(ယခင်လမှအဆက်)
Financial Printer
IPO လုပ်ငန်းစဉ်သည် စာရွက်စာတမ်း အမြောက်အမြားသုံးစွဲရသည့်လုပ်ငန်းဖြစ်သည်။လုပ်ငန်းအလားအလာ ညွှန်းတမ်း (Prospectus) တစ်အုပ်သည်ပင်လျှင် စာမျက်နှာ ၃၀ဝ မှ ၄၀ဝ အကြားတွင်ရှိသည်။ အများပြည်သူကို ကမ်းလှမ်းရောင်းချမည့် ပမာဏအပေါ်မူတည်၍ လုပ်ငန်းအလားအလာ ညွှန်းတမ်း စာအုပ် ထောင်ပေါင်းများစွာကို ပြည်တွင်းနှင့် နိုင်ငံအနှံ့သို့ ပို့ ဆောင်ကြရသည်။ အဆိုပါ လုပ်ငန်းအလားအလာ ညွှန်းတမ်း စာအုပ်ပုံနှိပ်ရန် အချိန်အနည်းငယ်သာ ကြိုတင်သိရှိရသည်။ အမှားအယွင်းကင်းစေရန်လည်း ဆောင်ရွက်ရသလို ှနဃ ၏သတ်မှတ်ချက်များဖြစ်သည့် စာလုံးအရွယ်၊ ပုံသဏ္ဌာန်၊ အရောင် အစရှိသည်များအတိုင်းလည်း ပုံနှိပ်ရသဖြင့် အနည်းငယ်မျှသော အထူးပြု ပုံနှိပ်တိုက်များကသာ ယင်းကို ဆောင်ရွက်နိုင်ကြသည်။
Public Relation Firms
အများပြည်သူသို့ ရှယ်ယာကမ်းလှမ်း ရောင်းချရာတွင် ပြည်သူ့ဆက်ဆံရေးအဖွဲ့ (Public Relation Firm) များ၏အခန်းကဏ္ဍမှာ အရေးပါသည့်နေရာတွင်ရှိသည်။ စင်စစ် PR တို့ သည် ရင်းနှီးမြှုပ်နှံသူတို့ဆွဲဆောင်မှု ရှိစေရေးအတွက် အစွမ်းထက် သည့် လက်နက်များဖြစ်သည်။ ယခုအခါ ကုမ္ပဏီပေါင်းများစွာ သည် အများပိုင်ကုမ္ပဏီများအဖြစ် ပြောင်းနေကြရာ ၎င်းတို့သည် အများပြည်သူနှင့် မီဒီယာများ၏ ဆွဲဆောင်မှု ရရှိရေးအတွက် ကြိုးပမ်းကြရသည်။ ကောင်းမွန်သည့် ဏျွ မရှိပါက ှုဏဥ သည် လူ အများကြားတွင် ကွယ်ပျောက်သွားမည်ဖြစ်သည်။
သို့သော်လည်း အများစုမှာ ငွေရေးကြေးရေးကိစ္စဖြစ်သော ကြောင့်SEC တွင် လူထုဆက်ဆံရေးနှင့်ပတ်သက်၍ လမ်းညွှန် ချက်များထားရှိသည်။ ကုမ္ပဏီအနေနှင့် လုပ်ငန်းအလားအလာညွှန်းတမ်းတွင်ပါဝင်သော အရာများနှင့် သွေဖည်ကာ ဖွင့်ဟကြေ ညာခြင်းမပြုလုပ်ရပါ။ အကယ်၍ ချိုးဖောက်ခဲ့ပါက ကုမ္ပဏီအနေ ဖြင့် ပြင်းထန်သည့် အကျိုးဆက်များခံစားရနိုင်ပြီးSEC အနေနှင့် အများပြည်သူသို့ ကမ်းလှမ်းခြင်းများကို ရပ်ဆိုင်းနိုင်သည်။ ပြည် သူ့ဆက်ဆံရေးအဖွဲ့များသည် IPO ကမ်းလှမ်းခြင်းလုပ်ငန်းတွင် ကျွမ်းကျင်သူများဖြစ်သဖြင့် စည်းမျဉ်းများကို နားလည်ပြီး ငွေချေး သက်သေခံလက်မှတ် ကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံသူများ၊ အဖွဲ့ အစည်းများ၊ သုတေသနပြုသူများနှင့် စတော့ဝယ်ရောင်းသမား များ market maker) ထံသို့ မှန်ကန်သည့် သတင်းအချက်အလက် ကို မည်သို့ပို့ဆောင်ရမည်ကို နားလည်ကြသည်။
