Main menu

Background

ပို့ကုန်အရည်အသွေးမြှင့်တင်ရေး ရန်ကုန်တိုင်းဒေသကြီးတွင် ပဲတီစိမ်းစိုက် တောင်သူများအား GAP-GHP သင်တန်းပေး

Mon, 01/06/2025 - 14:38 -- journal_editor

အရည်အသွေးမီ   ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရန်အတွက် ၂၀၂၄-၂၀၂၅  ရာသီအတွက်    ပဲတီစိမ်းစိုက် တောင်သူများအား GAP-GHP) နည်း စဉ်များအတိုင်း စိုက်ပျိုးနိုင်စေရန် ရည် ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး စားသုံး သူရေးရာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီး ဌာနတို့ပူးပေါင်း၍ တောင်သူပညာပေး  သင်တန်းများကို ဒီဇင်ဘာလ  ဒုတိယ ပတ်တွင်    ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သန်လျင်မြို့နယ် နှင့်  သုံးခွမြို့နယ်တို့တွင် သုံးရက်ကြာ သင်တန်းပေးခဲ့သည်။ 
ထိုသင်တန်းများကို စားသုံးသူ ရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသ ကြီးဦးစီးမှူး    ဦးကျော်ကျော်လွင်နှင့် အရာထမ်း၊ အမှုထမ်းများ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပံ့ပိုးကူညီ ပေးသော ကုမ္ပဏီများမှ တာဝန်ရှိသူများ နှင့် တောင်သူများ စုစုပေါင်း ၅၂၃ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။ 
သင်တန်း ဖွင့်လှစ်ရသည့် ရည် ရွယ်ချက်မှာ ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်‌ဖောက်ရန်အတွက် မြန်မာ့ ပဲတီစိမ်းများ  တင်ပို့ရာတွင် တစ်နှစ် ထက်တစ်နှစ် ပိုမိုတင်ပို့ရောင်းချနိုင်ရေး အတွက်  ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။ 
၂၀၂၄-၂၀၂၅ ပဲရာသီ အဆိုပြု ထားရှိသည့်  ကုမ္ပဏီများနှင့် ညှိနှိုင်း ဆွေးနွေးခဲ့မှုအရ ကောင်းမွန်သောစိုက် ပျိုးရေးစနစ် (ွဗဏ)၊ ကျန်းမာရေးနှင့် အညီ သန့်ရှင်းသော စိုက်ပျိုးထုတ်လုပ်မှု စနစ်(ွံဏ)နှင့် စိုက်ပျိုးထုတ်လုပ်နိုင် ရေးအတွက်   အဆိုပြု ရွေးချယ်ထား သည့် ပဲတီစိမ်း စိုက်ကွင်းများအလိုက် ရွေးချယ်ထားသော တောင်သူများအား သင်တန်းပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
၂၀၂၄-၂၀၂၅    ရာသီအတွက် ရန်ကုန်တိုင်းဒေသကြီး     သန်လျင်၊ ခရမ်း၊ ကျောက်တန်းနှင့် သုံးခွမြို့နယ် တို့တွင် ပဲတီစိမ်းဧကစုစုပေါင်း ၃၇၂၄၇၂  ဧက စိုက်ပျိုးရန် လျာထားပြီး စိုက်ဧက စုစုပေါင်း ၃၄၈၈၈၆ ဧကရှိကြောင်း သိရ သည်။ 
ဒီဇင်ဘာလ  နောက်ဆုံးပတ်တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ဝင်ရောက် လာသည့် ပဲတီစိမ်း အမျိုးအစားအလိုက် ဈေးနှုန်းများမှာ ပဲတီစိမ်းအညာ တစ် ပိဿာလျှင် ကျပ် ၄၉၁၅ မှ  ၄၉၃၅ ထိ၊ ပဲတီစိမ်း   ခရမ်းရွှေဝါ  (ထိပ်စ)   တစ် ပိဿာလျှင်ကျပ် ၅၅၈၀၊ ပဲတီစိမ်းပဲခူး ရွှေဝါ တစ်ပိဿာလျှင်  ကျပ် ၅၂၅၀၊ ပဲတီစိမ်းဝါးခယ်မ င်္ဗျှ တစ်ပိဿာလျှင် ကျပ် ၄၆၆၅ မှ ၄၆၈၅ ထိနှင့် ပဲတီစိမ်း ဝါးခယ်မ  ျှ တစ်ပိဿာလျှင်  ကျပ် ၆၄၁၅ မှ ၆၄၃၅ ထိဖြစ်ကြောင်း  သိရ သည်။ 
ပဲတီစိမ်းများကို ပြည်ပသို့ တင်ပို့ ပါက   ဥရောပသမဂ္ဂရှိ   အင်္ဂလန်နှင့် နယ်သာလန်နိုင်ငံများသို့ အဓိကတင်ပို့ ကြောင်း သိရသည်။ ကောင်းမွန်သော စိုက်ပျိုးရေးစနစ်များဖြင့် စိုက်ပျိုးနိုင်ရန် အတွက် တောင်သူများအား ကြိုတင် အသိ ပညာပေးရန်၊ စုဆောင်းသူ၊ ဝယ် ယူသူများကိုလည်း   သိုလှောင်မှု၊ ပို့ ဆောင်မှုတို့အား  မှတ်တမ်းထားရှိစေ ရန်နှင့်လုပ်ငန်းဆောင်ရွက်သည့် စက်ရုံ များကိုလည်း ကျန်းမာရေးနှင့် ညီညွတ် သည့် အလေ့အကျင့်ရှိစေရန် စားသုံးသူ  ရေးရာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီး ဌာနတို့ပူးပေါင်းပြီး    သက်ဆိုင်ရာ ကုမ္ပဏီများ၏  ကူညီပံ့ပိုးမှုဖြင့် အသိ ပညာပေးဆောင်ရွက်လျက်   ရှိသော ကြောင့်  စနစ်တကျ စိုက်ပျိုးထုတ်လုပ် ပါက တောင်သူ၊  အဝယ်တော်၊ နိုင်ငံ တော်အတွက်    အကျိုးဖြစ်ထွန်းမည် ဖြစ်သည်။    
 

မြသူ (DOCA YGN)