Main menu

Background

၂၀၂၅ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့် ခုနှစ် သတ်မှတ်ချက်များ ထုတ်ပြန်

Mon, 01/06/2025 - 15:26 -- journal_editor

၂၀၂၅ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်   တင်သွင်းခြင်းတွင် ထုတ်လုပ်သည့် ခုနှစ်အား သတ်မှတ် သည့် အမိန့်ကြော်ငြာစာအား စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ (ခ)အရ     အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အမိန့်ကြော် ငြာစာကို ဒီဇင်ဘာ ၂၃ ရက်စွဲဖြင့် ထုတ် ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ်အတွက်  ပြည်ပမှ မော်တော်ယာဉ်   တင်သွင်းခြင်းတွင် ထုတ်လုပ်သည့် ခုနှစ်အား သတ်မှတ်ရာ တွင် လူစီးမော်တော်ယာဉ်များ ၂၀၂၄ ခုနှစ်မှ ၂၀၂၅ခုနှစ်အထိ၊ လုပ်ငန်းသုံး ယာဉ်များ (ကုန်တင်ယာဉ်/ခရီးသည် တင်ယာဉ်) ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အထိ၊ မီးသတ်ယာဉ်/လူနာတင်ယာဉ် ၂၀၁၆ခုနှစ်မှ ၂၀၂၅ခုနှစ်အထိ၊ ယန္တရား များ  ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ဖြစ်ကြောင်း   ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဖော်ပြပါယာဉ်များ   တင်သွင်းရာတွင် လက်ဝဲစတီယာရင် ယာဉ်များသာ တင် သွင်းခွင့်ပြုမည်ဖြစ်သည်။
အများပြည်သူသုံး လမ်းများပေါ် တွင် မောင်းနှင်အသုံးပြုခြင်း မရှိသည့် ပူးတွဲပါ လုပ်ငန်းသုံး ယန္တရားများအား လွန်ခဲ့သော ၁၅ နှစ်အတွင်း ထုတ်လုပ် သည့်ယာဉ်  (၂၀၁၁ ခုနှစ်နှင့်အထက် ထုတ်လုပ်သောယာဉ်) များအဖြစ် တင် သွင်းခွင့်ပြုမည်ဖြစ်သည်။
ယင်းအမိန့်ကြော်ငြာစာ ထုတ် ပြန်ချက်သည်  လုပ်ထုံးလုပ်နည်းအရ ပြက္ခဒိန်နှစ်အလိုက်  နှစ်စဉ်တင်သွင်း ခွင့်ပြုသည့် မော်တော်ယာဉ်ထုတ်လုပ် ခုနှစ် သတ်မှတ်ချက်အား ပုံမှန်ထုတ်ပြန် ခြင်းသာဖြစ်ပြီး   မော်တော်ယာဉ်တင် သွင်းမှုနှင့်စပ်လျဉ်း၍    လက်ရှိ ချမှတ် ဆောင်ရွက်နေသည့် မူဝါဒများ ပြောင်း လဲခြင်းမရှိဘဲ ဆက်လက်ကျင့်သုံးလျက် ရှိကြောင်း    စီးပွားရေးနှင့်   ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေး ထုတ်ပြန်ထားကြောင်း သိရသည်။

ကိုတိုး