သိပ်သည်းဆ ၁၉ ဒသမ ၂၅ နှင့်အထက်ရှိသော စံချိန်မီရွှေ တစ်ကျပ်သား (၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်)၏ ဈေးနှုန်း ကျပ် ၅၄၄၀ဝ၀ဝ ဖြစ်ကြောင်း ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီမှ သတ်မှတ်ထားကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အရေး ကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ)အရ ပြည်ထောင်စုအစိုးရ အဖွဲ့က အပ်နှင်းသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို ကျင့်သုံး၍ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုအဖြစ် သတ်မှတ် ခဲ့ပြီးနောက် နေ့စဉ် ရွှေရည်ညွှန်းဈေးနှုန်းအား သတ်မှတ်ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် စံချိန်မီရွှေ ရည်ညွှန်းဈေးအတိုင်း ရောင်းဝယ်ခြင်း မရှိသူများနှင့် ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားမှု မရှိသူများ အရေးယူခြင်းခံရ မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးကြေညာထားကြောင်း သိရသည်။
ကိုတိုး