Main menu

Background

ကုမ္ပဏီများနှင့် လွတ်လပ်သော ဒါရိုက်တာများ၏ အခန်းကဏ္ဍ(၂)

Tue, 01/07/2025 - 11:59 -- journal_editor

အောင်မြင်သည့် ကော်ပိုရိတ်စီမံခန့်ခွဲမှုစနစ် ဆိုသည်မှာ လွယ်လွယ်နှင့်မရရှိနိုင်ပါ။ ယှဉ်ပြိုင်မှုများ၊ အြွေကးများ၊ ရရန်ရှိ များ၊ သတင်းအချက်အလက်စနစ်များ၊ အစိုးရ၏စည်းမျဉ်းများ၊ အလုပ်သမား ပြဿနာများ၊ မီဒီယာများ၏ ဖိအားပေးမှုများ၊ ကုမ္ပဏီများ ပေါင်းစည်းရေး၊ ခွဲထွက်ရေးများနှင့် အမျိုးစုံကြုံတွေ့ရ နိုင်သည်။ ဤသည်ကို ဒါရိုက်တာအဖွဲ့အနေနှင့် တစ်ခုချင်း ကျိုး ကြောင်းညီညွတ်စွာ  ဖြေရှင်းသွားနိုင်ပါက  အောင်မြင်သည့် ကုမ္ပဏီကြီးများ ပေါ်ပေါက်လာမည်ဖြစ်သည်။
ထို့ကြောင့် ဒါရိုက်တာအဖွဲ့၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ကြီးကြပ်မှုစွမ်းရည်သည် လွန်စွာအရေးကြီးသည်။ လွတ်လပ်သော ဒါရိုက်တာများကို ရွေးချယ်ခန့်အပ်ရာတွင် ဥပဒေစည်းမျဉ်း စည်း ကမ်းများနှင့်အညီ ဖြစ်စေရေးအတွက် အရည်အချင်းများ သတ် မှတ်ပေးခြင်း၊ ဒါရိုက်တာအဖွဲ့အတွင်း အနည်းဆုံး ဆောင်ရွက် ပိုင်ခွင့်များကို သတ်မှတ်ပေးခြင်း စသည်တို့ကို သတ်မှတ် ပြဋ္ဌာန်း ပေးရန် လိုအပ်သည်။
လွတ်လပ်သောဒါရိုက်တာများ၏ တာဝန်များ
လွတ် လပ် သော ဒါရိုက်တာများသည် ဒါရိုက်တာအဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှု မူဝါဒများ၊ ဆုံးဖြတ်ချက်များ၊ မဟာဗျူ ဟာများကို  အပြုသဘောဆောင်သော အကြံပြုမှုများ၊ စောဒကတက်မှုများပြု လုပ်ခွင့်ရှိသည်။ ၎င်းတို့သည် စီမံအုပ်ချုပ်မှုအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်ချက်များကို စိစစ်အကဲဖြတ်ကာ ၎င်းအုပ်ချုပ်မှု အဖွဲ့ ဝင်များ၏ တာဝန်ယူမှုများကို ထိန်းချုပ်ကွပ်ကဲပိုင်ခွင့်ရှိသည်။ 
တစ်ခါတစ်ရံတွင် ကုမ္ပဏီ၏ ပေါင်းစည်းမှု အားနည်းသည့် အတွက် ၎င်းတို့၏ လွတ်လပ်စွာ ဆောင်ရွက်ခွင့်များ၊ ဆုံးဖြတ် ချက်ချမှုများကို ထိခိုက်စေမည်ဆိုပါက ၎င်းတို့အား ပိုမိုထိရောက် စွာ ဆောင်ရွက်နိုင်သည့် အခွင့်အရေးများ ပေးရန်လိုအပ်သည်။ ၎င်းတို့အနေနှင့် ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကျနစွာ  တာဝန်ယူနေနိုင်သမျှကာလပတ်လုံး လွတ်လပ်စွာ ဆောင်ရွက် နိုင်မှု အခွင့်အရေးများကို ပေးထားရမည်ဖြစ်သည်။ သို့မှသာ ၎င်းတို့ထံမှ တစ်မူထူးခြားသည့် စွမ်းဆောင်ရည်များကိုရရှိစေကာ ကုမ္ပဏီ၏ လုပ်ငန်းများကို ပိုမိုလွတ်လပ်စွာ ဖြေရှင်းဆောင်ရွက် နိုင်မည်ဖြစ်သည်။ 
လွတ်လပ်သော ဒါရိုက်တာများသည် လုပ်ရိုးလုပ်စဉ်များ အရ ကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့တို့အတွက် ပဋိပက္ခဆန်သည့်  သဘောတရား ရှိသော်လည်း လက်တွေ့တွင်မူ ၎င်းတို့ရှိခြင်း ကြောင့် ဒါရိုက်တာအဖွဲ့၏ စားပွဲပေါ်သို့ ပိုမို၍ လက်တွေ့ကျပြီး ကျိုးကြောင်း ဆီလျော်သည့်အလုပ်များကို ရရှိစေသည်။ တစ်ခါ တစ်ရံ ၎င်းတို့သည် အခြားသောဒါရိုက်တာအချို့နှင့် သဘောထား ကွဲလွဲကာ ဆန့်ကျင်ဘက် အနေအထားရှိနေလျှင်တောင် ယင်းသို့ တင်းမာမှုများသည် ကုမ္ပဏီ၏ ကောင်းကျိုးအတွက် အပြုသဘော ဆောင်သည့်   တင်းမာမှုဖြစ်သည်ဆိုခြင်းကို သဘောပေါက် လက်ခံရမည်ဖြစ်သည်။ ရေရှည်တွင် လွတ်လပ်သော ဒါရိုက်တာ များသည် ပိုမို၍ ညီညွတ်မျှတသော အမြင်များကို ယူဆောင်လာ နိုင်မည်ဖြစ်ပါသည်။
လွတ်လပ်သောဒါရိုက်တာများသည် ဥက္ကဋ္ဌနှင့် ဒါရိုက်တာ အဖွဲ့များ မပါဝင်သည့် သီးသန့် အစည်းအဝေးကို အနည်းဆုံး တစ်နှစ်တွင် တစ်ကြိမ် တွေ့ဆုံကျင်းပကာ လွတ်လပ်စွာပြန်လည် သုံးသပ်ရန်နှင့် ၎င်းတို့၏ ဆောင်ရွက်မှုများ၊ ဆုံးဖြတ်ချက်များကို ကုမ္ပဏီ၏ နှစ်ပတ်လည်အစီရင်ခံစာများတွင် ထည့်သွင်းအစီရင် ခံရန် လိုအပ်သည်။ တစ်ဖန် လွတ်လပ်ပြီး ကြိုးကိုင်မှုကင်းသည့် ဆုံးဖြတ်ချက်များကို ချမှတ်ကာ ရှယ်ယာရှင်များ၏ အကျိုးစီးပွား အတွက် အပြည့်အဝ တာဝန်ခံဆောင်ရွက်ရန်  လိုအပ်သည်။ ထို့အပြင် စီမံအုပ်ချုပ်မှု အဖွဲ့ဝင်များအတွင်း တဖြည်းဖြည်းချင်း ကပ်ငြိပါလာနိုင်သည့် ကိုယ်ကျိုးဆောင်ရွက်မှုများ မဖြစ်ပေါ်စေ ရေး၊ ရှယ်ယာရှင်များအား အပြည့်အဝ တာဝန်ခံရေးတို့အတွက် အစွမ်းကုန် ဆောင်ရွက်ရမည့် တာဝန်များရှိသည်။
