ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့Global Petrol Prices Website တွင် ဖော်ပြထားရှိ သည့် ဈေးနှုန်းများ အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၅ နိုင်ငံအနက် ဇမ်ဘီယာနိုင်ငံသည် ယခု တစ်ပတ်တွင် ၃ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်ခဲ့ပြီး ဆူရီနမ်နိုင်ငံတွင် ၂ ဒသမ ၈၀ ရာခိုင်နှုန်း ဂျပန်နိုင်ငံတွင် ၂ ဒသမ ၇၀ ရာခိုင်နှုန်းနှင့် အာဂျင်တီးနားနိုင်ငံတွင် ၂ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၃၇ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
Global Petrol Prices Website ၏ ယခုတစ်ပတ်အတွက် ဒီဇင် ဘာ ၃၀ ရက် ဖော်ပြချက်၌ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တရုတ်၊ ဟောင်ကောင်၊ အန်ဒိုရာ၊ ဘရာဇီးလ်၊ ဆိုက်ပရက်စ်၊ ဒိန်းမတ်၊ အီကွေဒေါနှင့် ဟန်ဂေရီ စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၇၂ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီ ဈေးနှုန်းတည်ငြိမ်နေကြောင်း တွေ့ရှိရသည်။
ဓာတ်ဆီဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဗီယက်နမ်၊ မြန်မာ၊ အိုင်ယာလန်၊ နယ်သာလန်၊ ဂျော်ဒန်၊ ခရိုအေးရှား၊ ဆွစ်ဇာလန်နှင့် သြစတြီးယား စသည့်နိုင်ငံများ အပါအဝင် နိုင်ငံ ပေါင်း ၁၆ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၃ ဒသမ ၂၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။
အာဆီယံနိုင်ငံများ၏ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီဈေးနှုန်းများ အနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဗီယက်နမ်နိုင်ငံတွင် ၂ ဒသမ ၂၀ ရာခိုင်နှုန်းနှင့် မြန်မာ နိုင်ငံတွင် ၃ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ပြီး ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်းအပြောင်း အလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။
ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၅ နိုင်ငံအနက် ဟန်ဂေရီနိုင်ငံသည် ယခုတစ်ပတ်တွင် ၃ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံများ ဖြစ်ခဲ့ပြီး ဂျပန် နိုင်ငံတွင် ၃ ဒသမ ၂၀ ရာခိုင်နှုန်း၊ သြစတြေးလျနှင့် နော်ဝေ နိုင်ငံတွင် ၃ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်း မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၄၀ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
Global Petrol Prices Website ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တရုတ်(တိုင်ပေ)၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘယ်လ်ဂျီယံ၊ ဘူတန်၊ ဒိန်းမတ်၊ အီဂျစ်၊ ကင်ညာနှင့် မက္ကဆီကို စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၆၉ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများ အတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဒီဇယ်ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရသည်။
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဗီယက် နမ်၊ မြန်မာ၊ အိန္ဒိယ၊ နယ်သာလန်၊ ဆွီဒင်၊ ခရိုအေးရှား၊ အာဂျင်တီး နားနှင့် ဘာဗေဒို စသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံ ရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၄ ဒသမ ၃၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဒီဇယ်ဈေးနှုန်းများ အနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဗီယက်နမ်နိုင်ငံတွင် သုည ဒသမ ၅၀ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံတွင် သုည ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ ကျဆင်းခဲ့ပြီး ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရ ပါသည်။
ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီ ဈေးနှုန်းများမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် အောက် တိန်း-၉၂ တစ်လီတာလျှင် ကျပ် ၃၀၁၀၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ကျပ် ၃၁၂၀၊ ဒီဇယ် တစ်လီတာလျှင် ၂၆၃၅ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ကျပ် ၃၂၆၀ အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ကျိုင်းတုံမြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၄၀၅၀၊ ဒီဇယ် တစ် လီတာလျှင် ကျပ် ၃၉၀ဝ၊ ကလေးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၄၃၇၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၃၈၁၀ ဖြင့် အမြင့်ဆုံး ဖြစ် ပေါ်နေပြီး ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃၁၂၀၊ ဒီဇယ် တစ်လီတာလျှင် ၂၆၃၅ ကျပ်၊ ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာ လျှင် ၃၁၃၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၆၅၀ ဖြင့် အနည်း ဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ ပြည်တွင်းစက်သုံးဆီဈေး နှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၁၀ဝ နှင့် ဒီဇယ်တစ်လီတာလျှင် ၃၀ ကျပ် ဈေးနှုန်း ကျဆင်းလျက် ရှိကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။
P&S