Main menu

Background

စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက်

Mon, 10/07/2024 - 13:08 -- journal_editor

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အနေဖြင့် ဓာတ်ဆီဈေးနှုန်းသည် စက်တင်ဘာ ၃၀ ရက် Global Petrol Prices Website  တွင် ဖော်ပြ ထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၃ နိုင်ငံအနက် ဗီယက်နမ်နိုင်ငံသည် ယခုတစ်ပတ်တွင် ၃ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး အာဂျင်တီးနားနှင့် ဥဇ ဘတ်ကစ္စတန်နိုင်ငံတို့တွင် ၃ ဒသမ ၂၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံတွင် ၂ ဒသမ ၃၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့် တက်ခဲ့သည့် နိုင်ငံပေါင်း ၁၆ နိုင်ငံရှိကြောင်း တွေ့ရသည်။
စက်တင်ဘာ ၃၀  ရက် ဖော်ပြချက်၌ ကမ္ဘောဒီးယား၊ အင်ဒို နီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဟောင် ကောင်၊ ပါကစ္စတန်၊ ဘူတန်၊ ဂျော်ဒန်၊ ကင်ညာ၊ နီပေါ၊ နော်ဝေ၊ သီရိ လင်္ကာနှင့် ဇင်ဘာဘွေ စသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၆၆  နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်နေကြောင်း အဆိုပါဝက်ဘ်ဆိုဒ်၌ ဖော်ပြ ထားသည်။ 
အာဆီယံနိုင်ငံများ၏ စက်တင်ဘာ ၃၀ ရက်Global Petrol Prices Websiteတွင် ဖော်ပြထားရှိသည့် ဓာတ်ဆီဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင်  ဗီယက်နမ်နိုင်ငံတွင် ၃ ဒသမ ၈၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံတွင် ၂ ဒသမ ၃၀ ရာခိုင်နှုန်းနှင့် စင်ကာပူနိုင်ငံ တွင် ၁ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ထိုင်းနိုင်ငံ တွင် ၁ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံ နိုင်ငံများတွင် ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း သိရ သည်။ 
ဒီဇယ်ဆီဈေးနှုန်းအနေဖြင့် စက်တင်ဘာ ၃၀ ရက် Global Petrol Prices Websiteတွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၃ နိုင်ငံအနက် ဗီယက်နမ်နိုင်ငံသည် ယခုတစ်ပတ်တွင် ၂ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး နျအသညငေ နိုင်ငံတွင် ၂ ဒသမ ၃၀ ရာခိုင်နှုန်း၊ တူရကီ(တူကီယဲ) နိုင်ငံ တွင် ၂ ဒသမ ၂၀ ရာခိုင်နှုန်းနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် ၁ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့ သည့် နိုင်ငံပေါင်း ၁၉ နိုင်ငံရှိကြောင်း တွေ့ရသည်။
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ထိုင်ဝမ်၊ မက္ကဆီကို၊ နယ်သာလန်၊ အီတလီ၊ ဖင်လန်၊ ခရိုအေးရှား၊ စပိန်၊ ဂရိ၊ ဟန်ဂေရီနှင့် ပီရူး စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံ ရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်း မှ ၆ ဒသမ  ၂၀ရာခိုင်နှုန်း ထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်းသိရသည်။     
အာဆီယံနိုင်ငံများ၏ စက်တင်ဘာ ၃၀ ရက်တွင် ဒီဇယ်ဈေး နှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဗီယက်နမ် နိုင်ငံ တွင် ၂ ဒသမ ၇၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၁ ဒသမ ၄၀ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံတွင် ၁ ဒသမ ၁၀ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံ တွင် သုည ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ကျန် အာဆီယံနိုင်ငံများတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေ ကြောင်း သိရသည်။ 

ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီ ဈေးနှုန်းများမှာ  စက်တင်ဘာ ၃၀ ရက်တွင် အောက်တိန်း-၉၂ တစ် လီတာလျှင် ၃၁၃၅ ကျပ်၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ကျပ် ၃၂၉၀၊ ဒီဇယ် တစ်လီတာလျှင်၂၅၈၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ် လီတာလျှင် ကျပ်  ၃၂၃၀ အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချလျက် ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအနေဖြင့် ကျိုင်းတုံ မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၄၈၀ဝ၊ ဒီဇယ် တစ်လီတာ လျှင် ကျပ် ၄၆၀ဝ၊ ကလေးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၄၀၉၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၃၃၉၀ ဖြင့် အမြင့်ဆုံးဖြစ်ပေါ် နေပြီး၊ ရန်ကုန်မြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၃၂၉၀ ၊ ဒီဇယ် တစ်လီတာလျှင် ၂၅၈၅ ကျပ်၊ ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃၃၀ဝ၊ ဒီဇယ် တစ်လီတာလျှင် ၂၅၉၅ ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ ၏ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် လျှင် ယခင်တစ်ပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ၇၅ ကျပ် မြင့် တက်လျက်ရှိပြီး  ဒီဇယ်တစ်လီတာလျှင် ၁၀ ကျပ် မြင့်တက်လျက်ရှိ ကြောင်း သိရသည်။

 

P&S