ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေး သည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရ သည်။ ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီ ၂၃ ရက်တွင် ရွှေတစ်အောင်စ လျှင် အမေရိကန်ဒေါ်လာ ၂၇၅၂ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ ဇန်နဝါရီ ၂၈ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၇၃၉ ဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်း ရွှေဈေးသည် လည်း ဇန်နဝါရီ ၂၃ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၆၄၀ဝ၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ ဇန်နဝါရီ ၂၈ ရက်တွင် ကျပ် ၆၂၇၀ဝ၀ဝ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေး ကွက်အတွင်းမှ သိရှိရသည်။
Trading Economics တွင် ဖော်ပြချက်အရ မြန်မာနိုင်ငံ တွင် ွီဏ သည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင်USD ၆၄ ဒသမ ၇၅ ဘီလီယံရှိလာရန် မျှော်မှန်းထားကြောင်းTrading Economics global macro model နှင့် ဆန်းစစ်လေ့လာသူများ၏ ခန့်မှန်းချက် အရ သိရှိရသည်။ Econometric Model အရ မြန်မာနိုင်ငံ၏GDP သည် ၂၀၂၅ ခုနှစ်တွင် ှီ့ ၆၆.ဝ၅ ဘီလီယံနှင့် ၂၀၂၆ ခုနှစ်တွင်USD၆၇ ဒသမ ၃၇ ဘီလီယံဝန်းကျင်ရှိမည်ဟု ခန့်မှန်း ထားကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB ၏ စက်တင်ဘာလ အစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု GDP)) တိုးတက်မှုနှုန်းသည် ၂ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက်GDP တိုး တက်မှုနှုန်းသည် ၃ ဒသမ ၂ ရာခိုင်နှုန်း ရှိလာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်ကို တွေ့ရှိရသည်။ ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လိုအား ပြောင်းလဲမှုပေါ်လိုက်၍ ဇန်နဝါရီ ၂၃ ရက်မှ ဇန်နဝါရီ ၂၈ ရက်ထိ ရက်သတ္တပတ်အတွင်း ၄၅၃၀-၄၅၄၀ ကျပ်ကြား ရှိနေကြောင်း သိရှိရ သည်။
Background