ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တစ်နှစ်တာကာလအတွင်း စာရင်းဝင် ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၆၀ဝ၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း YSX မှ သိရသည်။
အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာ အစောင် ရေ စုစုပေါင်း ၂၁၄၆၈၆၂ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၆၄၀၉ ဒသမ ၂၁၃ သန်း ရှိခဲ့ခြင်းဖြစ်သည်။
ယင်းနှစ်လတာကာလအတွင်း ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာ ရောင်း ချနိုင်မှုအနေဖြင့် First Myanmar Investment(FMI) ) က အစုရှယ်ယာ ၁၆၁၄၄၇ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၄၀၂ ဒသမ ၃၄၃ သန်း၊ Myanmar Thilawa SEZ Holdings Public (MTSH) က အစုရှယ်ယာ ၇၅၉၄၅၁ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၃၉၁ ဒသမ ၂၉၆ သန်း ရရှိခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB) က အစုရှယ်ယာ ၁၆၄၄၁ စောင်ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ် ၁၃၃ ဒသမ ၈၀၄ သန်း၊ ပထမပုဂ္ဂလိက ဘဏ်(FPB) က အစုရှယ်ယာ ၆၆၈၈၂၃ စောင်ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၄၃ ဒသမ ၇၄၂ သန်း ရရှိခဲ့သည်။
ထို့အတူTMH Telecom Public(TMH) က အစုရှယ်ယာ ၃၈၀၁၇ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၀၆ ဒသမ ၅၀၉ သန်း၊ Ever Flovw River Group Public(EFR)က အစုရှယ်ယာ ၁၇၄၂၁၇ စောင်ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃၀၂ ဒသမ ၉၈၄ သန်း ရရှိခဲ့သည်။
ကိုတိုး