ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန ပို့ကုန်သွင်းကုန်ရုံး ရန်ကုန် တိုင်းဒေသကြီးတွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု အခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၁၀) သင်တန်း ဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ် ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ သင်တန်းဆင်းပွဲ အခမ်းအနား သို့ ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာန လက်အောက်ရှိဦးစီးဌာနများမှ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်း ချုပ် (UMFCCI) မှ တာဝန်ရှိသူများ၊ အ ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံ သင်တန်းမှ သင်တန်းသားဟောင်းများ၊ သင်တန်းနည်းပြများနှင့် အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုအခြေခံ သင်တန်း အမှတ်စဉ် (၁၀)မှ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်းပွဲတွင် ညွှန်ကြား ရေးမှူးချုပ်က ပထမ၊ ဒုတိယ၊ တတိယ နှင့် စာတမ်း အကောင်းဆုံးဆု ရရှိသူ များအား အသီးသီး ဆုချီးမြှင့်ခဲ့ပြီး သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
TTI