၂၀၂၂ ခုနှစ်တွင် Employment Permit System-EPS စနစ်ဖြင့် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ EPS-TOPIK စာမေးပွဲကို စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဖြင့် ဖြေဆိုအောင်မြင်၍ အလုပ်လျှောက်လွှာသက်တမ်း ကျန်ရှိပြီး အလုပ်ရှင်နှင့် မိတ်ဆက်မခံရသေးသူများ သစ်တောလုပ်ငန်းသို့ ပြောင်းရွှေ့လျှောက်ထားနိုင်ကြောင်း အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။
လက်ရှိတွင်HRD-Korea မှ ပေးပို့လာသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းမှ သစ်တောလုပ်ငန်းသို့ ပြောင်း ရွှေ့လုပ်ကိုင်ရှိသူ ၁၃၆၆ ဦးရှိကြောင်းသိရပြီး အမည်စာရင်းနှင့် စာမေးပွဲဖြေဆိုခွင့် အမှတ်စဉ်များကိုပါ ပူးတွဲကြေညာ ပေးထားကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းမှ သစ်တောလုပ်ငန်းသို့ ပြောင်းရွှေ့ခြင်းသည် အလုပ်အကိုင် ရရှိ မည်ဟု အာမ မခံပါကြောင်းနှင့် EPS စနစ်အရ အလုပ်ရှင်စိတ်ကြိုက် ရွေးချယ်ခြင်းသာဖြစ်ကြောင်း၊ သစ်တောလုပ်ငန်း အတွက် တန်းစီဇယားလုံလောက်ပါက မူလလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းသို့ ပြန်လည် ပြောင်း ရွှေ့ခွင့်ပြုကြောင်း သိရသည်။
ကိုတိုး