ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၃၀ဝ ကျော်ရှိခဲ့ ကြောင်း ရန်ကုန်စတော့အိတ်ချိန်း YSX မှ သိရသည်။
အဆိုပါ ကာလအတွင်း အရောင်းအဝယ်ဖြစ်ခဲ့သည့် ရှယ်ယာ အစောင်ရေ စုစုပေါင်း ၁၁၂၆၅၆ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၃၅၈ ဒသမ ဝ၇၈ သန်းရှိခဲ့ခြင်းဖြစ်သည်။
ယင်းနှစ်လတာကာလအတွင်း ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာ ရောင်းချနိုင်မှုအနေဖြင့် First Myanmar Investment(FMI)က အစုရှယ် ယာ ၆၅၀ဝ စောင်ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၅၅ ဒသမ ၄၆ သန်း၊ Myanmar Thilawa SEZ Holdings Public (MTSH) က အစုရှယ်ယာ ၃၄၈၈၇ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၁၇ ဒသမ ဝ၅၁ သန်း ရရှိခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB) က အစုရှယ်ယာ ၅၅၇ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ် ၄ ဒသမ ၇၃၉ သန်း၊ ပထမပုဂ္ဂလိကဘဏ်(FPB က အစုရှယ်ယာ ၂၁၃၁၇ စောင် ရောင်းချနိုင် ခဲ့ပြီး တန်ဖိုး ကျပ် ၄၁ ဒသမ ၁၄၉ သန်းရရှိခဲ့သည်။
ထို့အတူTMH Telecom Public(TMH) က အစုရှယ်ယာ ၃၆၉၁ စောင်ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၉ ဒသမ ၉၃၅ သန်း၊ Ever Flow River Group Public(EFR) က အစုရှယ်ယာ ၁၆၀၉၁ စောင် ရောင်းချနိုင် ခဲ့ပြီး တန်ဖိုး ကျပ် ၂၇ ဒသမ ဝ၃၉ သန်း ရရှိခဲ့သည်။
ကိုတိုး