ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်တွင်Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ပါကစ္စတန်ဆန် ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၉ ဖြင့် လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၂၅ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၅၃၁ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၆ ဖြင့် လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၉၁ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၅၂၂ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည် ကို လေ့လာသိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင် နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၄ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၈၉ ဖြင့်လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ပေါင်းဆန် ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၀ ဖြင့် လည်း ကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်း နှင့် ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်းများမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာမှ ၇ ဒေါ်လာ သို့ ပြန်လည်မြင့်တက် လာကာ အလားတူ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့၏ ဆန်ဈေးနှုန်း များမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂ ဒေါ်လာမှ ၄ ဒေါ်လာ အသီးသီးမြင့်တက်ပြီး ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။
ပြည်ပဆန်ဈေးကွက် သတင်းအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် ၂၀၂၄ ခုနှစ်တွင် ဆန်မက်ထရစ်တန်ချိန် ၅ ဒသမ ၁ သန်းအထိ တင်သွင်းရဖွယ်ရှိပြီး အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ခန့်မှန်း ဆန်တန်ချိန် ၄ ဒသမ ၉ သန်းထက် သုည ဒသမ ၂ သန်း ပိုမိုလိမ့်မည်ဟု အမေရိကန် စိုက်ပျိုးရေးဦးစီးဌာန USDA လက်အောက်ရှိ နိုင်ငံခြားစိုက်ပျိုးရေးဝန်ဆောင်မှုဌာန FAS က ပြောကြားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ FAS ဌာန၏ နောက်ဆုံး ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖိလစ်ပိုင်နိုင်ငံ၏ လူဦးရေတိုး ပွားမှုနှင့် သွင်းကုန်ခွန်များ လျှော့ချမှုတို့အရ ယခင်ခန့်မှန်းထား သည့် ဆန်တန်ချိန်ထက် ပိုမိုတင်သွင်းမည်ဖြစ်ကြောင်း၊ ယခုနှစ် တွင် ဖိလစ်ပိုင်အနေဖြင့် ဆန်တင်သွင်းမှု၏ ၈၀ ရာခိုင်နှုန်းကျော်ကို ဗီယက်နမ်နိုင်ငံထံမှ အဓိကရယူတင်သွင်းခဲ့ကြောင်း သိရှိရသည်။
ဗီယက်နမ်နိုင်ငံသည် ဆန်စပါးထုတ်လုပ်မှု အနည်းငယ် ကျဆင်းခဲ့သော်လည်း အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံထံမှ တင် သွင်းရယူလျက် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့ အပါအဝင် အဓိက ဆန်တင်သွင်းသည့်နိုင်ငံများ၏ ဝယ်လိုအားကို ပြည့်မီအောင် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုမှာ တန်ချိန် ၈ဒသမ ၉ သန်းသို့ စံချိန်တင်ရောက်ရှိနိုင်ကြောင်း၊ ကမ္ဘာ့ဆန်ဈေးကွက်သို့ အိန္ဒိယ နိုင်ငံမှ ဆန်များ ပြန်လည်ဝင်ရောက်လာခြင်းကြောင့် အာရှဒေသရှိ ဆန်တင်ပို့သူများအပေါ် ဈေးနှုန်းများကို ကျဆင်းစေသည့် ဖိအားအဖြစ် သက်ရောက်ခဲ့သော်လည်း ဗီယက်နမ်နိုင်ငံသည် အဓိက