Main menu

Background

စာပေနှင့် အနုပညာ မူပိုင်ခွင့် မှတ်ပုံတင်စနစ် (CRFile System) ဖြင့် မှတ်ပုံတင်လျှောက်ထားရာတွင် ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ

Mon, 10/07/2024 - 15:25 -- journal_editor

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့် ဦးစီးဌာနမှ  အကောင်အထည်ဖော် ဆောင်ရွက်နေသာ စာပေနှင့် အနုပညာမူပိုင်ခွင့်မှတ်ပုံတင်စနစ် (CRFile System) https://crfile. ipd.gov.mm ကို စာပေနှင့်အနုပညာ မူပိုင်ခွင့်လျှောက်ထားသူ Applicant)) မှ လည်းကောင်း၊ ကိုယ်စားလှယ်(Agent) မှလည်း ကောင်း အွန်လိုင်း မှတစ်ဆင့် အကောင့်မှတ်ပုံတင်ခြင်း Registration) ပြုလုပ်၍ လျှောက်ထားနိုင်သည်။ ထို့အပြင် မူပိုင်ခွင့်  မှတ်ပုံတင်ရုံးခွဲများမှ တစ်ဆင့်လည်း လျှောက်ထား ဆောင် ရွက်နိုင်သည်။
(က) အွန်လိုင်းမှတစ်ဆင့် စာပေနှင့်အနုပညာမူပိုင်ခွင့် လျှောက်ထား လျှင် ဆောင်ရွက်ရမည့် နည်းလမ်းများ
    (၁)    အွန်လိုင်းမှ တစ်ဆင့် စနစ်တွင် အကောင့်မှတ်ပုံတင်ခြင်း
        အကောင့်မှတ်ပုံတင်ရာတွင်https://crfile.ipd.gov.mm တွင် Register Here ကိုနှိပ်၍ အကောင့်ဖွင့်နိုင်ပါ သည်။ မှတ်ပုံတင်တစ်ခုလျှင် ကိုယ်စားလှယ်အနေဖြင့် လည်းကောင်း၊ လျှောက်ထားသူအနေဖြင့် လည်းကောင်း မတူညီသောLogin email (၂)ခုဖြင့် လျှောက်ထားနိုင် သည်။ ကိုယ်စားလှယ်အနေဖြင့် လျှောက်ထားမည် ဆိုပါ က မူပိုင်ခွင့်ဦးစီးဌာနမှ ပေးအပ်သော စာပေနှင့် အနု ပညာ မူပိုင်ခွင့် ကိုယ်စားလှယ် သင်တန်းဆင်းလက်မှတ် နှင့် Certificate No  ကိုထည့်သွင်းရမည်ဖြစ်သည်။ လျှောက် ထားမှု အောင်မြင်ပါက စနစ်အတွင်းသို့ မိမိဖွင့်လှစ်ထား သောLogin  Email  Password  တို့ဖြင့် ဝင်ရောက်နိုင်ပါ သည်။ 
    (၂)    မိမိလျှောက်ထားလိုသော လျှောက်လွှာ (Application) အမျိုးအစားကို ရွေးချယ်ခြင်း
        မှတ်ပုံတင်လျှောက်လွှာ လျှောက်ထားခြင်းတွင် 
        -     စာပေ သို့မဟုတ် အနုပညာလက်ရာမှတ်ပုံတင် လျှောက်ထားခြင်း (CR-1)
        -    ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ  ကိစ္စရပ် မှတ်ပုံတင်  လျှောက်ထားခြင်း (CR-2) တို့ကို လျှောက်ထားနိုင်ပါသည်။
        နောက်ဆက်တွဲလျှောက်လွှာ လျှောက်ထားခြင်းတွင်
