ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် ွှ့ငေ ျွငခန နထစသမအနမ ဗျသခငအေငသည ျွှနဘျငအန တွင် ဖော်ပြချက်အရ ပါကစ္စတန်ဆန် ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၈ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၄၂၇ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရ သည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၃၇ ဖြင့် လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၃ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၇ ဖြင့် လည်းကောင်း၊ ပေါင်းဆန် တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၅၃၂ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာ သိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင် နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၂ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၇၉ ဖြင့်လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ပေါင်းဆန် ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၄၅ ဖြင့် လည်း ကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ ရှိရသည်။ Thai Rice Exporter Association တွင် ဖော်ပြချက်အရ ယခုတစ်ပတ် တွင် ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်းနှင့် ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်းနှင့် ဗီယက် နမ်၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့၏ ဆန်ဈေးနှုန်းများမှာ တည် ငြိမ်လျက်ရှိကြောင်း သိရှိရသည်။
ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ တွင် အရန်ရိက္ခာအဖြစ် သိုလှောင်ထားရှိမည့် ဆန်ပမာဏကို တန်ချိန် ၂ သန်း သတ်မှတ်ထားရာမှ ၂၀၂၅ ခုနှစ်မှစတင်၍ တန် ချိန် ၂ ဒသမ ၅ သန်းအထိ တိုးမြှင့်သိုလှောင်ရန် အစိုးရက စီစဉ် လျက်ရှိကြောင်း သိရှိရသည်။ ပိုမိုများပြားသည့် အရန်ဆန်ပမာဏ သည် နိုင်ငံ၏ စားနပ်ရိက္ခာထောက်ပံ့မှုအပေါ် ပြည်သူများ၏ ယုံကြည်မှုကို တိုးမြင့်လာစေမည်ဖြစ်ကြောင်း၊ အစိုးရ၏ အရန် ဆန်ပမာဏအား မြှင့်တင်ခြင်း သည် တောင်သူများထံမှ ဆန်စပါး များကို ပိုမိုဝယ်ယူမည့် အဓိပ္ပာယ်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ ၏ စားနပ်ရိက္ခာရေးရာဝန်ကြီးဌာနအနေဖြင့် အရန်ဆန် တန်ချိန် ၂ သန်းမှ တန်ချိန် ၂ ဒသမ ၅ သန်းအထိ တိုးမြှင့်မည့် အစီအစဉ်ကို သမ္မတထံ အဆိုပြုတင်ပြသွားမည်ဖြစ်ကြောင်း၊ စားနပ်ရိက္ခာဖူလုံ ရေးသည် သမ္မတ၏ ဦးစားပေး စဉ်းစားဆောင်ရွက်မည့် အရေးပါ သော လုပ်ငန်းရပ်ဖြစ်ကြောင်း သိရှိရသည်။
ဆန်ကို အဓိကစားနပ်ရိက္ခာအဖြစ် သတ်မှတ်သည့် အင်ဒို နီးရှားနိုင်ငံအနေဖြင့် လာမည့်နှစ်တွင် ပြည်ပမှဆန်တင်သွင်းမှု အပေါ် မှီခိုရန် လိုအပ်မည်မဟုတ်ဟု မျှော်လင့်ထားပြီး ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၃၂ သန်းအထိ ထုတ်လုပ်နိုင်ရန် ရည်မှန်း ချက် ချမှတ်ထားကြောင်း သိရှိရသည်။ အင်ဒိုနီးရှားနိုင်ငံ ဗဟို စာရင်းအင်းအေဂျင်စီ(BPS)၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်အတွက် တစ်နိုင်ငံလုံး ဆန်ထုတ်လုပ်မှုသည် တန်ချိန် ၃၀ ဒသမ ၃၄ သန်းအထိရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ် ဆန် ထုတ်လုပ်မှုသည် တန်ချိန် ၃၁ ဒသမ ၁၀ သန်းနှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၄၃ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရှိရသည်။
ပြည်တွင်း ဆန်ဈေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ ဆန်ဈေးကွက်(လက်ကားဈေး)တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ် လျှင် ကျပ် ၁၁၅၀ဝ၀ မှ ၁၂၅၀ဝ၀ ပေါက်ဈေးရှိပြီး ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်လျှင် ကျပ် ၁၄၀ဝ၀ဝ မှ ၁၅၀ဝ၀ဝ ပေါက်ဈေးရှိ သည်။ ဆန်ကြမ်းဖြစ်သော ဧည့်မထ ၂၅ မှတ်တန်ဆန်နှင့် ငစိန် ဆန် တစ်အိတ်လျှင် ကျပ် ၇၁၀ဝ၀ မှ ၇၃၀ဝ၀ ကြား ပေါက်ဈေးရှိ ကြောင်း သိရှိရသည်။
ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဆန်၊ဆန်ကွဲ တင်ပို့ နိုင်မှု တန်ချိန် ၁၀၆၆၂၉၅ ဒသမ ၃၂၂ ကျော် တင်ပို့ခဲ့ပြီး ဧည့်မထ ဆန်၊ ပေါင်းဆန်နှင့် ပေါ်ဆန်းဆန် အမျိုးအစားတို့ တင်ပို့ခဲ့ကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၈၂ သန်းကျော် ရရှိသည်။
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်း များအရ ဆန်ချောတစ်အိတ်လျှင် ၂၈၀ ယွမ် ဝန်းကျင်ရှိပြီး (ပြင်ပ ငွေလဲနှုန်း ၁ ယွမ်လျှင် ၆၁၁ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ် အိတ်လျှင် ကျပ် ၁၇၀ဝ၀ဝ ကျော်) ပေါက်ဈေးရှိကြောင်း သိရှိရ သည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် ၁ ဘတ်လျှင် ၁၃၁ ကျပ်နှုန်း ပေါက်ဈေး ရှိကြောင်း သိရှိရသည်။
တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ် ပေါ်နေသော ဧည့်မထဆန် ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် ကျိုင်းတုံမြို့တွင် ကျပ် ၄၈၀ဝ ဖြင့် အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး ပဲခူးနှင့် ပြည်မြို့တို့တွင် ဧည့်မထ ဆန် တစ်ပြည်လျှင် ကျပ် ၃၀ဝ၀ ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ် ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။
Thai Rice Exporter Association တွင် ဖော်ပြချက်အရ ယခု တစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် ပါက သုည ဒသမ ၆၁ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်လျက်ရှိ ကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် နိုင်ငံ တကာ ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ရှိသကဲ့ သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ် ပါသည်။
Background