ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေး သည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရ သည်။ ကမ္ဘာ့ရွှေဈေးသည် နိုဝင်ဘာ ၂၁ ရက်တွင် ရွှေတစ်အောင်စ လျှင် အမေရိကန်ဒေါ်လာ ၂၆၆၃ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာ ၂၇ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၂၆၄၇ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်း ရွှေဈေးသည်လည်း နိုဝင်ဘာ ၂၁ ရက်တွင် အခေါက်ရွှေ တစ် ကျပ်သားလျှင် ကျပ် ၆၂၀ဝ၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာ ၂၇ ရက်တွင် ကျပ် ၆၁၈၀ဝ၀ဝ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။
Trading Economicsတွင် ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် ွီဏ သည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် USD ၆၄ဒသမ၇၅ ဘီလီယံ ရှိလာ ရန် မျှော်မှန်းထားကြောင်းTrading Economics global macro model နှင့် ဆန်းစစ်လေ့လာသူများ၏ ခန့်မှန်းချက်အရ သိရှိရ သည်။ Econometric Model အရ မြန်မာနိုင်ငံ၏GDP သည် ၂၀၂၅ ခုနှစ်တွင်USD ၆၆ဒသမဝ၅ ဘီလီယံနှင့် ၂၀၂၆ ခုနှစ်တွင်USD ၆၇ဒသမ၃၇ ဘီလီယံဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရ သည်။
၂၀၂၃ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ စက် တင်ဘာလ အစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ပြည် တွင်းအသားတင်ထုတ်လုပ်မှု (GDP) တိုးတက်မှုနှုန်းသည် ၂ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက် GDP တိုးတက် မှုနှုန်းသည် ၃ ဒသမ ၂ ရာခိုင်နှုန်း ရှိလာမည်ဖြစ်ကြောင်း ခန့် မှန်းထားသည်ကို တွေ့ရှိရသည်။ ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လို အား ပြောင်းလဲမှုပေါ်လိုက်၍ နိုဝင်ဘာ ၂၁ ရက်မှ နိုဝင်ဘာ ၂၇ ရက်ထိ ရက်သတ္တပတ်အတွင်း ၄၄၉၀- ၄၅၀ဝ ကျပ်ကြား ရှိနေကြောင်း သိရှိရ သည်။
Background