        -    လျှောက်ထားချက်တွင် ပါရှိသည့် စာအရေးအသား အမှားနှင့် ပြင်ဆင်ခွင့်ပြုနိုင်သည့် အခြားမှားယွင်းမှု များကို ပြင်ဆင်ပေးရန် လျှောက်ထားခြင်း (CR-3
        -    မှတ်ပုံတင်လျှောက်ထားချက်ကို  ရုပ်သိမ်းပေးရန် လျှောက်ထားခြင်း (CR-4)
        -    မှတ်ပုံတင်လက်မှတ်မိတ္တူမှန် ထုတ်ပေးရန် လျှောက် ထားခြင်း (CR-5)
        -    မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ထားသော စာ အရေးအသား အမှားနှင့် ပြင်ဆင်ခွင့်ပြုနိုင်သည့် အခြားမှားယွင်းမှုများကို ပြင်ဆင်ပေး ရန် လျှောက် ထားခြင်း CR-6)
        -    စီးပွားရေးဆိုင်ရာ အခွင့်အရေးလွှဲပြောင်းခြင်းကို မှတ်တမ်းတင်ပေးရန် လျှောက်ထားခြင်း (CR-7)
        -    စီးပွားရေးဆိုင်ရာ  အခွင့်အရေး လွှဲပြောင်းခြင်းပြု သည့် မှတ်တမ်းများကို ပြင် ဆင်ပေးရန် သို့မဟုတ် ပယ်ဖျက်ပေးရန် လျှောက်ထားခြင်း (CR-8)
        -    မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ပေးရန် လျှောက် ထားခြင်း (CR-9)
        -    ကိုယ်စားလှယ်အမည်  ပြောင်းလဲပြင်ဆင်ပေးရန် လျှောက်ထားခြင်း (CR-11)
        -    သတ်မှတ်ထားသည့် အချိန်ကာလအား တိုးမြှင့်ပေး ရန် လျှောက်ထားခြင်း (CR-12) တို့ကို လျှောက်ထား နိုင်သည်။
    (၃)    အချက်အလက်များ ဖြည့်သွင်းလျှောက်ထားခြင်း 
        စာပေ သို့မဟုတ် အနုပညာလက်ရာမှတ်ပုံတင်လျှောက် ထား ခြင်း (CR-1) ကို အောက်ပါအတိုင်း ဖြည့်သွင်းရ မည်ဖြစ်ပြီး ဂ ပြထားသည့်အချက်များ မဖြစ်မနေ ဖြည့် သွင်းပေးရမည် ဖြစ်သည်-
    (ကက) လျှောက်ထားသူ (Applicant)
        -    *လျှောက်ထားသူအမျိုးအစား ရွေးချယ်ရန်
        -    မူလလက်ရာရှင် (Author)၊
        -    အမွေဆက်ခံသူ Heir)၊
        -    တည်ဆဲဥပဒေတစ်ရပ်ရပ်အရ စီးပွားရေးဆိုင်ရာ အခွင့်အရေးကို လွှဲပြောင်းပေးခြင်းခံရသူ (Assignee)၊
        -    ပေးကမ်းခြင်း သို့မဟုတ် လှူဒါန်းခြင်းခံရသူ (Donee))၊ 
        -    ပထမမူပိုင်ခွင့်ပိုင်ရှင်အဖွဲ့အစည်း (Copyright First Owner Organization)ကို ရွေးချယ်ရပါ မည်။
            လျှောက်ထားသူသည် ပုဂ္ဂိုလ်တစ်ဦးချင်းအမည် သို့မဟုတ် နိုင်ငံခြားသား လျှောက်ထားခြင်း ဖြစ် လျှင် 
        -    *အမည်၊ 
        -    *နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် သို့မဟုတ် ဂနိုင်ငံကူး လက်မှတ်အမှတ် (နိုင်ငံခြားသား ဖြစ်ပါက)
