သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာ နှင့်အထက်ရှိသော စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်)၏ ဈေးနှုန်း ကျပ် ၅၅၀ဝ၀ဝ၀ ဖြစ်ကြောင်း ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီမှ သတ်မှတ်ထားကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အရေး ကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)အရ ပြည်ထောင်စုအစိုးရ အဖွဲ့ကအပ်နှင်းသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကိုကျင့်သုံး၍ ဓာတ်သတ္တု (ရွှေ) ရောင်း ဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ခဲ့ပြီး နောက် နေ့စဉ် ရွှေရည်ညွှန်းဈေးနှုန်းအား သတ်မှတ်ထုတ်ပြန်လျက်ရှိကြောင်း သိရ သည်။
ထို့ပြင် စံချိန်မီရွှေ ရည်ညွှန်းဈေးအတိုင်း ရောင်းဝယ်ခြင်းမရှိသူများနှင့် ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားမှု မရှိ သူများ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးကြေညာထားကြောင်း သိရသည်။
ကိုတိုး