ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက အောက်တိုဘာ ၃၀ ရက်တွင် ွှ့ငေ ျွငခန နထစသမအနမ ဗျသခငအေငသည ျွှနဘျငအနတွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၇ ဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၈ ဖြငလ့် ညး် ကောငး် ဖြစေ် ပါ်ခသဲ့ ညက် ိုသရိ ရှိ သည။်ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၂ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၇ ဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၁ ဖြင့်လည်းကောင်း၊ ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၂ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို သိရသည်။ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၈ ဖြင့်လည်းကောင်း၊ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၀၂ ဖြင့် လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ပေါင်းဆန် ၅ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၄၃ ဖြင့် လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ ွှ့ငေ ျွငခနနထစသမအနမ ဗျသခငအေငသည တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင်ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်းဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်းများမှာ ကျဆင်းလျက်ရှိကြောင်း လေ့လာတွေ့ရှိရသည်။ ဗီယက်နမ်၊ ပါကစ္စတန်နှင့်အိန္ဒိယနိုင်ငံတို့၏ ဆန်ဈေးနှုန်းများမှာလည်း ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အဓိကစားသုံးကုန်ဖြစ်သော ဆန်တင်သွင်းမှုကို တွန်းအားပေးရန်နှင့် ပြည်တွင်းဈေးကွက်တွင် ရောင်းလိုအားကို တိုးမြှင့်ရန်အတွက် ဆန်တင်သွင်းမှုအပေါ် ကောက်ခံလျက်ရှိသော အခွန်နှုန်းထားကို သိသိသာသာလျှော့ချခဲ့ကြောင်း သိရှိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမျိုးသားအခွန်ကြီးကြပ်မှုအဖွဲ့ (ျြွ) ၏ ၂၀၂၄ခုနှစ် အောက်တိုဘာ ၂၀ ရက်၌ ထုတ်ပြန်သည့် ဥပဒေစည်းမျဉ်းအရ ကုန်သည်များအနေဖြင့် ဆန်တင်သွင်းရာ၌ ယခင်က သွင်းကုန်အခွန်စုစုပေါင်း ၆၂ ဒသမ ၅ ရာခိုင်နှုန်း ပေးဆောင်ခဲ့ရာမှယခု ၂၅ ရာခိုင်နှုန်းသို့ လျှော့ချ၍ တင်သွင်းနိုင်ပြီဖြစ်ကြောင်းသိရသည်။ မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒုတိယအကြီးဆုံး စပါးသီးနှံရာသီဖြစ်သည့် ဗာညေ စေိပ ခေါ် မိုးစပါးစိုက်ပျိုးမှုကို ထိခိုက်ခဲ့ပြီးနောက် ဆန်ရောင်းလိုအား ကျဆင်းမည့်အရေး စိုးရိမ်မှုများ မြင့်တက်လာသောကြောင့် အကောက်ခွန်နှုန်းထားများ လျှော့ချခံရခြင်းဖြစ်သည်။ ယင်းသို့ လျှော့ချခြင်းကြောင့် ဆန်တစ်ကီလိုဂရမ်အတွက် တင်သွင်းမှုကုန်ကျစရိတ်မှာ တာကာငွေ ၁၄ ဒသမ၄၀လျော့နည်းသက်သာမှုရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတွင်း စားနပ်ရိက္ခာဖူလုံမှုကို အာမခံချက်ရှိစေပြီး ဆန်ဈေးနှုန်းကို သင့်တင့်သောအခြေအနေတွင် ထိန်းသိမ်းထားနိုင်ရန်အတွက် အခွန်လျှော့ချခြင်းဖြစ်ကြောင်း၊ ၎င်းနှုန်းထားအသစ်မှာ ချက်ချင်းလက်ငင်းသက်ရောက်မှုရှိမည် ဖြစ်သော်လည်း တင်သွင်းသူများအနေဖြင့်အဆိုပါ အကျိုးဖြစ်ထွန်းမှုကို ရယူခံစားနိုင်ရန်အတွက် စားနပ်ရိက္ခာဝန်ကြီးဌာန၏ အတည်ပြုချက် ရယူရန် လိုအပ်သည်။ပြည်တွင်း ဆန်ဈေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ ဆန်ဈေးကွက်(လက်ကားဈေး)တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၁၁၅၀ဝ၀ မှ ၁၂၅၀ဝ၀ ပေါက်ဈေးရှိပြီး ရွှေဘိုပေါ်ဆန်းမှာ ဆန်ဟောင်း တစ်အိတ်လျှင် ကျပ် ၁၄၀ဝ၀ဝ မှ ၁၅၀ဝ၀ဝပေါက်ဈေးရှိသည်။ ဆန်ကြမ်းဖြစ်သော ဧည့်မထ ၂၅ မှတ်တန်ဆန်နှင့် ငစိန်ဆန် တစ်အိတ်လျှင် ကျပ် ၇၁၀ဝ၀ မှ ၇၃၀ဝ၀ ကြားပေါက်ဈေးရှိကြောင်း သိရှိရသည်။ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဆန်၊ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၇၁၅၀ဝ၀ကျော်ပိုမိုခဲ့ပြီး ယခုတစ်ပတ်တွင် ဧည့်မထဆန်၊ ပေါင်းဆန်နှင့် ပေါ်ဆန်းဆန် အမျိုးအစားတို့ တင်ပို့ခဲ့ပြီးဆန်အမျိုးအစားများ၏ ပြည်ပပို့ကုန် ဆန်ဈေးနှုန်းတွင်လည်းယခင်နှစ်ကာလတူ အောက်တိုဘာလ နောက်ဆုံးပတ်ထက် ၄ရာခိုင်နှုန်းခန့် ပိုမိုရရှိသဖြင့် ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှာ တန်ဖိုးအားဖြင့် ကာလတူထက် အမေရိကန်ဒေါ်လာ ၃၄၆ သန်းကျော် ပိုမိုရရှိသည်။မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင်အောက်တိုဘာ ၂၉ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရဆနေ် ချာတစအ် တိ လ် ျှင ် ၂၇၉ ယမွ ် ဝနး် ကျငရ် ြှိပးီ (ပြငပ် ငေလွ နဲ နှု း်၁ ယွမ်လျှင် ၆၄၈ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ်အိတ်လျှင်၁၈၀ဝ၀ဝ ကျပ်ကျော်) ပေါက်ဈေးရှိကြောင်း သိရှိရသည်။ မြန်မာထိုင်း
နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် အောက်တိုဘာ ၂၉ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် ၁ ဘတ်လျှင် ၁၃၆ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရသည်။တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန်ဈေးနှုန်းများကို လေ့လာကြည့်ပါကဧည့်မထဆန် တစ်ပြည်လျှင် လွိုင်ကော်မြို့တွင် ကျပ် ၅၀ဝ၀ ဖြင့်အမြင့်ဆုံး ဈေးနှုန်းဖြစ်ပေါ်ခဲ့ပြီး ပဲခူးနှင့် ပြည်မြို့တို့တွင် ဧည့်မထဆန် တစ်ပြည်လျှင် ကျပ် ၃၀ဝ၀ ဖြင့် အနိမ့်ဆုံး ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။ွှမေိငညါ နခသညသာငချ ျွှနဘျငအန တွင်ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ဝ၉ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းလျက်ရှိ ကြောင်းသိရှိရသည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်တွင်နိုင်ငံတကာ ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ်တင်ပြအပ်ပါသည်။
Background