        -   *နိုင်ငံသား၊ 
        -   *အမြဲတမ်း နေထိုင်ရာနိုင်ငံအမည်၊ 
        -    *နေရပ်လိပ်စာအပြည့်အစုံ၊ 
        -    *နိုင်ငံ၊ 
        -   *တယ်လီဖုန်းနံပါတ် နှင့်  အီးမေးလ်လိပ်စာတို့ကို ဖြည့်သွင်းပေးရမည်။
            လျှောက်ထားသူသည် တရားဝင် တည်ထောင် ထားသော  အဖွဲ့အစည်း (ကုမ္ပ ဏီ) အမည်ဖြင့် လျှောက်ထားခြင်းဖြစ်လျှင်
        -    *အဖွဲ့အစည်း(ကုမ္ပဏီ) အမည် အပြည့်အစုံ၊ 
        -    *အဖွဲ့အစည်း (ကုမ္ပဏီ) မှတ်ပုံတင်အမှတ်၊ 
        -    *အဖွဲ့အစည်း(ကုမ္ပဏီ) အမျိုးအစား၊ 
        -    * လိပ်စာအပြည့်စုံ၊ 
        -    * နိုင်ငံ ၊ 
        -    *တယ်လီဖုန်းနံပါတ် နှင့် အီးမေးလ်လိပ်စာတို့ကို ဖြည့်သွင်းပေးရ မည်။
    (ခခ)    မူလလက်ရာရှင် (Author) 
            လျှောက်ထားသူသည် မူလလက်ရာရှင် သို့မဟုတ် ပထမမူပိုင်ခွင့် ပိုင်ရှင်အဖွဲ့အစည်းဖြစ်လျှင် မူလ လက်ရာရှင် အချက်အလက်များအား ဖြည့်စွက် ရန် မလိုပါ။ အမွေဆက်ခံသူ Heir)၊ တည်ဆဲ ဥပဒေတစ်ရပ်ရပ်အရ စီးပွားရေးဆိုင်ရာ အခွင့် အရေးကို လွှဲပြောင်းပေးခြင်းခံရသူ (Assignee)၊ ပေးကမ်းခြင်း သို့မဟုတ် လှူဒါန်းခြင်းခံရသူ (Donee))ဖြစ်ပါက အောက်ပါ အချက် အလက် များကို မဖြစ်မနေ ထည့်သွင်းရမည်ဖြစ်သည်-
            မူလလက်ရာရှင်သည် မြန်မာနိုင်ငံသား သို့မဟုတ် နိုင်ငံခြားသား ဖြစ်လျှင် 
        -    *အမည်၊ 
        -    အခြားအမည်(ရှိလျှင်)-အနုပညာအမည်ကို ဖော်ပြရမည်၊ 
        -    *နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် သို့မဟုတ် ဂနိုင်ငံကူးလက်မှတ်အမှတ် (နိုင်ငံခြားသား ဖြစ်ပါက)
        -    *နိုင်ငံသား၊ 
        -    *အမြဲတမ်းနေထိုင်ရာနိုင်ငံအမည်၊ 
        -    *နေရပ်လိပ်စာအပြည့်အစုံ၊ 
        -    *နိုင်ငံ၊ 
        -    *တယ်လီဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာတို့ကို ဖြည့်သွင်းပေးရမည်။
မှတ်ချက်။    မူလလက်ရာရှင်တစ်ဦးထက်ပိုလျှင် CRFile System  တွင် ထပ်မံဖြည့်စွက်နိုင်ပါသည်။
        (ဂဂ)     ကိုယ်စားလှယ် Representative) (ရှိလျှင်)
        ကိုယ်စားလှယ်ရှိလျှင်
        -    *အမည်၊ 
