅ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်း များ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ခုနစ်နိုင်ငံ သာရှိကြောင်း တွေ့ရသည်။
Global Petrol Prices Website ၏ သြဂုတ် ၂၆ ရက် ဖော်ပြ ချက်၌ ကမ္ဘောဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဟောင်ကောင်၊ ပါကစ္စတန်၊ ဘူလ်တန်၊ ကိုလံဘီယာ၊ အီဂျစ်၊ ကင်ညာ၊ သီရိလင်္ကာနှင့် ဇင်ဘာဘွေ စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၆၉ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်း မရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရသည်။
ဓာတ်ဆီဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ လာအို၊ ဂျပန်၊ ထိုင်ဝမ်၊ အီတလီ၊ နယ်သာလန်၊ မက္ကဆီကို၊ နီပေါနှင့် ကူဝိတ် စသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၅၀ ရှိပြီး ယခင်တစ်ပတ်ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်း မှ ၇ ဒသမ ၆၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ ကြောင်း တွေ့ရသည်။
အာဆီယံနိုင်ငံများ၏ သြဂုတ် ၂၆ ရက် ဒီဇယ်ဈေးနှုန်းများ အနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် ၁၀ ဒသမ ၈၀ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှားနိုင်ငံတွင် ၅ ဒသမ ၁၀ ရာခိုင် နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ထိုင်းနိုင်ငံတွင် သုည ဒသမ ၅၀ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံတွင် ၁ ဒသမ ၁၀ ရာခိုင်နှုန်း၊ ဗီယက်နမ် နိုင်ငံတွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်းနှင့် လာအိုနိုင်ငံတွင် ၇ ဒသမ ၆၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း ယင်းဝက်ဘ်ဆိုဒ်၌ ဖော်ပြထားသည်။
ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၄ ခုနှစ် သြဂုတ် ၂၆ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၆ နိုင်ငံအနက် အာဖဂန်နစ္စတန်နိုင်ငံသည် ယခုတစ်ပတ်တွင် ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး မြန်မာ နိုင်ငံတွင် ၇ ဒသမ ၈၀ ရာခိုင်နှုန်း၊ အာဂျင်တီးနားနိုင်ငံတွင် ၃ ဒသမ ၃၀ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှားနိုင်ငံတွင် ၃ ဒသမ ၂၀ ရာခိုင်နှုန်း ဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၁၂ နိုင်ငံရှိ ကြောင်း တွေ့ရသည်။
Global Petrol Prices Website ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဟောင်ကောင်၊ ဂျော်ဒန်၊ နယ်သာလန်၊ ဒိန်းမတ်၊ ကင်ညာ၊ မက္ကဆီကို၊ တောင်အာဖရိက၊ သီရိလင်္ကာနှင့် ဇင်ဘာဘွေ စသည့် နိုင်ငံများ အပါ အဝင် နိုင်ငံပေါင်း ၆၇ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဒီဇယ်ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရ သည်။
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ လာအို၊ ဂျပန်၊ နီပေါ၊ အီတလီ၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ဂရိနှင့် ကူဝိတ် စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၄၇ နိုင်ငံရှိပြီး ယခင်တစ်ပတ်ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၆ ဒသမ ၇၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရသည်။
အာဆီယံနိုင်ငံများ၏ ၂၀၂၄ ခုနှစ် သြဂုတ် ၂၆ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဒီဇယ်ဈေးနှုန်းများ အနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် ၇ ဒသမ ၈၀ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှားနိုင်ငံတွင် ၃ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး စင်ကာပူနိုင်ငံတွင် ၁ ဒသမ ၂၀ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံတွင် ၂ ဒသမ ၁၀ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံတွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်းနှင့် လာအိုနိုင်ငံတွင် ၆ ရာခိုင်နှုန်းဖြင့် ဈေးနှုန်း ကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်း အပြောင်းအလဲ မရှိ တည်ငြိမ်နေကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံး ဆီဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၉ ရက်တွင် အောက်တိန်း- ၉၂ တစ်လီတာလျှင် ၂၉၇၅ ကျပ်၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ၃၁၁၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၆၁၀ နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ကျပ် ၃၂၀ဝ အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချ လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၆၀ဝ၀၊ ဒီဇယ် တစ် လီတာလျှင်ကျပ် ၅၈၀ဝ၊ မြိတ်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၄၂၆၀၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၄၂၅၀ ဖြင့် အမြင့်ဆုံး ဖြစ်ပေါ် နေပြီး ရန်ကုန်မြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ၃၁၁၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၆၁၀၊ ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၃၁၂၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၆၂၀ ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရသည် ။
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ ပြည်တွင်းစက်သုံးဆီ ဈေး နှုန်းများမှာ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ဓာတ်ဆီ တစ်လီတာလျှင် ၂၀ ကျပ်နှင့် ဒီဇယ် တစ်လီတာလျှင် ၁၀ ကျပ် ကျဆင်းလျက်ရှိကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။
P&S