Main menu

Background

ငွေချေးသက်သေခံလက်မှတ် ငွေကြေးထောက်ပံ့ရေး ကုမ္ပဏီများ

Tue, 11/05/2024 - 12:17 -- journal_editor

စတော့ရှယ်ယာ ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ငွေ ကြေးထောက်ပံ့ရေးကုမ္ပဏီများ ဖွဲ့စည်းထူထောင်ကြပြီး ယင်းတို့ ကို Securities Finance Company, SFC) ဟုခေါ်ဆိုကြသည်။ နိုင်ငံတစ်ခုချင်းအလိုက် ပြဋ္ဌာန်းထားသည့် ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းလဲလှယ်ရောင်းဝယ်ရေး ဥပဒေ Securities Exchange Law)၊ နည်းဥပဒေများအရ လိုင်စင်ရယူကာ ထူ ထောင်ကြပြီး သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းများအဖြစ် ရပ် တည်ကြသည်။
SFC  များကို ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းနှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများအားလုံး၏ ရှယ်ယာထည့်ဝင် ငွေများဖြင့်  ထူထောင်ကြသလို  နိုင်ငံပိုင်အဖွဲ့အစည်းအဖြစ် သီးခြားထူထောင်ကြသည်လည်း ရှိသည်။ ဥပမာ - ထိုင်းနိုင်ငံ SFC  သည် ထိုင်းစတော့အိပ်ချိန်းမှ ၄၀ ရာခိုင်နှုန်း၊ ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ၁၀ ရာခိုင်နှုန်း၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ များစုပေါင်း၍ ၁၀ ရာခိုင်နှုန်း၊ အာမခံကုမ္ပဏီများမှ ၃ ရာခိုင်နှုန်း၊ ပိုင်ဆိုင်မှုစီမံခန့်ခွဲသည့် အဖွဲ့များမှ ၄ ရာခိုင်နှုန်း၊ ပုဂ္ဂလိကဘဏ် အချို့မှ ၄ ရာခိုင်နှုန်းနှင့် အခြားသော ဘဏ္ဍာရေးအဖွဲ့များမှ ၃၀ ရာခိုင်နှုန်းခန့် ထည့်ဝင်ကာ ဖွဲ့စည်းထားသည်။ တရုတ်နိုင်ငံSFC ကိုမူ ရှန်ဟိုင်းစတော့အိတ်ချိန်း၊ ရှင်ဇင်းစတော့အိပ်ချိန်း၊ တရုတ် ငွေချေး  သက်သေခံလက်မှတ်များ လက်ခံထိန်းသိမ်းရေးနှင့် စာရင်းရှင်းလင်းရေးဌာန၊ ရှန်ဟိုင်းဖျူးချားအိတ်ချိန်း၊ တရုတ် ငွေကြေးနှင့် ဖျူးချားအိတ်ချိန်း၊ ဒါလျမ်းကုန်စည်ဒိုင်နှင့် ဇန်ဇူး ကုန်စည်ဒိုင်တို့ဖြင့် ဖွဲ့စည်းထားသည်။
SFC  များ  ဖွဲ့စည်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက် များမှာ-
    (က)    ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းများ  ဆောင် ရွက်ရာတွင် ငွေဖြစ်လွယ်မှု ရှိစေရေးအတွက် စတော့ ရှယ်ယာများ၊ ငွေကြေးများ ပံ့ပိုးထောက်ပံ့နိုင်ရန်၊
    (ခ)    အရင်းအနှီးဈေးကွက်   ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပရောဒတ်အသစ်များ  ထွက်ပေါ်ရေး၊ ဝန်ဆောင်မှု အသစ်များ ထွက်ပေါ်လာစေရန်၊
    (ဂ)    သတင်းအချက်အလက်နည်းပညာ ဖွံ့ဖြိုးစေရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လေ့ကျင့်ပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ကာ ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန်၊
    (ဃ)    ရှယ်ယာရှင်များ၊ ဖောက်သည်များနှင့် အဖွဲ့အစည်း ကြီး တစ်ရပ်လုံးအတွက် လိုအပ်ချက်များကို ဖြည့်စွမ်း ပေးရန်နှင့်