ကံမကောင်းစွာပင် အချို့သော ကုမ္ပဏီများသည် အခြေ အနေမှန်ကို ဖုန်းကွယ်ရန် PRများကို အသုံးချကြသည်။ ဤကဲ့သို့ လွဲမှားသည့် သတင်းအချက်အလက်များကို တစ်ခါတစ်ရံ အမည် မသိကုမ္ပဏီများ၏ မထင်မရှား ရှယ်ယာကမ်းလှမ်းမှုများတွင် တွေ့ရှိရသည်။ သို့အတွက်ကြောင့် အမြော်အမြင်ကြီးသည့် ရင်းနှီး မြှုပ်နှံသူများအနေနှင့် သတင်းထုတ်ပြန်ချက်တွင် ပါဝင်သည့် အချက်များအပေါ် သံသယဖြင့် ကြည့်ကြသည်။ ယင်းအစား လုပ် ငန်းလမ်းညွှန်စာတမ်းပါ အချက်များကို ဂရုစိုက်ကြည့်သင့်သည်။
Transfer Agent/Registrar
Transfer Agent ၏ တာဝန်မှာ ရှယ်ယာရှင်တို့၏ သတင်း အချက်အလက်များကို ထိန်းသိမ်းရန်ဖြစ်သည်။ ဥပမာ- ရှယ်ယာ ရှင်တို့၏ အမည်၊ လိပ်စာ၊ လူမှုဖူလုံရေးအမှတ်စဉ်နှင့် ရှယ်ယာရှင် တစ်ဦးချင်းစီ ဝယ်ယူထားသည့် ရှယ်ယာအရေအတွက်တို့ ပါဝင် သည်။IPO လုပ်ချိန်တွင်Transfer Agent တို့သည် စတော့ဝယ်ယူ ခွင့် ရရှိပြီးသူများသို့ စတော့လက်မှတ်များ လွှဲပြောင်းပေးအပ် သည်။ စတော့များ ဈေးကွက်တွင် ရောင်းဝယ်သည့်အခါတွင်မူ Transfer Agent သည် အရောင်းအဝယ် ဖြစ်မှုများအပေါ်တွင် လွှဲပြောင်းမှုများကို ဆောင်ရွက်သည်။ Registrar သည် အရောင်း အဝယ်ပြုလုပ်မှုတိုင်းတွင် မှန်ကန်သော စာရင်းလွှဲပြောင်းမှုများ ရှိ၊ မရှိကို စိစစ်ပေးသည်။ ထို့အပြင် ရှယ်ယာလက်မှတ်များ ပျက်စီးခြင်း၊ ပယ်ဖျက်ခြင်းနှင့် ပျောက်ဆုံးခြင်းများကိုလည်း မှတ် တမ်းတင်ရသည်။ ကုမ္ပဏီသည် ထုံးစံအားဖြင့် ပြင်ပမှ အဖွဲ့များ (အထူးသဖြင့် ဘဏ်များ) ကို ငှားရမ်းကာTransfer Agent အဖြစ် ဆောင်ရွက်စေသည်။ ကိစ္စအတော်များများတွင် အဖွဲ့များသည် Transfer Agent နှင့်Registrar တို့ကို ပူးတွဲတာဝန်ထမ်းဆောင်ကြ သည်။
Underwriter
ရှယ်ယာများကို ဦးဆောင်ရောင်းချပေးသူManaging Underwriter တို့သည် အများပြည်သူသို့ ရှယ်ယာကမ်းလှမ်းရောင်း ချရေး IPO လုပ်ငန်းစဉ်တွင် အရေးပါသည့်အခန်းကဏ္ဍမှ ရပ် တည်လျက်ရှိသည်။Underwriter လုပ်ငန်းကိုစီမံခန့်ခွဲသူများမှာ ရင်းနှီးမြှုပ်နှံမှုဘဏ်များဖြစ်သည်။ ၎င်းတို့သည် ကမ်းလှမ်းရောင်း ချမည့် ရှယ်ယာဈေးနှုန်းသတ်မှတ်ခြင်း၊ လုပ်ငန်းအလားအလာ ညွှန်းတမ်း ပြင်ဆင်ခြင်းနှင့် အခြားသော စာရွက်စာတမ်းများ ပြင်ဆင်ခြင်းနှင့်Due Diligence လုပ်ငန်းများကိုဆောင်ရွက်ပေး သည်။ အထူးသဖြင့် ရှယ်ယာကမ်းလှမ်း ရောင်းချရာတွင် ဝယ် ယူမည့် ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေပေးရသည်။
