ကမ္ဘာ့ရွှေဈေးသည် စက်တင်ဘာ ၂၆ ရက်တွင် ရွှေတစ် အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၆၆၀ ဒေါ်လာ ပေါက်ဈေး ရှိခဲ့ရာမှ အောက်တိုဘာ ၂ ရက်တွင် ရွှေတစ်အောင်စလျှင် အမေ ရိကန်ဒေါ်လာ ၂၆၅၄ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည်လည်း စက်တင်ဘာ ၂၆ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၆၇၀ဝ၀ဝ၀ ပေါက်ဈေး ရှိခဲ့ရာမှ အောက်တိုဘာ ၂ ရက်တွင် ကျပ် ၆၁၀ဝ၀ဝ၀ သို့အတက် အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရသည်။
Trading Economics တွင် ဖော်ပြချက်အရ မြန်မာနိုင်ငံ တွင် GDP သည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင်USD ၆၄ ဒသမ၇၅ ဘီလီယံ ရှိလာရန် မျှော်မှန်းထားကြောင်းTrading Economics global macro model နှင့် ဆန်းစစ်လေ့လာသူများ၏ ခန့်မှန်းချက် အရ သိရပြီး Econometric Model အရ မြန်မာနိုင်ငံ၏GDPသည် ၂၀၂၅ ခုနှစ်တွင် USD ၆၆ ဒသမ ဝ၅ ဘီလီယံနှင့် ၂၀၂၆ ခုနှစ်တွင် USD၆၇ဒသမ ၃၇ ဘီလီယံဝန်းကျင်ရှိမည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။
ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လို အား ပြောင်းလဲမှုပေါ်လိုက်၍ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၆ ရက် မှ အောက်တိုဘာ ၂ ရက်ထိ ရက်သတ္တပတ်အတွင်း ၄၅၄၀- ၄၅၅၀ ကျပ်ကြားရှိနေကြောင်း သိရသည်။
p&s