ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာ ကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိ သည့် ဈေးနှုန်းများ အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၅ နိုင်ငံအနက် ဖင်လန်နိုင်ငံသည် ယခု တစ်ပတ်တွင် ၉ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့် ဆုံးနိုင်ငံ ဖြစ်ခဲ့ပြီး ကနေဒါနိုင်ငံတွင် ၂ ဒသမ ၁၀ ရာခိုင်နှုန်း၊ သြစတြေးလျနိုင်ငံတွင် ၁ ဒသမ ၉၀ ရာခိုင်နှုန်းနှင့် Estonia နိုင်ငံတွင် ၁ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်း မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၂၅ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
Global Petrol Prices Website ၏ ယခုတစ်ပတ်အတွက် နိုဝင် ဘာ ၂၅ ရက် ဖော်ပြချက်၌ မြန်မာ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဂျပန်၊ ပါကစ္စတန်၊ ဒိန်းမတ်၊ ကင်ညာနှင့် ဇင်ဘာဘွေ စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၈၇ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများ အတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီ ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရသည်။
ဓာတ်ဆီဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အမေရိကန်၊ ပိုလန်၊ ဆွီဒင်နှင့် ဆွစ်ဇာလန် စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၃ ဒသမ ၇၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်Global Petrol Prices Websiteတွင် ဖော်ပြထားရှိသည့် ဓာတ်ဆီ ဈေးနှုန်းများ အနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ထိုင်းနိုင်ငံတွင် သုည ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံတွင် သုည ဒသမ ၄၀ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံတွင် သုည ဒသမ ၉၀ ရာခိုင်နှုန်းနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် ၂ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။
ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၅ နိုင်ငံအနက် ဖင်လန်နိုင်ငံသည် ယခုတစ်ပတ်တွင် ၁၁ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံများ ဖြစ်ခဲ့ပြီး တူရကီ (တူကီယဲ)နိုင်ငံတွင် ၃ ဒသမ ဝ၀ ရာခိုင်နှုန်း၊ မက်ဆီဒိုးနီးယား နှင့် နယ်သာလန်နိုင်ငံတို့တွင် ၂ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၃၄ နိုင်ငံရှိ ကြောင်း တွေ့ရှိရသည်။
Global Petrol Prices Website ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း မြန်မာ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ တရုတ်၊ ဟောင်ကောင်၊ ဒိန်းမတ်၊ အီဂျစ်၊ အီတလီ၊ ဂျော်ဒန်၊ ကင်ညာ၊ ကူဝိတ်၊ သီရိလင်္ကာနှင့် ဇင်ဘာဘွေ စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၈၁ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဒီဇယ်ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရ သည်။
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဆွစ်ဇာလန်၊ ပိုလန်နှင့် ဆွီဒင် စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံရှိပြီး ယခင် တစ်ပတ်ဈေးနှုန်းထက် သုည ဒသမ ၃၀ ရာခိုင်နှုန်းမှ ၅ ဒသမ ၂၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံး ဆီဈေးနှုန်းများမှာ နိုဝင်ဘာ ၂၈ ရက်တွင် အောက်တိန်း-၉၂ တစ် လီတာလျှင် ၂၉၅၅ ကျပ်၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ကျပ် ၃၁၅၀၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၆၂၀ နှင့် ပရီမီယံဒီဇယ် တစ် လီတာလျှင် ၃၂၅၅ ကျပ် အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချလျက် ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၄၁၀ဝ၊ ဒီဇယ် တစ် လီတာလျှင် ကျပ် ၃၉၅၀၊ ကလေးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃၈၆၀၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၃၃၃၀ ဖြင့် အမြင့်ဆုံး ဖြစ် ပေါ်နေပြီး ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃၁၅၀၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၆၂၀၊ ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာ လျှင် ကျပ် ၃၁၆၀၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၃၆၃၀ ဖြင့် အနည်း ဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး များ၏ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၅၀ နှင့် ဒီဇယ် တစ် လီတာလျှင် ၅၅ ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း လေ့လာ သုံးသပ် တင်ပြအပ်ပါသည်။
P&S