Main menu

Background

‌ရွှေနှင့်အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းပြည်တွင်ဈေးနှုန်းကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်တင်ပြခြင်း

Tue, 01/07/2025 - 10:40 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကမ္ဘာ့နိုင်ငံရေး အခြေ အနေများကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို  တွေ့ရှိရသည်။  ကမ္ဘာ့ရွှေဈေးသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ရွှေတစ်အောင်စလျှင် အမေ ရိ ကန်ဒေါ်လာ ၂၆၁၈ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၆၃၆ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေး သည်လည်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၆၀၁၀ဝ၀ဝ ပေါက်ဈေးရှိခဲ့ရာမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ကျပ် ၆၀၈၀ဝ၀ဝ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။
Trading Economics တွင် ဖော်ပြချက်အရ မြန်မာနိုင်ငံ တွင် GDP သည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင်USD  ၆၄ ဒသမ ၇၅ ဘီလီယံရှိလာရန် မျှော်မှန်းထားကြောင်Trading Economics global macro model  နှင့် ဆန်းစစ်လေ့လာသူများ၏ ခန့်မှန်းချက် အရသိရှိရသည်။ Econometric Model  အရ မြန်မာနိုင်ငံ၏GDP  သည် ၂၀၂၅ ခုနှစ်တွင် ှီ့ ၆၆ ဒသမ ဝ၅ ဘီလီယံနှင့် ၂၀၂၆ ခုနှစ်တွင်USD၆၇ ဒသမ ၃၇ ဘီလီယံဝန်းကျင်ရှိမည်ဟု ခန့်မှန်း ထားကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)) ၏ စက်တင်ဘာလ အစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု GDP)) တိုးတက်မှုနှုန်းသည် ၂ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက်GDP တိုး တက်မှုနှုန်းသည် ၃ ဒသမ ၂ ရာခိုင်နှုန်း ရှိလာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်ကို တွေ့ရှိရသည်။
ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လိုအား ပြောင်းလဲမှုပေါ်လိုက်၍ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်ထိ ရက်သတ္တပတ်အတွင်း ၄၄၄၀- ၄၄၅၀ ကျပ်ကြား ရှိနေကြောင်း သိရှိရသည်။