၎င်းတို့သည်ကုမ္ပဏီ၏ နှစ်ပတ်လည်အစည်းအဝေးများကို တက်ရောက်ရုံမျှမက အမှုဆောင် အနေအထား မဟုတ်သော အပိုင်း (non-executive role) တွင်လည်း ကုမ္ပဏီအကျိုးအတွက် ဝင်ရောက်ဆွေးနွေးရန် တာဝန်ရှိသည်။ သို့သော်လည်း ဤအနေ အထားသည် ကုမ္ပဏီတစ်ခုနှင့်တစ်ခု တူညီနိုင်မည် မဟုတ်ပါ။ ၎င်းတို့သည်  ကုမ္ပဏီမှ  ပြုစုတင်ပြလာသည့် အစီရင်ခံစာများကို ပုံမှန်ဖတ်ရှုကာ ဥပဒေကြောင်းအရ လိုက်နာရန်ရှိသော စည်းမျဉ်း များ Legal Compliance) ကို လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ သုံးသပ်အကဲဖြတ်ကာ ပြုပြင်ရန်ရှိသော ကိစ္စများ၊ ချို့ယွင်းချက် များရှိပါက အချိန်မီ ပြုပြင်ထောက်ပြသွားရန် တာဝန်ရှိသည်။
စိတ်ဝင်စားဖွယ်ကောင်းသည့်၊ မှတ်သားသင့်သည့် အချက် တစ်ခုမှာ လွတ်လပ်သောဒါရိုက်တာများကို ခန့်အပ်ရာတွင် အဖွဲ့ အစည်းများဆိုင်ရာလိုက်နာရမည့် လမ်းညွှန်ချက်များ Insti- tutional Guidance) ) ကို အပြည့်အဝ လိုက်နာကြရန်အတွက် တွန်းအားပေးခြင်းဖြစ်သည်။ ဥပမာ- နယူးယောက် စတော့အိတ် ချိန်းတွင် စာရင်းတင်သွင်းကာ ရောင်းချမည့် ကုမ္ပဏီများအတွက် စံများသတ်မှတ်ရာတွင် ဒါရိုက်တာအဖွဲ့ဝင်များအတွင်း အရည် အချင်း ပြည့်ဝသည့် လွတ်လပ်သော ဒါရိုက်တာများ ခန့်အပ်ပါရှိရ မည်ဆိုသည့် အချက်တစ်ခုပါဝင်သည်။
လွတ်လပ်သော ဒါရိုက်တာများသည် ကုမ္ပဏီ၏ အရေးပါ သော ဆုံးဖြတ်ချက်ချမှုများတွင် ပါဝင်ဆောင်ရွက်ရုံမျှမက အကြီး တန်းအရာရှိများ၏  လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရန်လည်း တာဝန်ရှိသည်။ လွတ်လပ်သော ဒါရိုက်တာတစ်ဦးသည် ကုမ္ပဏီ ၏ အကြီးတန်းအရာရှိများ၊ အခြားသော ဝန်ထမ်းများနှင့် ပတ် သက် ဆက်နွှယ်မှုများ မရှိရန်လည်း ဒါရိုက်တာအဖွဲ့ အနေနှင့် သေချာစွာ  စိစစ်ရမည်ဖြစ်သည်။  သို့မှသာ လွတ်လပ်သော ဒါရိုက်တာများအနေနှင့် ကုမ္ပဏီ၏ အကျိုးစီးပွားကို ဝင်ရောက် စွက်ဖက်မှုကင်းစွာ၊ တရားမျှတမှုရှိ စွာ ဆောင်ရွက်နိုင်မည့်အပြင် အောက်ဖော်ပြပါ လုပ်ငန်းများကိုလည်း ကောင်းမွန်စွာ ဆောင် ရွက်နိုင်မည်ဖြစ်သည်-