    (င)    နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်ရန် စသည်တို့ဖြစ်သည်။
SFC  များ၏ အဓိက လုပ်ငန်းတာဝန်များမှာ -
    (က)    ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများနှင့် ဆက် စပ်နေသည့် လုပ်ငန်းများအတွက် ငွေကြေးထောက် ပံ့ပေးခြင်း၊ ငွေချေးသက်သေခံ  လက်မှတ်များ တာဝန်ခံဖြန့်ချိသည့် underwriting လုပ်ငန်းများ ချောမွေ့စွာ  ဆောင်ရွက်နိုင်ရေးအတွက် ထပ်ဆင့် အာမခံပေးခြင်း၊ ငွေကြေးလိုအပ်ချက်များကို ပံ့ပိုး ပေးခြင်း၊
    (ခ)     ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေးလုပ် ငန်းတွင် မာဂျင် ချေးငွေများချေးပေးခြင်း၊
    (ဂ)    ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေးတွင် လိုအပ်သည့် စတော့ရှယ်ယာများ ချေးငှားပေးခြင်း စသည်တို့ ဖြစ်သည်။
SFC ၏ ဝန်ဆောင်မှုလုပ်ငန်းများ
ချေးငွေထောက်ပံ့ရေး။    ။ စတော့ဈေးကွက်မှတစ်ဆင့် စာရင်းဝင်  စတော့များကို ဝယ်ယူရင်းနှီးမြှုပ်နှံလိုသူများအတွက် ချေးငွေများ  ထောက်ပံ့ပေးသည်။ ထို့အပြင် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများရှိ ဖောက်သည်များ၏ ငွေပေးချေရန် ကျန်ရှိသည့် စာရင်း (Credit Balance) ) များအတွက်လည်း ချေးငွေထောက်ပံ့ မှုများကို ဆောင်ရွက်ပေးသည်။SFC  တို့သည် အနည်းဆုံးတစ်လ တွင် တစ်ကြိမ်  ၎င်းတို့၏ အင်တာနက်ဝက်ဘ်ဆိုက်မှ  တစ်ဆင့် ဖောက်သည်များ၏  ကနဦးထားရှိရမည့် မာဂျင်ပမာဏ၊ ပေး သွင်းရန်ကျန်ရှိသည့်ငွေများ၊ မဖြစ်မနေပေးသွင်းရမည့် ငွေကြေး ပမာဏ စသည်တို့ကို ထုတ်ပြန်ကြေညာပေးသည်။ 
    ထို့အပြင် မာဂျင်စာရင်းတွင်ရှိနေသည့် စတော့ရှယ်ယာများ နှင့်ပတ်သက်သည့် အချက်များဖြစ်သည့် ငွေဖြစ်လွယ်မှု အခြေ အနေ၊ အခြေခံအကြောင်းချင်းရာများနှင့် ဆုံးရှုံးနိုင်ခြေရှိမှုတို့ ကိုလည်း ထုတ်ပြန်ပေးသည်။ ထို့အတူပင် မာဂျင်စာရင်းများရှိ ချေးငွေလက်ကျန်များကို အနီးကပ် စောင့်ကြည့်ကာ ယင်းချေးငွေ နှင့် ကိုက်ညီသည့် ဖောက်သည်တစ်ဦးချင်းအလိုက် ထားရှိသည့် အပေါင်ပစ္စည်း (collateral)များ လောက်ငမှု ရှိ၊ မရှိကိုလည်း စောင့်ကြည့်သည်။ အကယ်၍ ထားရှိသည့် အပေါင်ပစ္စည်းသည် သတ်မှတ်ထားသည့် အဆင့်တစ်ခုထက် နိမ့်ကျသွားပါကSFC သည် ဖောက်သည်တစ်ဦးချင်းအလိုက် လိုအပ်သည့် ငွေများကို ဖြည့်စေခြင်း (သို့မဟုတ်)  ကိုင်ဆောင်ထားသည့် စတော့များကို ထုတ်ရောင်းစေခြင်း စသည့် ညွှန်ကြားမှုများကို ပြုလုပ်သည်။ ထိုသို့ဆောင်ရွက်ပေးခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများအနေနှင့် မိမိတို့ ပုံမှန်ရင်းနှီးမြှုပ်နှံမှုထက် ပိုမိုသည့် ဝင်ငွေများကို ရရှိစေ မည်ဖြစ်သည်။
ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများသို့ ချေးငွေထောက်ပံ့ ခြင်း ။    ။SFC  သည် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများ ၏ ငွေဖြစ်လွယ်မှု မြန်ဆန်စေရေး၊  ကြွေးမြီလက်ကျန် ဖြည့်တင်း ရေးနှင့် ၎င်းတို့ကိုယ်ပိုင်ဖောက်သည်များကို ငွေကြေး ထောက်ပံ့ နိုင်ရေးအတွက် ချေးငွေများ ထုတ်ချေးပေးသည်။ ငွေချေးသက် သေခံလက်မှတ် ကုမ္ပဏီများသို့  ထုတ်ချေးပေးသည့်အတွက် အပေါင်ပစ္စည်းရယူခြင်းမရှိဘဲ ကာလသက်တမ်း သတ်မှတ်ကာ ချေးပေးခြင်းဖြစ်သည်။
ဝန်ထမ်းများ ရှယ်ယာပိုင်ဆိုင်ခွင့် အစီအစဉ် ESOP အတွက် ချေး ငွေထောက်ပံ့ခြင်း။    ။ ကုမ္ပဏီဝန်ထမ်းများနှင့် ဒါရိုက်တာ အဖွဲ့ဝင်များအတွက် ၎င်းတို့၏ မိခင်ကုမ္ပဏီမှ ထုတ်ဝေသည့် ရှယ် ယာများကို ဝယ်ယူပိုင်ဆိုင်သည့်အစီအစဉ် (Employee Stock Ownership Program, ESOP)  အတွက်SFC မှ ချေးငွေများ ထောက်ပံ့ပေးသည်။  ESOP အစီအစဉ်တွင် ပါဝင်လိုသည့် ဝန်ထမ်းသည် ချေးငွေအဆိုပြုလွှာ ကို မိမိကုမ္ပဏီမှတစ်ဆင့်  SFC သို့ ပေးပို့ရသည်။ ချေးငွေရရှိပါက မိမိကုမ္ပဏီမှ ရှယ်ယာများ အများပြည်သူသို့ ထုတ်ဝေရောင်းချခြင်းမပြုမီ အထူးဈေးနှုန်းဖြင့် ဝယ်ယူရရှိသည်။   ဝန်ထမ်းအနေဖြင့်  မိမိရယူထားသည့် ချေး ငွေကို လစာစာရင်းမှတစ်ဆင့် ပြန်လည်ဖြတ်တောက်သည်။ ထို့အပြင်SFC သည် ဝန်ထမ်းများ မိမိကုမ္ပဏီ  ရှယ်ယာများ ဝယ်ယူရေးအစီအစဉ်အတွက် ပညာပေးရေးလုပ်ငန်းများနှင့် အကြံÓဏ်ပေးခြင်း  လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေး သည်။
ငွေချေးသက်သေခံလက်မှတ်များ ထုတ်ချေးခြင်း/ ချေးငှား ခြင်း။        ။SFC   သည် ငွေချေးသက်သေခံ လက်မှတ်များ ထုတ် ချေးခြင်း/ချေးငှားခြင်းများအတွက် အာမခံ အပေါင်ပစ္စည်းများ လက်ခံခြင်း/ပေးအပ်ခြင်းကို ငွေချေးသက်သေခံလက်မှတ် လုပ် ငန်း စည်းမျဉ်းများအရ ဆောင်ရွက်ရသည်။SFC သည် စတော့ ရှယ်ယာများ ချေးငှားသူထံသို့ သတ်မှတ်ထားသည့် ရှယ်ယာ အမျိုးအစားများကို ထုတ်ချေးပေးရန်တာဝန်ရှိပြီး ချေးငှားသူက လည်း သတ်မှတ်ထားသည့် ကာလအတွင်း ပြန်လည်ပေးအပ်ရန် တာဝန်ရှိသည်။ ဆုံးရှုံးနိုင်ခြေကိုကာကွယ်သည့်အနေဖြင့်  စတော့ ရှယ်ယာများ ချေးငှားသူသည် မိမိပိုင်ဆိုင်သည့်  ဗျနအျ များကိုSFC သို့   အပေါင်အဖြစ်ပေးအပ်ရန် တာဝန်ရှိသည်။ အပေါင် ပစ္စည်းသည်  နှစ်ဦးနှစ်ဖက် သဘောတူသည့် မည်သည့်ပစ္စည်း မဆိုဖြစ်နိုင်ပြီး ပေးအပ်ရမည့်ပမာဏမှာ မိမိဝယ်ယူမည့် ရှယ်ယာ များ၏တန်ဖိုးနှင့် အနီးစပ်ဆုံးဖြစ်ရန် လိုအပ်သည်။ အများအား ဖြင့် ဤချေးငွေ အစီအစဉ်ကို အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံ သူများသို့ ဦးစားပေး ဆောင်ရွက်လေ့ရှိသည်။
ရယူသည့် အတိုးနှုန်းများ
SFC   များသည် ဖောက်သည်များလိုအပ်သည့် ငွေကြေးများ ထောက်ပံ့ပေးခြင်း၊ လိုအပ်သည့် စတော့များ ချေးငှားပေးခြင်း၊ မိမိလိုအပ်သည့် စတော့များ ချေးယူခြင်းတို့အတွက် အတိုးနှုန်း များကိုသတ်မှတ်ထားသည်။ အတိုးနှုန်းများကို သတ်မှတ်သည့် ကာလအလိုက် ရယူလေ့ရှိပြီး သက်တမ်းမှာ အများအားဖြင့် ၇ ရက်၊ ၁၄ ရက်၊ ၂၈ ရက်၊ ၉၁ ရက်၊ ၁၈၂ ရက် စသည်ဖြင့် သတ်မှတ် ထားသည်။ 

Reference: Investment Guidebook

ထွန်းသက်ထွန်း