ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ဇန်နဝါရီ ၂၈ရက်တွင်Thai Rice Exporter Association Websiteတွင် ဖော်ပြချက်အရ ပါကစ္စတန်ဆန် ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၄၇ ဖြင့် လည်းကောင်း၊ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၇ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၈၃ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၉ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၁ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၀၄ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရသည်။
ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးလုပ်ငန်းဗျူရို၏ နောက်ဆုံးအကြိမ် ပြင်ဆင်ထုတ်ပြန်ခဲ့သောစာရင်းများအရ ၂၀၂၄ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဆန်တန်ချိန် ၄ ဒသမ ၇၈ သန်းကို စံချိန်တင် တင်သွင်းနိုင်ခဲ့ကြောင်းသိရှိရသည်။ အဆိုပါ ဗျူရိုသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့တွင် တင်သွင်းခဲ့သည့် စာရင်းများ ပြန်လည်စိစစ်ပြီးနောက် အစောပိုင်းကာလ၌ ထုတ်ပြန်ခဲ့သည့် ပမာဏတန်ချိန်၄ ဒသမ ၆၈၄ သန်းထက် ၂ ရာခိုင်နှုန်းခန့် ပိုမိုလျက် ၂၀၂၄ ခုနှစ်အတွင်း စုစုပေါင်း ဆန်တန်ချိန် ၄ ဒသမ ၇၈ သန်းကို တင်သွင်းခဲ့
သည်ဟု ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ဖိလစ်ပိုင်အစိုးရအနေဖြင့် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင်ဖြစ်ပေါ်ခဲ့သည့် ရာသီဥတု ဆိုးဝါးမှုများကြောင့် ပြည်တွင်းဆန်လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းနိုင်ရေးအတွက် ဆန်တင်သွင်းမှုများကို တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ဖိလစ်ပိုင်နိုင်ငံသမ္မတ ြမေခသျ ၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်ခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၆၂ အရ ဆန်တင်သွင်းမှုအခွန်နှုန်းကို ၃၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိလျှော့ချခဲ့ရာပုဂ္ဂလိကလုပ်ငန်းရှင်များအား ပြည်ပမှ ဆန်ပိုမိုဝယ်ယူတင်သွင်းရန်တွန်းအားပေးဖြစ်စေခဲ့ကြောင်း သိရှိရသည်။ ဖိလစ်ပိုင်နိုင်ငံ၏ဆန် ဈေးနှုန်းဖောင်းပွမှုသည် ၂၀၂၄ ခုနှစ် မတ်လ၌ ၂၄ ဒသမ ၄ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး အနေအထားရှိခဲ့ရာမှ ကျဆင်းမှုလမ်းကြောင်းပေါ်သို့ ရောက်ရှိလာပြီး ဒီဇင်ဘာလတွင် သုည ဒသမ ၈ရာခိုင်နှုန်းဖြင့် တည်ငြိမ်ခဲ့ကြောင်း၊ သို့ရာတွင် နှစ်အလိုက် ပျမ်းမျှဆန် ဈေးနှုန်း ဖောင်းပွမှုမှာ ၂၀၂၃ ခုနှစ်၌ ၈ ဒသမ ၁ ရာခိုင်နှုန်းရှိရာမှ ၂၀၂၄ ခုနှစ်တွင် ၁၅ ဒသမ ၈ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။
ပြည်တွင်းဆန်ဈေးကွက် သတင်းအနေဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်း၏ ဆန်ဈေးကွက်(လက်ကားဈေး)တွင် ပေါ်ဆန်းနယ်စုံ(အဟောင်း) (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှဆန်တစ်အိတ်လျှင် ကျပ် ၁၁၅၀ဝ၀ မှ ၁၂၅၀ဝ၀ ပေါက်ဈေးရှိပြီးရွှေဘိုပေါ်ဆန်း(အဟောင်း) ဆန် တစ်အိတ်လျှင် ကျပ် ၁၄၅၀ဝ၀မှ ၁၅၀ဝ၀ဝ ပေါက်ဈေးရှိသည်။ ဆန်ကြမ်းဖြစ်သော ဧည့်မထ ၂၅မှတ်တန်ဆန်နှင့် ငစိန်ဆန် တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ မှ၇၂၀ဝ၀ ကြား ပေါက်ဈေးရှိကြောင်း သိရှိရသည်။ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဆန်၊ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၁၀၁၅၄၄၃ဒသမ ၂၁၂ ကျော် တင်ပို့ခဲ့ပြီး ဧည့်မထဆန်၊ ပေါင်းဆန်နှင့် ပေါ်ဆန်းဆန် စသည့် အမျိုးအစားတို့ တင်ပို့ခဲ့ကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၄၃ သန်းကျော် ပိုမိုရရှိသည်။
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင်ဇန်နဝါရီ ၃၀ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဆန်ချော တစ်အိတ်လျှင် ၂၇၂ ယွမ် ဝန်းကျင်ရှိပြီး (ပြင်ပငွေလဲနှုန်း ၁ယွမ်လျှင် ၆၃၂ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ်အိတ်လျှင် ကျပ်၁၇၀ဝ၀ဝ ကျော်) ပေါက်ဈေးရှိကြောင်း သိရှိရသည်။ မြန်မာ-ထိုင်းနယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် တစ်ဘတ်လျှင် ၁၃၅ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်း
သိရှိရသည်။တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန် ဈေးနှုန်းများကို လေ့လာကြည့်ပါကဧည့်မထဆန် တစ်ပြည်လျှင် ကျိုင်းတုံမြို့တွင် ကျပ် ၅၂၀ဝ ဖြင့်အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး မော်လမြိုင်၊ ပဲခူးနှင့် ပြည်မြို့တို့တွင် ဧည့်မထဆန် တစ်ပြည်လျှင် ကျပ် ၃၀ဝ၀ ဖြင့် အနိမ့်ဆုံး ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသည် ။ Trading Economics Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၈၅ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းလျက် ရှိကြောင်းသိရှိရသည်။သို့ရာတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ် တွင်ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနှင့် ပါကစ္စ တန်နိုင်ငံတို့၏ ဆန်ဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ပြောင်းလဲမှုများစွာမရှိသကဲ့သို့ မြန်မာနိုင်ငံ၏ ပြည်တွင်း ဆန်ဈေးနှုန်းများမှာလည်းယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက များစွာပြောင်းလဲမှုများ မရှိကြောင်းသိရသည်။
P&S