အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် ဆက်စပ် နေသော အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၁၃)ဖြင့်ပြဋ္ဌာန်းခဲ့ရာ အခန်း ငါးခန်းနှင့် ပုဒ်မ- ၁၂ ခုပါရှိပြီး အခန်း (၁) အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်တွင် အရေးကြီးကုန်စည်ဆိုသည်မှာ ဤဥပဒေအရ ဝန်ကြီးဌာန တစ်ခုခုက အခါအားလျော်စွာ သတ်မှတ်သော သက်ရှိကုန် စည်တစ်မျိုးမျိုးကို ဆိုလိုကြောင်း အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၁၁ ပုဒ်မခွဲ(ခ)အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ခွင့်ကို ကုန်သွယ်ရေးဦးစီးဌာနအား ၂၀၂၃ ခုနှစ် ဇူလိုင် ၂၁ ရက် အမိန့်ကြော်ငြာစာ(၄၉/၂၀၂၃)ဖြင့် အပ်နှင်း ခဲ့ပြီးဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၄ ပုဒ်မခွဲ (ဂ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ရက် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့် ကို ထုတ်ပြန်ခဲ့ပြီး ၎င်းအမိန့်တွင် မည်သူမဆို အွန်လိုင်းစနစ် ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက် ထားရရှိပြီးမှ လုပ်ကိုင်ရမည်ဟု ပြဋ္ဌာန်းခဲ့သည်။
အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင် ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လိုသူသည် ဦးစီးဌာနက သတ်မှတ်သော လျှောက်လွှာပုံစံတွင် ဖြည့်သွင်း၍ အွန်လိုင်း စနစ်ဖြင့် ဦးစီးဌာနသို့ မှတ်ပုံတင်လက်မှတ် လျှောက်ထားရ မည် ဖြစ်သည်။
မှတ်ပုံတင်ကြေးနှင့် အွန်လိုင်းဝန်ဆောင်ခကို ဦးစီးဌာန က သတ်မှတ်သည့် ဒီဂျစ်တယ်ငွေပေးချေမှုဖြင့် ပေးရမည်ဖြစ် ပြီး အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်လက်မှတ်ထုတ်ပေးမည်ဖြစ် သည်။ မှတ်ပုံတင်လက်မှတ်၏ သက်တမ်းသည် စတင်ထုတ် ပေးသည့် နေ့ရက်မှ နှစ်နှစ်တိတိ ပြည့်မြောက်သည့်နေ့အထိ ဖြစ်ပြီး မှတ်ပုံတင်လက်မှတ်၏ သက်တမ်းမကုန်မီ ရက်ပေါင်း ၆၀ ကြိုတင်၍ မှတ်ပုံတင်လက်မှတ် သက်တမ်းတိုး လျှောက် ထားရမည်ဖြစ်သည်။ သက်တမ်းတိုး လျှောက်ထားခြင်းမရှိပါ က မှတ်ပုံတင်လက်မှတ် သက်တမ်းကုန်ဆုံးသည့် နေ့ရက်တွင် အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်။
မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့်ရောင်း ချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ပါက အရေးကြီး ကုန် စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ(၅)အရ အနည်းဆုံး ထောင် ဒဏ် ခြောက်လမှ အများဆုံး ထောင်ဒဏ် သုံးနှစ်ထိ ချမှတ်နိုင် သည့်အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်း ချ မှတ်ခြင်းခံရမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်သူတိုင်း မှတ်ပုံတင်လက်မှတ်လျှောက်ထားကြရန် လိုအပ်ကြောင်း အသိပေးလိုက်ရပါသည်။
သန်းသန်းတင် (မုံရွာ)