ဆန်တင်ပို့သူအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရှိရသည်။ ဖိလစ်ပိုင်နိုင်ငံအတွက် ဗီယက်နမ်ဆန်သည် ထောက်ပံ့ပို့ဆောင် ရေး ထိရောက်မှု၊ အပြိုင်အဆိုင် ဈေးနှုန်းများကြောင့် ဆွဲဆောင်မှု တစ်ခု အဖြစ်ရှိနေပြီး ပြည်တွင်း၌ ပရီမီယံဆန်မျိုးများ ဝယ်လိုအား မြင့်တက်လာသည်ဟု င်္ဗှ ဌာန၏ အစီရင်ခံစာတွင် ဖော်ပြထား သည်ကို တွေ့ရှိရသည်။ မကြာမီကာလအတွင်း ဖိလစ်ပိုင်နိုင်ငံ သည် ဗီယက်နမ်ဆန်ကို စွဲမြဲစွာဝယ်ယူသည့် နိုင်ငံဖြစ်လာမည့် အလားအလာရှိကြောင်း သိရှိ ရသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ (ယာယီ) စာရင်းများအရ မြန်မာနိုင်ငံမှလည်း ဖိလစ်ပိုင်နိုင်ငံသို့ ဆန်၊ဆန်ကွဲ တန်ချိန် ၁၃၉၁၅၀၊ အမေရိကန် ဒေါ်လာ ၆၇ သန်းခန့် တင်ပို့လျက်ရှိကြောင်း သိရှိရသည်။
ပြည်တွင်းဆန်ဈေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၏ ဆန်ဈေးကွက်(လက်ကားဈေး)တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ် လျှင် ကျပ် ၁၁၅၀ဝ၀ မှ ၁၂၅၀ဝ၀ ပေါက်ဈေးရှိပြီး ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်လျှင် ကျပ် ၁၄၀ဝ၀ဝ မှ ၁၅၀ဝ၀ဝ ပေါက်ဈေးရှိသည်။ ဆန်ကြမ်းဖြစ်သော ဧည့်မထ ၂၅ မှတ်တန်ဆန်နှင့် ငစိန်ဆန် တစ် အိတ်လျှင် ကျပ် ၇၁၀ဝ၀ မှ ၇၃၀ဝ၀ ကြား ပေါက်ဈေးရှိကြောင်း သိရှိရသည်။
ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဆန်၊ဆန်ကွဲ တင်ပို့ နိုင်မှု တန်ချိန် ၈၉၅၂၅၆ ဒသမ ၉၂၇ ကျော် ပိုမိုခဲ့ပြီး ယခုတစ်ပတ် တွင် ဧည့်မထဆန်၊ ပေါင်းဆန်နှင့် ပေါ်ဆန်းဆန် အမျိုးအစားတို့ တင်ပို့ခဲ့ပြီး ဆန်အမျိုးအစားများ၏ ပြည်ပပို့ကုန် ဆန်ဈေးနှုန်းတွင် လည်း ယခင်နှစ်ကာလတူ နိုဝင်ဘာလ နောက်ဆုံးပတ်ထက် ၂ ရာခိုင်နှုန်းခန့် ပိုမိုရရှိသဖြင့် ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှာ တန်ဖိုး အားဖြင့် ကာလတူထက် အမေရိကန်ဒေါ်လာ ၄၂၁ သန်းကျော် ပိုမိုရရှိသည်။
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်း များအရ ဆန်ချောတစ်အိတ်လျှင် ၂၇၃ ယွမ် ဝန်းကျင်ရှိပြီး (ပြင်ပ ငွေလဲနှုန်း တစ်ယွမ်လျှင် ၆၂၉ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ် အိတ်လျှင် ကျပ် ၁၇၀ဝ၀ဝ ကျော်) ပေါက်ဈေးရှိကြောင်း သိရှိရ သည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်း အနေဖြင့် တစ်ဘတ်လျှင် ၁၂၉ ကျပ်နှုန်း ပေါက် ဈေးရှိကြောင်း သိရှိရပါသည်။
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ် ပေါ်နေသော ဧည့်မထဆန်ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် လွိုင်ကော်မြို့တွင် ကျပ် ၆၀ဝ၀ ဖြင့် အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး ပြည်မြို့တွင် ဧည့်မထဆန် တစ် ပြည်လျှင် ကျပ် ၃၀ဝ၀ ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့ သည်ကို တွေ့ရှိရသည်။
Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ယခု တစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် ပါက သုည ဒသမ ၃၃ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်လျက်ရှိ ကြောင်း သိရှိရသည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ် တွင် နိုင်ငံတကာ ဆန်ဈေးနှုန်းများ အတက်၊ အကျ ပြောင်းလဲမှုများ ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်၊ အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်ပါသည်။
P&S