        -    *နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ 
        -   *လိပ်စာအပြည့်အစုံ(ကိုယ်စားလှယ်၏လုပ်ငန်း ဆောင်ရွက်သည့် လိပ်စာ)၊ 
        -    *တယ်လီဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာတို့ကိုဖြည့်သွင်းပေးရမည်။
            ကိုယ်စားလှယ်လွှဲအပ်ရာတွင် လျှောက်ထားချက် တစ်ခုအတွက် ကိုယ်စားလှယ်တစ်ဦးသာ လွှဲ အပ်ရမည်။ ကိုယ်စားလှယ်လွှဲအပ်၍ ဆောင် ရွက်လျှင်   ကိုယ်စားလှယ်လွှဲစာ (CR-10) ကို ပူးတွဲတင်ပြရမည်။
        (ဃဃ) လက်ရာအမျိုးအစား Type of Work)
        -    မိမိလျှောက်ထားမည့် စာပေလက်ရာ၊ အနုပညာ လက်ရာ၊ ပြဇာတ်လက်ရာ၊ တေးဂီတလက်ရာ၊ အရုပ်အသံလက်ရာ၊ ရုပ်ရှင်ဖန်တီးမှုလက် ရာ၊ အသုံးချအနုပညာလက်ရာ၊ ဓာတ်ပုံလက်ရာ၊ ဆင့်ပွားလက်ရာနှင့် အခြားလက်ရာ အမျိုး အစား အလိုက် “သက်ဆိုင်ရာ  လက်ရာအား အမှတ်အသားပြုပါ”ဆိုသည့်  အကွက်တွင် အမှတ်အသား  ( ) ပြု ရမည်။
        (ငင)      လက်ရာနှင့်သက်ဆိုင်သည့် အချက်အလက် များ (Work Information)
        -    လက်ရာခေါင်းစဉ်* ဖြည့်သွင်းခြင်း၊ 
        -    လက်ရာအမျိုးအစားအား တိကျစွာဖော်ပြချက်*(ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး၊ မဂ္ဂဇင်း၊ ဇာတ်ညွှန်း၊ ဂျာနယ်၊ စာစောင်၊ သီချင်းစာသား၊ ကွန်ပျူတာ ပရိုဂရမ်၊ အခြား)ကို ရွေးချယ်ခြင်း၊ အခြားအမျိုး အစားဖြစ်လျှင် လက်ရာအမျိုးအစားကို ဖြည့် သွင်းရမည် ဖြစ်ပါသည်။
        -    ဆင့်ပွားလက်ရာဖြစ်လျှင်* (ဆင့်ပွားလက်ရာ များဖြစ်သော  စာပေ သို့မဟုတ် အနုပညာ လက်ရာများကို ဘာသာပြန်ဆိုခြင်း၊ မှီငြမ်းခြင်း၊ စီစဉ်ခြင်း၊ ပြောင်းလဲခြင်း၊ ပြုပြင်ခြင်းဖြစ်လျှင် မူလလက်ရာ၏ ခေါင်းစဉ်ဂ နှင့် မူလလက်ရာရှင် အမည်ဂကို ထည့်သွင်းဖော်ပြရမည်)- 
        -    လက်ရာကို ဖန်တီးသည့်ရက်စွဲ*၊ 
        -    လက်ရာကိုဖန်တီးသည့်နိုင်ငံ*၊
        -    လက်ရာကို အများပြည်သူ ရရှိခံစားနိုင်စေရန် ဆောင်ရွက်သည့် ရက်စွဲနှင့် 
        -    လက်ရာကိုထုတ်ဝေထားခြင်း ရှိ/မရှိ* (ရှိလျှင် ပထမအကြိမ် ထုတ်ဝေသည့်ရက်စွဲဂ၊ ပထမ အကြိမ် ထုတ်ဝေသည့်နိုင်ငံဂ၊ အခြား နိုင်ငံတွင် ပထမအကြိမ်ထုတ်ဝေခြင်းဖြစ်လျှင် နိုင်ငံတော် တွင် ထုတ်ဝေသည့် ရက်စွဲ)တို့ကို ဖြည့်သွင်းရ မည်ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်။)

အိုင်တီဌာနခွဲ