ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် အောက်တိုဘာ ၂၈ ရက် ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၅ နိုင်ငံအနက် ဆူရီနမ်နိုင်ငံသည် ယခုတစ်ပတ် တွင် ၃ ဒသမ ၉၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်ခဲ့ပြီး သြစတြေးလျနိုင်ငံတွင် ၁ ဒသမ ၉၀ ရာခိုင်နှုန်း၊ နယူးဇီလန် နိုင်ငံတွင် ၁ ဒသမ ၈၀ ရာခိုင်ေနှုန်းနှင့် အိုင်ယာလန်နိုင်ငံတွင် ၁ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့ သည့် နိုင်ငံပေါင်း ၂၈ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန ၏ ယခုတစ်ပတ်အတွက် အောက်တိုဘာ ၂၈ ရက် ဖော်ပြချက်၌ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ ဟောင်ကောင်၊ ဂျပန်၊ ပါကစ္စတန်၊ အီတလီ၊ ဂျော်ဒန်၊ ကင်ညာ၊ သီရိလင်္ကာနှင့် ဇင်ဘာဘွေ စသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၇၂ နိုင်ငံတွင် ယခင်အပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည် ငြိမ်နေကြောင်း တွေ့ရှိရသည်။
ဓာတ်ဆီဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ နော်ဝေ၊ ကနေဒါ၊ နယ်သာ လန်၊ ပီရူးနှင့် ဘူလ်တန် စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်း မှ ၆ ဒသမ ၃၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရ သည်။
အာဆီယံနိုင်ငံများ၏ အောက်တိုဘာ ၂၈ ရက်နေ့ ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီဈေးနှုန်းများ အနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ထိုင်း နိုင်ငံတွင် သုည ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံတွင် သုည ဒသမ ၅၀ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံတို့တွင် သုည ဒသမ ၃၀ ရာခိုင်နှုန်းနှင့် ဖိလစ်ပိုင်နိုင်ငံတွင် သုည ဒသမ ၈၀ ရာခိုင်နှုန်း ဖြင့် ဈေးနှုန်းများ ကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။
ဒီဇယ်ဆီဈေးနှုန်းသည် အောက်တိုဘာ ၂၈ ရက် ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၅ နိုင်ငံအနက် ဆူရီနမ်နိုင်ငံသည် ယခုတစ်ပတ်တွင် ၃ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး အာဂျင် တီးနားနိုင်ငံတွင် ၃ ဒသမ ၇၀ ရာခိုင်နှုန်း၊ နယူးဇီလန်နိုင်ငံတွင် ၂ ဒသမ ၇၀ ရာခိုင်နှုန်းနှင့် တူရကီ(တူကီယဲ) နိုင်ငံတွင် ၂ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၂၆ နိုင်ငံရှိကြောင်း တွေ့ရသည်။
ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဟောင်ကောင်၊ ဂျပန်၊ နီပေါ၊ ကိုလံဘီယာ၊ အီတလီ၊ ဂျော်ဒန်၊ ကင်ညာ၊ သီရိလင်္ကာနှင့် ဇင်ဘာဘွေ စသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဒီဇယ်ဈေးနှုန်း တည်ငြိမ် နေကြောင်း တွေ့ရှိရသည်။
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် မြန်မာ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ နော်ဝေ၊ နယ်သာလန်နှင့် ဖင်လန် စသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုညဒသမ ၁၀ ရာခိုင်နှုန်း မှ ၄ ဒသမ ၆၀ ရာခိုင်နှုန်း ထိ ဈေးနှုန်းကျဆင်းခဲ့ ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏ အောက်တိုဘာ ၂၈ ရက် ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန တွင် ဖော်ပြထားရှိသည့် ဒီဇယ်ဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် ၂ ဒသမ ၇၀ ရာခိုင် နှုန်း၊ ဖိလစ်ပိုင်နိုင်ငံတွင် သုည ဒသမ ၄၀ ရာခိုင်နှုန်းနှင့် ဗီယက်နမ် နိုင်ငံတွင် ၁ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ ကျဆင်းခဲ့ပြီး ကျန် အာဆီယံနိုင်ငံများတွင် ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေ ကြောင်း လေ့လာတွေ့ရှိရသည်။
ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီ ဈေးနှုန်းများမှာ အောက်တိုဘာ ၂၉ ရက်တွင် အောက်တိန်း-၉၂ တစ် လီတာလျှင် ကျပ် ၃၀၈၀၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ကျပ် ၃၂၉၀၊ ဒီဇယ်တစ်လီတာလျှင် ၂၆၁၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ် လီတာလျှင် ကျပ် ၃၂၆၀ အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၄၂၅၀၊ ဒီဇယ် တစ် လီတာလျှင် ကျပ် ၄၁၀ဝ၊ ကလေးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၄၀ဝ၀၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၃၃၂၀ ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး ရန်ကုန်မြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၃၂၉၀၊ ဒီဇယ် တစ်လီတာလျှင် ၂၆၁၅ ကျပ်၊ ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာ လျှင် ကျပ် ၃၃၀ဝ၊ ဒီဇယ်တစ်လီတာလျှင် ၂၆၂၅ ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ ၏ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် လျှင် ဓာတ်ဆီတစ်လီတာလျှင် ၁၅ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၇၅ ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း လေ့လာသုံးသပ် တင်ပြ အပ်ပါသည်။
Background