အလည်အပတ် နိုင်ငံကူးလက်မှတ် PV အမျိုးအစားမှ Passport for Job(PJ) အမျိုးအစား နိုင်ငံကူးလက်မှတ် လျှောက် ထားလာပါက နိုဝင်ဘာ ၁ ရက်မှစ၍ လက်ခံဆောင်ရွက်ပေးလျက် ရှိကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ ထုတ်ပြန် ထားသည်။
ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက် လုပ်ကိုင်ကြမည့် မြန်မာနိုင်ငံသားများသည် Passport for Job(PJ)အမျိုးအစား လျှောက်ထားရမည့်အစား Passport for Visit(PV) အမျိုးအစား နိုင်ငံကူးလက်မှတ်လျှောက်ထားပြီး ထွက်ခွာကြသဖြင့် လေဆိပ် တွင် အဆင်မပြေမှုများဖြစ်ပေါ်လျက်ရှိပြီး အလုပ်သမားဝန်ကြီး ဌာနမှ သတ်မှတ်ထားသည့် အလုပ်အကိုင်ဆိုင်ရာ အထောက် အထားဖြင့် ၎င်းတို့၏ သက်တမ်းရှိ PV အမျိုးအစားအား PJ အမျိုး အစား နိုင်ငံကူးလက်မှတ် လျှောက်ထားလာပါက နိုဝင်ဘာ ၁ ရက် မှစ၍ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပေး ပန်ကြား ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ပြည်နိုင်ငံများတွင် အလုပ်အကိုင်လုပ်ကိုင်ခွင့် Passport for Job(PJ) နိုင်ငံကူး လက်မှတ်ဖြင့် အလုပ်သမား သက်သေခံကတ်ရှိမှသာ ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့်ပြုမည် ဖြစ်ကြောင်းလည်း အလုပ်သမားဝန်ကြီးဌာနက အသိပေး ထုတ် ပြန်ထားကြောင်း သိရသည်။
Background