ပဲခူးခရိုင် ပျဉ်ပုံကြီးရှိ ကိုင်းတာရွာသစ်တွင် သံရည်ကျို ပုံလောင်းလုပ်ငန်းကို အများဆုံး လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ သံရည်ကျိုလုပ်ငန်းအား လုပ်ဆောင်ရာတွင် ကုန်ကြမ်းအနေဖြင့် သြွံကပ်၊ ကားအင်ဂျင်ဟောင်း၊ သံအထည်ဟောင်းများကို အသုံးပြု ကြောင်း၊ ကုန်ကြမ်းများအား ဒေသအတွင်းမှပင် ဝယ်ယူကြောင်း သိရှိရသည်။ တစ်ရက်လျှင် နန်းဆွဲ တစ်တန်ခွဲ ထုတ်လုပ်လျက်ရှိပြီး တစ်လလျှင် ပျမ်းမျှ ရက် ၃၀ ခန့်ထုတ်လုပ်ကြောင်း သိရှိရသည်။
တစ်နေ့ သံရည်ကျို ၄ တန်ထုတ်လုပ်ပြီး တစ်လပျမ်းမျှ ၂၄ ရက်ခန့် ထုတ်လုပ်ကြောင်း သိရသည်။ သံနန်းဆွဲ အနေဖြင့် အိမ် ဆောက် အုတ်ဖိနပ်တိုင်တွင်ထည့်၍ အသုံးပြုသော ကျင်တွယ် တစ် ပိဿာလျှင် ကျပ် ၅၀ဝ၀မှ ၅၅၀ဝ ထိရောင်းချသည်။ ထုတ်ကုန်အနေ ဖြင့် လယ်ယာသုံးပစ္စည်း ထွန်စက်နောက်တွဲတွင် အသုံးပြုသော ဘောအိမ်များ၊ အိုးစည်များ၊ ထည်ပိတ်များအား ထုတ်လုပ်လျက်ရှိပြီး တစ်ပိဿာလျှင် ကျပ် ၉၀ဝ၀၊ ခြံစည်းရုံးသံပန်းများတွင် အသုံးပြု လျက်ရှိသော သြွံကပ်ပန်း တစ်ပိဿာလျှင် ကျပ် ၄၅၀ဝ ခန့် ရောင်းချ ကြောင်း သိရသည်။
လုပ်သားဦးရေအနေဖြင့် ၆၀ ခန့်ရှိပြီး လက်ရှိ သံရည်ကျိုနှင့် သံနန်းဆွဲများအား ကျင်တွင်နှင့် ဖလပ်ပြား၊ ဓား၊တံစဉ် ၊သံ ၊ စက်သွား သံများကိုသာ ပြုလုပ်နိုင်ပြီး သံရည်ကျိုနှင့် သံနန်းဆွဲများကို အဆင့် မြှင့် ထုတ်လုပ်မည်ဆိုပါက ဆောက်လုပ်ရေးတွင် အသုံးပြုသော ဟောလိုထုတ်လုပ်ရန်စက်များ၊ သွပ်လိပ်ထုတ်လုပ်ရန် စက်များကို လိုအပ်လျက်ရှိပြီး ၎င်းစက်များကိုသာ အသုံးပြုနိုင်ပါက ဟောလို များ၊ သွပ်များကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထပ်မံအဆင့်မြှင့် ပါက ကြံစစ်သံချောင်းများအား ပြုလုပ်နိုင်ရေး ထပ်မံတိုးချဲ့ဆောင် ရွက်ရန် စီစဉ်လျက်ရှိကြောင်း သံနန်းဆွဲနှင့် သံရည်ကျို ကုန်ချောများ ကို ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ကော့သောင်းမြို့များသို့ တင်ပို့ ရောင်းချကြောင်း သိရှိရသည်။
အရောင်းအဝယ်အနေဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ထိုက်သင့်သော အကျိုးအမြတ်ရရှိပြီး ပဲခူးတိုင်းဒေသကြီး၏ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းရှင်ဖြစ်သည့် သံရည်ကျို ပုံလောင်းလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
စိုးမိုး (ပဲခူး)