    (၁)    ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့အစည်းအဝေးတွင်ပါဝင် တက်ရောက်ပြီး လွတ်လပ်သော ဆုံးဖြတ်ချက်များ ကို ချမှတ်ရမည်ဖြစ်သလို ကုမ္ပဏီ၏ မဟာဗျူဟာများ၊ မူဝါဒများ၊ လုပ်ငန်းဆောင်ရွက်မှုများ၊ တာဝန်ခံမှုများ၊ အရင်းအမြစ်စီမံခန့်ခွဲမှုများ၊ အဆင့်မြင့် အရာထမ်း ခန့်အပ်မှုများ၊ ကုမ္ပဏီ၏  စီမံခန့်ခွဲမှု စံချိန်စံညွှန်း များကို ပေါ်လွင်အောင် ဆောင်ရွက်ခြင်း၊
    (၂)    ကုမ္ပဏီအကျိုးစီးပွားအတွက် ကြုံတွေ့လာနိုင်သော အငြင်းပွားမှု၊  သဘောထားကွဲလွဲမှုများကို ကြိုတင် ကာကွယ်ခြင်း၊ တာဝန်ခံ ဖြေရှင်းခြင်း၊ 
    (၃)    ဒါရိုက်တာအဖွဲ့  ကော်မတီများဖြစ်သည့် စာရင်းစစ် ကော်မတီ၊ ဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲသည့် ကော် မတီ၊ အဆိုပြုရေးကော်မတီ  အစရှိသည်များတွင် ပါဝင်ဆောင်ရွက်ခြင်း၊
    (၄)    ကုမ္ပဏီ၏ ဆောင်ရွက်မှုများကို စိစစ်ခြင်း၊ ချမှတ် ထားပြီးဖြစ်သော ရည်မှန်းချက်များ အောင်မြင်မှု  ရှိ၊ မရှိ စိစစ်ခြင်းစတို့ ဖြစ်ပါသည်။
ထို့ကြောင့်   ကော်ပိုရေးရှင်းတစ်ခုတွင် လွတ်လပ်သော ဒါရိုက်တာများအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် အောက်ဖော်ပြ ပါ အရည်အချင်းများနှင့် ပြည့်စုံရန်လိုအပ်ပါသည်-
    (၁)    လွန်ခဲ့သည့် နှစ်များအတွင်း ကုမ္ပဏီတွင် ဝန်ထမ်း အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မဟုတ်ရပါ၊
    (၂)    ကုမ္ပဏီ၏  အဓိကကျသော ဖောက်သည် သို့မဟုတ် ထောက်ပံ့သူ မဟုတ်ရပါ၊
    (၃)    ကုမ္ပဏီနှင့်သော်လည်းကောင်း၊ ကုမ္ပဏီ၏ အဆင့် မြင့်အရာရှိတစ်ဦးဦးနှင့်သော်  လည်းကောင်း  ဝန် ဆောင်မှုစာချုပ်များ ချုပ်ဆိုဖူးသူ မဟုတ်ရပါ၊
    (၄)    ကုမ္ပဏီမှ လှူဒါန်းမှုများကို အဓိကလက်ခံနေသည့် အကျိုးအမြတ်ရယူခြင်းမရှိသော အဖွဲ့များနှင့် ဆက် နွှယ်သူမဖြစ်ရပါ၊
    (၅)    ကုမ္ပဏီတွင် လုပ်ကိုင်ဆောင်ရွက်နေသော  (သို့ မဟုတ်) တစ်နှစ်အတွင်း ဆောင်ရွက်ခဲ့သော အဆင့် မြင့်အရာရှိများ၊ စီအီးအိုများ၏ ဆွေမျိုးသားချင်းများ မဖြစ်စေရပါ၊
    (၆)    ကုမ္ပဏီမှ   လက်ရှိခန့်အပ်ထားသော (သို့မဟုတ်) ယခင်က ဆောင်ရွက်ခဲ့ဖူးသော စာရင်းစစ်အဖွဲ့ဝင် မဖြစ်စေရပါ။

 

ထွန်းသက်ထွန်း