Main menu

Background

စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ

Wed, 02/05/2025 - 11:15 -- journal_editor

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ဇန်နဝါရီ ၂၇ ရက်Global Petrol Prices Website  တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံ ပေါင်း ၁၂၁ နိုင်ငံအနက် အာဖဂန်နစ္စတန်နိုင်ငံသည် ယခုတစ်ပတ် တွင် ၄ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး ဆူရီနမ်နိုင်ငံတွင် ၃ ဒသမ ၂၀ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံ တွင် ၂ ဒသမ ၅၀ ရာခိုင်နှုန်းနှင့် သြစတြေးလျနိုင်ငံတို့တွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၄၁ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
Global Petrol Prices Website ၏ ယခုတစ်ပတ်အတွက် ဇန်န ဝါရီ ၂၇ ရက် ဖော်ပြချက်၌ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ ပါကစ္စတန်၊ ထိုင်ဝမ်၊ ဘာဗေဒို၊ ဘယ်လ်ဂျီယံ၊ ဘူလ်တန်၊ ဒိန်းမတ်၊ ကင်ညာနှင့် ဇင်ဘာဘွေ စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၆၁ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည် ငြိမ်နေကြောင်း တွေ့ရှိရသည်။ 
ဓာတ်ဆီဈေးနှုန်း  ကျဆင်းသွားသည့်  နိုင်ငံများအနေဖြင့် လာအို၊ ဗီယက်နမ်၊ ထိုင်း၊ ဆွစ်ဇာလန်၊ နော်ဝေ၊ စပိန်၊ ဆွီဒင်၊ ပေါ်တူဂီ၊ လူဇင်ဘတ်၊ ကနေဒါနှင့် မိုနာကို စသည့် နိုင်ငံများ အပါအဝင် နိုင်ငံ ပေါင်း ၁၉ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၂၀ ရာခိုင်နှုန်းမှ ၆ ဒသမ ၄၀ ရာခိုင်နှုန်းထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏  ဇန်နဝါရီ ၂၇ ရက်Global Petrol Prices Websiteတွင် ဖော်ပြထားရှိသည့် ဓာတ်ဆီဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် ၁ ဒသမ ၅၀ ရာခိုင် နှုန်းနှင့် ဖိလစ်ပိုင်နိုင်ငံတွင် ၂ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်း မြင့် တက်ခဲ့ပြီး လာအိုနိုင်ငံတွင် သုည ဒသမ ၂၀ ရာခိုင်နှုန်း၊ ဗီယက်နမ် နိုင်ငံတွင် သုည ဒသမ ၄၀ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံတွင် သုည ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ပြီး ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရ သည်။ 
ဒီဇယ်ဆီဈေးနှုန်းသည်  ဇန်နဝါရီ ၂၇ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၁ နိုင်ငံအနက် အာဖဂန်နစ္စတန်နိုင်ငံသည် ယခုတစ်ပတ်တွင် ၆ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံများ ဖြစ်ခဲ့ပြီး ပနားမားနိုင်ငံတွင် ၅ ဒသမ ၇၀ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံတွင် ၄ ဒသမ ၆၀ ရာခိုင်နှုန်း နှင့် မြန်မာနိုင်ငံတွင် ၃ ဒသမ ၉၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၄၂ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
Global Petrol Prices Website ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း  ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း၊ တရုတ်၊ ဟောင်ကောင်၊ ပါကစ္စတန်၊ ကိုလံဘီယာ၊ ဂျော်ဒန်၊ ကင်ညာ၊ နီပေါ၊ ပီရူး၊ သီရိလင်္ကာနှင့် ဇင်ဘာဘွေ စသည့်နိုင်ငံများ အပါအဝင် နိုင်ငံ ပေါင်း ၆၀ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲ ခြင်းမရှိဘဲ ဒီဇယ်ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရသည်။ 
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဆွစ်ဇာ လန်၊ ကနေဒါ၊ နယူးဇီလန်၊ ဆွီဒင်၊ နော်ဝေ၊ ဘယ်လ်ဂျီယံ၊ သြစတြီး ယား၊ ကာဂျစ္စတန်နှင့် မိုနာကို စသည့် နိုင်ငံများအပါအဝင် နိုင်ငံ ပေါင်း ၁၉ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၄ ဒသမ ၅၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏ ဇန်နဝါရီ ၂၇ ရက်Global Petrol Prices Website  တွင် ဖော်ပြထားရှိသည့် ဒီဇယ်ဈေးနှုန်းများအနေဖြင့် ယခင် တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် ၃ ဒသမ ၉၀ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံတွင် ၄ ဒသမ ၆၀ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံတွင် ၂ ဒသမ ၁၀ ရာခိုင်နှုန်း၊ လာအိုနိုင်ငံတွင် ၂ ရာခိုင်နှုန်းနှင့် မလေးရှား နိုင်ငံတွင် ၁ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့်  ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး  ကျန်အာဆီယံနိုင်ငံများတွင်  ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ် နေကြောင်း  လေ့လာတွေ့ရှိရသည်။
ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံး ဆီဈေးနှုန်းများမှာ ဇန်နဝါရီ ၃၀ ရက်တွင် အောက်တိန်း-၉၂ တစ် လီတာလျှင် ကျပ် ၃၁၃၀၊ အောက်တိန်း -၉၅ တစ်လီတာလျှင် ကျပ် ၃၂၀ဝ၊ ဒီဇယ် တစ်လီတာလျှင် ၂၈၆၅ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ် လီတာလျှင် ၃၅၂၅ ကျပ် အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ကလေးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၄၃၅၀၊ ဒီဇယ် တစ် လီတာလျှင် ကျပ် ၄၀၂၀၊ ဟားခါးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၃၆၀၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၃၂၇၀ ဖြင့် အမြင့်ဆုံး ဖြစ် ပေါ်နေပြီး ရန်ကုန်မြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၃၂၀ဝ၊ ဒီဇယ် တစ်လီတာလျှင် ၂၈၆၅ ကျပ်၊ ပြည်မြို့တွင် ဓာတ်ဆီ တစ် လီတာလျှင် ၃၂၀၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၇၈၆ ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။ 
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ ပြည်တွင်းစက်သုံးဆီဈေး နှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဓာတ်ဆီ တစ်လီတာလျှင် ၅၅ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၁၅၀ ကျပ် ဈေးနှုန်းမြင့်တက်လျက် ရှိကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။

 

p&S