ကိစ္စအတော်များများတွင် Underwriter များသည် IPO လုပ်ငန်းများပြီးစီးသွားသည့်တိုင် ကုမ္ပဏီ၏အတွက် ဝန်ဆောင်မှု များကို ဆက်လက်ဆောင်ရွက်ပေးသည်။ ဥပမာ-့Underwriter တို့သည် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီအသစ်အတွက် ကုမ္ပဏီများ ပေါင်းစည်းရေး၊ ဝယ်ယူရေး(Merger and Acq- uisition ကိစ္စများ၊ ငွေချေးစာချုပ်များ ထုတ်ဝေရောင်းချရေးကိစ္စ ရပ်များကို ဆောင်ရွက်ပေးသည်။Managing Underwriter တို့ သည် Syndicate အုပ်စုများကို ဖွဲ့စည်းပြီး ရှယ်ယာများကို အများ ပြည်သူသို့ ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်ကြသည်။Syndicate ဖွဲ့စည်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ တာဝန် ခံ ယူမှုကိုမျှဝေရန်ဖြစ်ပြီး အကယ်၍ ရှယ်ယာရှင်များမှ တရား စွဲပါက တာဝန်ခံယူမှုကို အဖွဲ့အသီးသီးသို့ ပျံ့နှံ့သွားစေရန်ဖြစ် သည်။
Underwriter တို့၏ အရေးပါပုံကို ချဲ့ကားရေးသားရန်ခက်ခဲ သည်။ မှန်ကန်သည့်Underwriter ရရှိရေးဆိုသည်မှာ အောင်မြင် သည့် IPO နှင့် မအောင်မြင်သည့် ကမ်းလှမ်းရောင်ချရေးအကြား ခြားနားချက်ကို ဆိုလိုသည်။ သို့အတွက် သင့်အနေနှင့် ကမ်းလှမ်း ရောင်းချသည့် ရှယ်ယာများကို မဝယ်ယူမည်Underwriter ကို မည်သည့်အဖွဲ့က ဆောင်ရွက်သည် ဆိုသည်ကို အရင်လေ့လာရန် လိုအပ်သည်။ စိတ်ဝင်စားစရာကောင်းသည့် အချက်မှာUnderwriter လုပ်ငန်းသည် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ Securities Company)) တစ်ခုအတွက် အရေးပါသည့် ဝင်ငွေ အရင်းအမြစ်ဖြစ်သည်။
IPO လုပ်ငန်းစဉ် အဆင့်များ
IPO လုပ်ငန်းစဉ်သည် ကုမ္ပဏီအားလုံးအတွက် အတူတူ ပင်ဖြစ်သည်။ ဤသို့လုပ်ဆောင်ရာတွင် အစိုးရတစ်ရပ်၏ ရှင်း လင်းတိကျသည့် စနစ်များကို အခြေခံရသည်ကို သတိပြုပါ။ ၎င်း တို့က ကုမ္ပဏီတစ်ခုအတွက် လိုအပ်သည့် ထုတ်ဖော်ကြေညာချက် များနှင့် ညီညွတ်စေရေးအတွက် ကူညီဆောင်ရွက်ပေးမည်ဖြစ် သည်။ အိုင်ပီအိုအစီအစဉ်သည် အနည်းဆုံး ခြောက်လမှ ၁၂ လ အထိကြာမြင့်သဖြင့် ဤလုပ်ငန်းစဉ်ကို မြန်နိုင်သမျှ မြန်စေရေး အတွက် အနည်းဆုံး သင်၏ကုမ္ပဏီကို အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီအဖြစ် အဆင်သင့်ဖြစ်နေစေရန် ဆောင်ရွက်ထား၌မည် ဖြစ်သည်။
