Main menu

Background

ဆန်ပြည်တွင်းဈေးနှုန်းကမ္ဘာ့ဈေးကွက်အခြေအနေတင်ပြခြင်း

Mon, 10/07/2024 - 12:22 -- journal_editor

ပြည်ပဆန်ဈေးကွက်အနေဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ၂ ရက်တွင် ွှ့ငေ ျွငခန နထစသမအနမ ဗျသခငအေငသည ျွှနဘျငအန တွင်ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၁၊ ဧည့်မထ ၂၅ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၆ ဖြစ်ပေါ်ခဲ့ပြီးထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၄၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၉၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၇၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၂၁ ဖြင့် လည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရသည်။ပြည်ပဆန်ဈေးကွက်အနေဖြင့် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းတွင် ဆန်စပါး ရောင်းအားတိုးလာပြီး လယ်သမားများကလည်းမိုးစပါးများကို ရိတ်သိမ်းရန် ပြင်ဆင်လာချိန်တွင် အစိုးရသည်ယခင်နှစ် ၂၀၂၃ ခုနှစ် ဇူလိုင်လကတည်းက ပိတ်ပင်ခဲ့သည့် ဘာစမာတီ မဟုတ်သော ဆန်အမျိုးအစားများ ပြည်ပတင်ပို့ခွင့်ကို၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် ပြန်လည်ဖွင့်ပေးခဲ့သည်။ထိုင်း၊ ဗီယက်နမ်နှင့် ပါကစ္စတန်နိုင်ငံကဲ့သို့ ဆန်တင်ပို့သည့်နိုင်ငံများတွင် ဆန်ဈေးနှုန်းများ လျှော့ချလာချိန်တွင် အိန္ဒိယနိုင်ငံကယခုလို ဆန်တင်ပို့မှုကို ပြန်ဖွင့်လိုက်သည့်အတွက် နိုင်ငံတကာတွင်ဆန်ရောင်းအား တိုးတက်လာပြီး ဆန်ဈေးနှုန်းများ ကျဆင်းလာနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရပြီး နယူးဒေလီအစိုးရကဘာစမာတီ မဟုတ်သည့် ဆန်အမျိုးအစားများ၏ ပို့ကုန်ကြမ်းခင်းဈေးကို တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၉၀ ဖြင့် သတ်မှတ်ပြီး ဆန်ပို့ကုန်ခွန်ကိုလည်း ပယ်ဖျက်ထားပြီး ဖြစ်ကြောင်းသိရသည်။ပြည်တွင်း ဆန်ဈေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ ဆန်ဈေးကွက်(လက်ကားဈေး)တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၁၁၅၀ဝ၀ မှ ၁၂၅၀ဝ၀ ပေါက်ဈေးရှိပြီး ရွှေဘိုပေါ်ဆန်းမှာ ဆန်(ဟောင်း)တစ်အိတ်လျှင် ကျပ် ၁၄၀ဝ၀ဝ မှ ၁၅၀ဝ၀ဝပေါက်ဈေးရှိခဲ့သည်။ ဆန်ကြမ်းဖြစ်သည့် ဧည့်မထ ၂၅ မှတ်တန်ဆန်တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ မှ ၇၂၀ဝ၀ ကြား ပေါက်ဈေးရှိပြီးငစိန်ဆန် တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ မှ ၇၂၀ဝ၀ ကြား ပေါက်ဈေးရှိကြောင်း သိရသည်။
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင်အောက်တိုဘာ ၂ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရဆန်ချောတစ်အိတ်လျှင် ၂၇၄ ယွမ်ဝန်းကျင်ရှိပြီး (ပြင်ပငွေလဲနှုန်း၁ ယွမ်လျှင် ၆၄၀ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ်အိတ်လျှင်ကျပ် ၁၇၅၀ဝ၀ ကျော်) ပေါက်ဈေးရှိကြောင်း သိရသည်။ မြန်မာထိုင်းနယ်စပ်ဒေသဖြစ်သည့် မြဝတီမြို့တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် ၁ ဘတ်လျှင် ၁၃၈ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်းသိရသည်။တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန်ဈေးနှုန်းများကို လေ့လာကြည့်ပါကဧည့်မထဆန် တစ်ပြည်လျှင် လွိုင်ကော်မြို့တွင် ကျပ် ၄၈၀ဝ ဖြင့်
အမြင့်ဆုံး ဈေးနှုန်းဖြစ်ပေါ်ခဲ့ပြီး ပဲခူးနှင့် ပြည်မြို့တို့တွင် ဧည့်မထဆန် တစ်ပြည်လျှင် ကျပ် ၃၀ဝ၀ ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။
ယခုတစ်ပတ် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက သုည ဒသမ ၆၀ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ယင်းဝက်ဘ်ဆိုဒ်၌ ဖော်ပြထားပြီး အောက်တိုဘာလလဆန်းပိုင်းတွင် နိုင်ငံတကာဆန်ဈေးနှုန်းများ အတက်/အကျပြောင်းလဲမှုများ ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။