အချို့သော ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ များကျင်းပကာ အကျိုးတူရန်ပုံငွေအဖွဲ့များ၊ ံHedge Fundများ၊ အဓိကရင်းနှီးမြှုပ်နှံသူများအား ကုမ္ပဏီ၏ အကြောင်းခြင်းရာများ ကို ချပြလေ့ရှိသည်။ တချို့ပွဲများတွင် အဓိကရင်းနှီးမြှုပ်နှံသူအချို့ သို့ပင် ရှယ်ယာများ private transaction နည်းဖြင့် အရောင်း အဝယ်ဖြစ်သွားသည်လည်းရှိသည်။
လုပ်ငန်းများစစ်ဆေးအကဲဖြတ်မှု due-diligence)) ပြုလုပ်ခြင်း
မှတ်ပုံတင်စာရင်းသွင်းရန် စာရွက်စာတမ်းများ ပြင်ဆင် ခြင်းသည် အချိန်ယူ ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ အဓိကကျသည့် လုပ်ငန်းစဉ်တစ်ခုမှာ ကျယ်ပြန့်လှသည့် လုပ်ငန်း များ စစ်ဆေးအကဲဖြတ်မှု Due Diligence ပင်ဖြစ်သည်။ ဤ အဆင့်သည် ကုမ္ပဏီ၏ရှယ်ယာများကို တာဝန်ခံရောင်းချပေးမည့်Underwriter များအတွက် လွန်စွာအရေးကြီးသည့် အဆင့်ဖြစ် သည်။ အဘယ့်ကြောင့်ဆိုသော် ဤလုပ်ငန်းစဉ်တစ်ခုခုတွင် အမှားအယွင်း၊ ထိန်ချန်မှုတစ်ခုခု ပါဝင်သွားပါကUnderwriter များအတွက် ပေးလျော်ရမည့်တာဝန် ရှိသောကြောင့်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဤလုပ်ငန်းစဉ်တစ်လျှောက်တွင် ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်SEC ၏လိုအပ်ချက်များကို ပြင်ဆင်ရသဖြင့် အသုံးဝင်သည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ပေသည်။
Due Diligence တွင် ပါဝင်သည့် အဓိကလုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
• လုပ်ငန်းအား သုတေသနပြုလုပ်ခြင်း၊
• ထိပ်တန်း အရာရှိများနှင့် ဒါရိုက်တာများနောက်ကြောင်း များကို စစ်ဆေးခြင်း၊
• ကုန်စည် ထောက်ပံ့ပို့ဆောင်သူများနှင့် ဖောက်သည်များ နှင့် တွေ့ဆုံခြင်း၊
• ဆိုင်းငံ့ထားသော (သို့) ဖြစ်နိုင်ခြေရှိသော တရားစွဲဆိုမှု များ ရှိ၊ မရှိ အကဲဖြတ်ခြင်း၊
• ကော်ပိုရိတ်သတင်းအချက်အလက်များဖြစ်သည့် ပြဋ္ဌာန်း ချက်များ၊ ရှယ်ယာရှင် သဘောတူညီချက်များ၊ အစည်း အဝေးမှတ်တမ်းများနှင့် စာချုပ်စာတမ်းများကို စိစစ်ခြင်း၊
• လျော်ကြေးအစီအစဉ်များ
• ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများ၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်ခွင့် များကို စိစစ်ခြင်း။
Source: Investment Guide Book
ထွန်းသက်ထွန်း